နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂၁

From Wikisource
Jump to navigation Jump to search
ချင်းရေးရာဦးစီးအဖွဲ့သစ်ဖွဲ့စည်းခြင်း  (1962) 

နိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ချင်းရေးရာဦးစီးအဖွဲ့သစ်ဖွဲ့စည်းခြင်း
နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၂၁
၁၃၂၃ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၉ ရက်။)

(က) နိုင်ငံတော် တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော “ချင်းရေးရာဦးစီးအဖွဲ့” ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၉ ရက် မွန်းလွဲပိုင်းအချိန်မှစ၍ ဖွဲ့စည်းလိုက်ပြီး ဖြစ်ကြောင်း ကျေညာအပ်ပါသည်။

ဦးစီးအဖွဲ့ဥက္ကဋ္ဌ – ဦးဆန်ခိုလျှံ။

အဖွဲ့ဝင်များ

(၁) ဦးပွတ်ပါး။
(၂) ဦးတင်ဇမ်း။
(၃) ဦးဝမ်းသူဟာရှင်။
(၄) ဒု-ဗိုလ်မှူးကြီး စောမောင်ထွန်း။

(ခ) နိုင်ငံတော် တော်လှန်ရေးကောင်စီသည်၊ ချင်းရေးရာဦးစီးအဖွဲ့ဥက္ကဋ္ဌအား၊ ၁၉၆၂ ခုနှစ်၊ မတ်လ ၉ ရက်မွန်းလွဲပိုင်းမှစ၍ ချင်းရေးရာဝန်ကြီး၏အာဏာများနှင့် အလုပ်ဝတ္တရားများကို ပေးအပ်လိုက်သည်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။