တပေါင်းလဘွဲ့ သဖြန်လေးဆစ်
Jump to navigation
Jump to search
←တပို့တွဲလဘွဲ့ သဖြန်လေးဆစ် | တပေါင်းလဘွဲ့ သဖြန်လေးဆစ် by |
ပန်းရွှေဖီ ကြိုင်လှောက်လို့
ပိတောက်ကယ်တဲ့ သင်းချို
ဥတ္တရာ ဘရဂုဏ်က
တိမ်ဘုံမှာ ရောင်ချည်လင်းလို့
လမင်းသော်တာနှင့်
တူမကွာ ထိန်ဝါလဲ့
ထွန်းတဲ့ခါကို။
သောင်သဲငယ်မို
ရောင်ညိုရစ်မို့
လေညှင်းငယ်လာ
စုံဟေမာ မြိုင်ထဲက
ဝမ်းဘဲရွှေစင်ရော်တို့
တကြော်ကြော် မောင်နှံကြူးတယ်
မြူးပျော်ကြလို့။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |