ဘုရားဖြစ်တော်မူခြင်း -တ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ ဘုရားဖြစ်တော်မူခြင်း
326917ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၄။ ဘုရားဖြစ်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားဖြစ်တော်မူခြင်း[edit]

ဘုရားအလောင်းတော်သည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်ပြီး နည်းလမ်းပြပေးနိုင်မည့် ဆရာကို လိုက်လံရှာဖွေရာ အာဠာရရသေ့နှင့် ဥဒကရသေ့ တို့ကို တွေ့ခဲ့သည်။ ရသေ့ကြီးများ ညွှန်ကြားသည့် အတိုင်း အားထုတ်ရာ လောကီဈာန်များ ရရှိခဲ့သည်။ သို့သော် ဤလောကီဈာန်များသည် ဘုရားဖြစ်နိုင် သည့်နည်းလမ်း မဟုတ်ကြောင်း သိလာသောအခါ ကိုယ်တိုင် နည်းလမ်းရှာ၍ ကျင့်ကြံအားထုတ်ခဲ့သည်။

ဘုရားအလောင်းတော်သည် အစားအသောက်များ တဖြည်းဖြည်းချင်း လျှော့စားပြီး အားထုတ်တော်မူ ခဲ့၏။ အသွေးအသားတို့ ခန်းခြောက်ပြီး အရိုးနှင့် အရေသာ ကျန်တော့သည်။ ထိုသို့ ခြောက်နှစ် တိုင်တိုင် ပင်ပန်းဆင်းရဲစွာ ကျင့်တော်မူခဲ့သည်။ နောက်ဆုံးတွင် ပင်ပန်းဆင်းရဲသော အကျင့်ဖြင့် ဘုရားမဖြစ်နိုင်မှန်း သိခဲ့သည်။ ထို့ကြောင့် ထို ပင်ပန်းဆင်းရဲသော အကျင့်ကို စွန့်လွှတ်တော်မူပြီး အလယ်အလတ်ကျင့်စဉ်ကို ကျင့်ကြံအားထုတ်တော် မူသည်။

ကဆုန်လပြည့်နေ့ နံနက်စောစောတွင် သေနာ (နိဂုံးနေ သူဌေးသမီးသုဇာတာသည် ဘုရား အလောင်းတော်ကို ညောင်ပင်စောင့်နတ်ဟု ထင်ကာ နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဘုရားအလောင်းတော်သည် နို့ဃနာဆွမ်းကို အလှူခံတော်မူပြီး နေရဉ္စရာမြစ်ကမ်းသို့ ကြွရောက် တော်မူခဲ့သည်။ ထို့နောက် မြစ်ကမ်းဘေးတွင် ဘုဉ်းပေးတော်မူပြီး “ယနေ့ ဘုရားဖြစ်မည် မှန်ပါက ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား”ဟု အဓိဋ္ဌာန်ပြု၍ မျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွားခဲ့လေသည်။

ညနေစောင်းသောအခါ မဟာဗောဓိညောင်ပင်သို့ ထွက်ခွာလာခဲ့၏။ လမ်းခရီး၌ မြက်ထမ်းသမား ငစင် လှူလိုက်သော မြက်ရှစ်ဆုပ်ကို ညောင်ပင်အောက်တွင် ကြဲဖြန့်တော်မူသည်။ “ဘုရားမဖြစ်သမျှ ဤနေရာမှ ငါ မထ”ဟု အဓိဋ္ဌာန်ပြုပြီး တရားကျင့်တော်မူသည်။ တရားကျင့်တော်မူစဉ်အတွင်း မာရ်နတ် မင်းသည် နတ်စစ်သည်အပေါင်း ခြံရံလျက် ဘုရားအလောင်းတော်အား လက်နက်မျိုးစုံဖြင့် လာရောက် တိုက်ခိုက်သည်။ ထိုမာရ်နတ်ကို ဘုရားအလောင်းတော်က မေတ္တာဖြင့် အောင်မြင်တော်မူခဲ့သည်။

ထို့နောက် ဘုရားအလောင်းတော်သည် ဉာဏ်အမျိုးမျိုးကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိတော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပါသည်။

အောင်ပွဲ[edit]

ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား ။ ။