နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၁၁

From Wikisource
Jump to navigation Jump to search
ကယားပြည်နယ်ဦးစီးအဖွဲ့သစ်ဖွဲ့စည်းခြင်း  (1962) 

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
ကယားပြည်နယ် ဦးစီးအဖွဲ့သစ် ဖွဲ့စည်းခြင်း
နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက်အမှတ် ၁၁
၁၃၂၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်။
(၁၉၆၂ ခုနှစ်၊ မတ်လ ၄ ရက်။)

နိုင်ငံတော် တော်လှန်ရေးကောင်စီမှ တာဝန်ပေးချက်အရ၊ အောက်ပါပုဂ္ဂိုလ်များပါဝင်သော “ကယားပြည်နယ်ဦးစီးအဖွဲ့” ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၄ ရက် မွန်းလွဲပိုင်းအချိန်မှစ၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကျေညာအပ်ပါသည်။

ပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ — ဦးအေမြလေး။

အဖွဲ့ဝင်များ

(၁) ဦးစောသိန်း။
(၂) ဦးဘူးရယ်။
(၃) သိုင်းသန်းတင်။
(၄) ဗိုလ်မှူးကြီးမောင်ရွှေ။

အမိန့်အရ၊
ဗိုလ်မှူးကြီး စောမြင့်၊
တော်လှန်ရေးကောင်စီ။