တပို့တွဲလဘွဲ့ သဖြန်လေးဆစ်
Jump to navigation
Jump to search
←ပြာသိုလဘွဲ့ သဖြန်လေးဆစ် | တပို့တွဲလဘွဲ့ သဖြန်လေးဆစ် by |
တပေါင်းလဘွဲ့ သဖြန်လေးဆစ်→ |
ရာသီချိန် ခါလှောက်လို့
လဲပေါက်ကယ်တဲ့ ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါ စေတီရင်းမှာ
ဆယ်စင်းလက်စုံကြူး
ဦးမြောက်လို့ချီ။
ငွေနှင်းရယ်စီ
သုံးလီသမယ
ရောင်ဖြိုးဝေစွာပ
မြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်သာ တောင်တော်စွန့်မှာ
ထွန်းလိမ့်မာဃ။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |