နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂၃

From Wikisource
Jump to navigation Jump to search
အစိုးရ၏အုပ်ချုပ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်ကျေညာချက်  (1962) 

နိုင်ငံတော် တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
အစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်ကျေညာချက်
နိုင်ငံတော်တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၂၃
၁၃၂၃ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီဥက္ကဋ္ဌက၊ အောက်ပါအတိုင်းကျေညာလိုက်သည်။

(၁) အစိုးရ၏အုပ်ချုပ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို၊ နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၏အမည်ဖြင့် အရေးယူဆောင်ရွက်သည်ဟု ဖေါ်ပြရမည်။

(၂) အစိုးရ၏အမိန့်ဖြင့်၊ သို့တည်းမဟုတ် အစိုးရ၏ကိုယ်စားဆင့်ဆိုသည့် အမိန့်အားလုံးကိုသော်၎င်း၊ စာချွန်တော်အားလုံးကိုသော်၎င်း နိုင်ငံတော် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ကဖြစ်စေ၊ ၎င်း၏အမိန့်အရ ဖြစ်စေ ဆင့်ဆိုသည်ဟုထုတ်ဖေါ်ရေးသားရမည်။

(၃) အရာရှိတဦးဦးအား၊ အစိုးရ၏အမိန့်ကို၊ သို့တည်းမဟုတ် စာချွန်တော်ကိုလက်မှတ်ရေးထိုးရန် အထူးအာဏာအပ်နှင်းထားသည့် အချက်များတွင်မှတပါး၊ ယင်းသို့သောအမိန့်၊ သို့တည်းမဟုတ် စာချွန်တော်အသီးသီးကို၊ သက်ဆိုင်သည့်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဆိုင်ရာအတွင်းဝန်ချုပ်၊ အတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ဒုတိယအတွင်းဝန်၊ လက်ထောက်အတွင်းဝန်၊ နိုင်ငံခြားရေးရုံးရှိ အမှုဆောင်အတွင်း ဝန်၊ ဌာနခွဲမှူး၊ ဒုတိယဌာနခွဲမှူး၊ သို့တည်းမဟုတ် လက်ထောက်ဌာနခွဲမှူးက လက်မှတ်ရေးထိုးရမည်။ ယင်းသို့သောလက်မှတ်များမှာ၊ အဆိုပါအမိန့်၊ သို့တည်းမဟုတ် စာချွန်တော်ဟုတ်မှန်ကြောင်း နည်းလမ်းတကျ ထင်ရှားစေသည့် သက်သေခံဖြစ်သည်ဟု မှတ်ယူရမည်။

ပြည်ထဲရေးဝန်ကြီးဌာန (အထွေထွေဌာနခွဲ) ၏ ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် (၁၉၄၈ ခုနှစ်၊ ဇန္နာဝါရီလ ၄ ရက်)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၃ ဖြင့် ထုတ်ပြန်ကျေညာသည့် ၁၉၄၈ ခုနှစ်၊ အမိန့်အမှတ် ၁ ကို ရုပ်သိမ်းလိုက်သည်။


(ပုံ) ဗိုလ်နေဝင်း၊
ဗိုလ်ချုပ်ကြီး၊
ဥက္ကဋ္ဌ၊
နိုင်ငံတော် တော်လှန်ရေးကောင်စီ။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။