တောထွက်တော်မူခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃။ တောထွက်တော်မူခြင်း
326916ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃။ တောထွက်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

တောထွက်တော်မူခြင်း[edit]

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်၍ လောကစည်းစိမ်များကို ငြီးငွေ့ လာခဲ့သည်။

ထီးနန်းစည်းစိမ်များကို စွန့်ပြီး တောထွက်မည့် ညတွင် ယသောဓရာမင်းသမီးနှင့် သားတော်လေး ရာဟုလာတို့ကို အိပ်ခန်းဝမှ လှမ်းကြည့်တော်မူ သည်။ သားတော်လေးကို ပွေ့ချီနှုတ်ဆက်လိုသော်လည်း ယသောဓရာ နိုးသွားလျှင် တော မထွက်ရန် တားမြစ်မည်ကို စိုးရိမ်သဖြင့် ကြည့်ရုံ မျှသာ ကြည့်တော်မူခဲ့သည်။ ဘုရားအလောင်းတော်မင်းသားသည် ဆန္နအမတ်နှင့်အတူ ကဏ္ဍကမြင်းကို စီး၍ တောထွက်တော်မူသည်။ လမ်းခရီးတွင် မာရ်နတ်က တားဆီးခဲ့သော်လည်း မတုန်လှုပ်ဘဲ ကျော်ဖြတ်အနိုင်ယူတော်မူခဲ့သည်။

အနော်မာမြစ်ကမ်းတွင် ဆံတော်နှင့် မင်းဝတ်တန်ဆာများကို ပယ်စွန့်တော်မူပြီး ရဟန်းပြုတော်မူ ခဲ့သည်။ ခုနစ်ရက်ကြာသောအခါ ရာဇဂြိုဟ်မြို့သို့ ကြွရောက်ပြီး သပိတ်ပိုက်၍ ဆွမ်းခံကြွတော်မူသည်။ ရုပ်ရည်ချောမောပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ရဟန်းဖြစ်နေသော ဘုရားအလောင်းတော်ကို တွေ့လိုက် ရသူ လူအများက အံ့သြနေကြသည်။ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက ဘုရားအလောင်းတော်ကို အလွန်လေးစားသွားသဖြင့် “အသက်ငယ်ပါ သေးသည်၊ ရဟန်းပြုတော်မမူပါ နှင့်ဦး၊ တိုင်းပြည်တစ်ဝက်ကို ပေးပါမည်”ဟု ကမ်းလှမ်းလေ သည်။ ဘုရားအလောင်းတော်က “သတ္တဝါ များကို ကယ်တင်ရန်အတွက် ဘုရားဖြစ် အောင် ကျင့်ကြံမည်”ဟု ပြောကြားပြီး လက်ခံ တော်မမူခဲ့ပေ။ ထိုအခါ မင်းကြီးက ဘုရား ဖြစ်လျှင် သူ၏ တိုင်းပြည်သို့ ပထမဆုံး ကြွ ရောက်ပါရန် လျှောက်ထားခဲ့သည်။

တောထွက်ခန်း[edit]

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်း စံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာ လူသေ သူတွေ့ က၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။ ။