နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၃

From Wikisource
Jump to navigation Jump to search
ရုံးပိတ်ရက်ပြောင်းလွှဲခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ရုံးပိတ်ရက်ပြောင်းလွှဲခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၃
၁၃၂၃ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၆ ရက်။)

ယိုယွင်းနေသော နိုင်ငံတော်အား ပြန်လည်ထူထောင်ပေးရေးတွင် အဘက်ဘက်မှ အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

အစိုးရရုံးများနှင့် ဌာနအသီးသီးရှိ ပြည်သူ့အမှုထမ်း အရာထမ်းတို့သည်၊ နိုင်ငံတော်အား ပိုမိုလုပ်အားပေးနိုင်ရန်အတွက် ယခင်ကရုံးပိတ်ရက်ဖြစ်သော ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့စုစုပေါင်း ၂ ရက်အစား၊ ယခု ကျေညာချက်ထုတ်ပြန်သည့်အချိန်မှစ၍ စနေနေ့ နေ့တဝက်နှင့် တနင်္ဂနွေနေ့တနေ့ကိုသာလျှင် ရုံးပိတ်ရက်အဖြစ် တော်လှန်ရေးကောင်စီမှ ပြောင်းလွှဲသတ်မှတ်လိုက်ကြောင်း ကျေညာအပ်ပါသည်။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။