ပြာသိုလဘွဲ့ သဖြန်လေးဆစ်
Jump to navigation
Jump to search
←နတ်တော်လဘွဲ့ သဖြန်လေးဆစ် | ပြာသိုလဘွဲ့ သဖြန်လေးဆစ် by |
တပို့တွဲလဘွဲ့ သဖြန်လေးဆစ်→ |
ငွေသော်တာ စန္ဒနှင့်
ဖုသျှတဲ့ လမ်းဆုံ
တိမ်လွှာမှာ ရောင်ဝါကျင်းပါလို့
ထိန်ဝင်းစွာ တူပြိုင်ပတယ်
မြန်းကြခိုက်ကြုံ။
တောရဂုံ
မြိုင်စုံမြနန်း
နုစိမ်းစိုစိုနှင့်
ပန်းခွာညို ငုံတံထူးတယ်
ဖူးပွင့်ချက်ဆန်း။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |