ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဒသမ အခန်း

ဒသမ အခန်း

[ပဋိသန္ဓေ တည်စကပင် ကလလ ရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တဘဝလုံးအတွက် ရုပ် ခန္ဓာကိုယ်၏ အဖြစ် အပျက်ကို နားလည် သင့်ကြ ပေသည်။ ထို့ကြောင့် ဤအခန်း၌ ရုပ်နှင့် စပ်၍ မှတ်ဖွယ်များကို ပြမည်။]

ရုပ်ခေါ်ပုံ

“ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်”ဟု ခေါ်၏။ “ဖေါက်ပြန်တတ်သော သဘောတရား”ဟု ဆိုလို၏။ ဖောက်ပြန်ခြင်း၏ အကြောင်းကား အအေး အပူ စသောအားဖြင့် များစွာရှိ၏။ ထိုတွင် အအေးကြောင့် ရုပ်ဖေါက်ပြန် ပျက်စီးပုံကား-ဆောင်းအခါ အသားအရေ ကွဲခြင်း၊ အလွန် ချမ်းသောအခါ အသားအရေ ညိုမဲခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိက် ငရဲသားတို့၏ ကမ္ဘာကို ခံသော ရေသို့ ကျ၍ မွမွကျေရခြင်း စသည်များတည်း၊ အပူကြောင့် ဖောက်ပြန်ပျက်စီးပုံမှာ--နေပူထဲ၌ သွားသောအခါ အသားအရေ နီမြန်းခြင်း၊ နေပူ-မီးလောင်၍ ညိုမဲခြင်း၊ အပူ မိ၍ ဖျားခြင်း၊ သဲကန္တာရ စသည်၌ အပူမိ၍ သေရခြင်း စသည်များတည်း။ ထို့ပြင်—မှက် ခြင် စသည်ကြောင့် အဖုအပိမ့် ထခြင်း၊ မြွေ ကင်း ကိုက်၍ အနာဖြစ်ခြင်း၊ သေခြင်း၊ ထမင်းဆာ ရေငတ်ခြင်း စသည်တို့ကြောင့် ခြောက်ကပ် နေခြင်း၊ သေခြင်း စသည်များလည်း ရုပ်၏ ဖေါက်ပြန် ပျက်စီးခြင်းပင်တည်း။

[ဆောင်] ပူအေး ထန်ပြင်း၊ မြွေခြင် ကင်းနှင့်၊ ထမင်း ရေဆာ၊ ကြောင်းများစွာကြောင့်၊ သိသာ ဖေါက်ပြား၊ ထိုတရား၊ မှတ်သား ရုပ်ဟု ခေါ်။

[ရုပ် ၂၈-ပါးရှိသော်လည်း၊ အရေးကြီးသော ၁၉-ပါး ကိုသာ ပြမည်။


 (မူရင်းတွင် ဤစာရင်းအား မဖော်ပြထားပါ)