နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၅

From Wikisource
Jump to navigation Jump to search
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံသို့ ပေးပို့လိုက်သော သဝဏ်လွှာ  (1962) 
by ဗိုလ်နေဝင်း

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
(တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံသို့ ပေးပို့လိုက်သော သဝဏ်လွှာ)
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၅
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်။)

တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက၊ ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံသို့ ပေးပို့လိုက်သော သဝဏ်လွှာမှာ အောက်ပါအတိုင်းဖြစ်သည်။

နေ့စွဲ၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်။
သို့၊
ညောင်ရွှေစော်ဘွားကြီးနှင့် မဟာဒေဝီ၊
ခေတ္တရန်ကုန်။

စော်ဘွားကြီးနှင့် မဟာဒေဝီတို့ခင်ဗျား၊

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့လင်းအားကြီးအချိန်၌ တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ တပ်မတော်သားများ စော်ဘွားကြီးအိမ်သို့ လာရောက်တာဝန်ထမ်းဆောင်ချိန်တွင် စော်ဘွားကြီးသားဖြစ် သူ စပ်မြိမြိကွယ်လွန်အနိစ္စရောက်ကြောင်း သိရှိရပါသည်။

ဤသို့မမြှော်လင့်သော ကိစ္စအတွက် စော်ဘွားကြီးနှင့် မဟာဒေဝီတို့အား၊ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီဝင်များက အထူးပင်ဝမ်းနည်းကြေကွဲခြင်းဖြစ်မိကြောင်း ဤစာဖြင့်ရေးသားအကြောင်းကြား အပ်ပါသည်။

(ပုံ) ဗိုလ်နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော် တော်လှန်ရေးကောင်စီ။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။