နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂၂

From Wikisource
Jump to navigation Jump to search
“နိုင်ငံတော်သမတ” ဆိုသည့် စကားရပ်အစား၊ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို ထည့်သွင်းထားဘိသကဲ့သို့ မှတ်ယူရန် ကျေညာချက်  (1962) 

နိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
(“နိုင်ငံတော်သမတ” ဆိုသည့် စကားရပ်အစား၊ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို ထည့်သွင်းထားဘိသကဲ့သို့ မှတ်ယူရန် ကျေညာချက်)
နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၂၂
၁၃၂၃ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက၊ အောက်ပါအတိုင်းကျေညာလိုက်သည်။

ဤကျေညာချက်အာဏာတည်နေသမျှကာလပတ်လုံး၊ လက်ရှိတရားဥပဒေများတွင် ပါရှိသည့် “နိုင်ငံတော်သမတ” ဆိုသည့် စကားရပ်အစား၊ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို ထည့် သွင်းထားဘိသကဲ့သို့ မှတ်ယူရမည်။

ဤကျေညာချက်သည်၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်အာဏာတည်ရမည်။

(ပုံ) ဗိုလ်နေဝင်း၊
ဗိုလ်ချုပ်ကြီး၊
ဥက္ကဋ္ဌ၊
နိုင်ငံတော် တော်လှန်ရေးကောင်စီ။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။