နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၂

From Wikisource
Jump to navigation Jump to search
ကျန်ရှိနေသေးသော ဝန်ကြီးဌာနများအတွက် တာဝန်ပေးခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ကျန်ရှိနေသေးသော ဝန်ကြီးဌာနများအတွက် တာဝန်ပေးခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၂
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၅ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၂၊ နေ့စွဲ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် မပါဝင်ဘဲ ကျန်ရှိနေသေးသည့် ဝန်ကြီးဌာနများကို၊ အောက်ဖေါ်ပြပါ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များက ပူးတွဲထမ်းဆောင်သွားရမည်ဟု တော်လှန်ရေးကောင်စီမှ ထပ်လောင်းတာဝန်ပေးလိုက်ကြောင်း ကျေညာအပ်ပါသည်။

၁။ ဗိုလ်ချုပ်ကြီးနေဝင်း၊ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ။

(က) ဝန်ကြီးချုပ်ရုံး။
(ခ) အမျိုးသားစီမံကိန်းဝန်ကြီးဌာန။

၂။ ဗိုလ်မှူးချုပ် အောင်ကြီး

ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန။

၃။ ဗိုလ်မှူးချုပ် တင်ဖေ

လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။

၄။ ဦးသီဟန်

ပြည်သူ့လုပ်ငန်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ယာဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ပူးပေါင်းအုပ်ချုပ်သွားရန်။

၅။ ဗိုလ်မှူးကြီးကျော်စိုး

(က) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန။
(ခ) သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများကိုအုပ်ချုပ်ဆောင်ရွက်သွားရန်။
(ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွား ရန်။

၆။ ဗိုလ်မှူးကြီးစောမြင့်

(က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး နှင့်အမျိုးသားစည်းလုံးညီ ညွတ်ရေးဝန်ကြီးဌာန။
(ခ) လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများကို အုပ်ချုပ်သွားရန်။

၇။ ဒု-ဗိုလ်မှူးကြီးဘနီ

သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။