Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/21

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း


အမိုက်ကယ်တည်၊ ဆရာစီသား၊ နာမယ်ပြုံးချိုမှဲ့တယ်၊ သင်းကိုယ်ပေါက်ကြီး ဟု ပြောင်လှောင် စပ်ဆိုထားကြလေသည်၊ ဦးပြုံးချိုမှာ ထိုစဉ်က ဖြူဖြူတုတ်တုတ် ဝဝဖြစ်၍ စိတ်အလွန်တိုတတ်ပြီးလျှင် ဓားဆောက်ကမ်းလုပ်တတ်သည်ဟု အပေါင်းအသင်းများ, ကာလသားကြီးများက ယူဆထားကြ လေသည်။

ဦးပြုံးချိုသည် စာပေပညာဖက်၌သာ ထူးချွန်သေးသည်မဟုတ်၊ အသက်မွေးဝမ်းကျောင်းပညာ၌လည်း သူမတူအောင် ထူးချွန်စွာ တတ်မြောက်လေသည်၊ အသက် ၁၃ - နှစ်သားလောက်ကစ၍ မိဘနှင့်အတူ မနေပဲ ကိုယ့်ဒူးကိုယ်ချွန် သဘောမျိုးဖြင့် ကွမ်းခြံကုန်းမြို့နှင့် အခြားမြို့ရွာများသို့ သွားရောက်နေထိုင်၍ ပညာများကို ရှာမှီးဆည်းပူးခဲ့လေသည်။

ဦးပြုံးချိုသည် ပန်းချီကောင်းစွာ ရေးဆွဲတတ်၏၊ သူကိုယ်တိုင် ဦးစီး၍ထောင်သော ဇာတ်ပွဲများတွင် နန်းတော်ကား, မြို့ရိုးကား, တောကား, တောင်ကား မှန်သမျှကို သူကိုယ်တိုင် ပန်းချီဆရာလုပ်၍ ရေးဆွဲတပ်ဆင်ခဲ့လေသည်။

ပန်းချီပညာသာမဟုတ်သေး၊ ပန်းပု, ပန်းဘဲအတတ်ကိုလည်း တတ်ပေသေးသည်၊ သံထည်များ ပန်းဖောက်သောလုပ်ငန်းတွင် လက်စွမ်းအလွန်ထက်လှကြောင်း လူတိုင်းသိပြီးဖြစ်လေသည်၊ ထိုထက် အံ့ဩဖွယ် ကောင်းသောပညာတရပ်မှာ အင်ဂျင်နီယာပညာကို ဝါသနာပါခြင်းပင် ဖြစ်လေသည်။

ဦးပြုံးချို အသက် ၂၀-ကျော် အစိတ်ခန့်က ဂျပန်ပြည်မှ ရောင်းချသောဆလင်ဒါ တလုံးထိုး မီး သင်္ဘောကလေးများ , သံပတ် သင်္ဘောကလေးများ မြန်မာပြည်တွင် မရှိချေ။ ဤသို့ နမူနာအဖြစ်ကြည့်ရန် ပစ္စည်းမရှိပါပဲလျက် အလျားလေးပေ, ငါးပေခန့်ရှိသော မီးသင်္ဘောကိုတည်ဆောက်ရာ ကျိုက်လတ်မြို့သို့ ရောက်ရှိလာသော မျက်နှာပြုအရေးပိုင် မေဂျာမက္ကဆွဲက ဆရာကိုပြုံးချိုမှာ အင်ဂျင်နီယာလက်မှတ် ရှိသလားဟုမေးရာ ဦးပြုံးချိုက လက်မှတ်မရှိပါ သင်ပေးသောဆရာလည်း မရှိပါ သို့ရာတွင် ဧရာဝတီတွင် မီးသင်္ဘောမောင်း သင်္ဘောသူကြီးမှာ ကျွန်တော်နှင့် အလွန်ချစ်ခင်သဖြင့် ဧရာဝတီမီးသင်္ဘော ကြီး စက်ဝမ်းထဲသို့ဝင်၍ ၃-ကြိမ်လောက်ကြည့်ဘူးပါသဖြင့် ယခုလို လုပ်တတ်ပါသည်ဟု ပြန်လှန်ပြောဆိုခဲ့လေသည်၊ နောင်ကို မလုပ်ပါနဲ့ အဖမ်းခံရလိမ့်မယ်--ဒီသင်္ဘောလဲ ကျွန်ုပ်ကို လက်ဆောင်ပေးပါဟု တောင်းယူပြီးလျှင် လဖက် ရည်ဖိုးဟုဆို၍ ငွေ ၅ဝိ-ပေးခဲ့ဘူးလေသည်။

ဦးပြုံးချို၏ ဝါဒမှာ “ဥစ္စာရှာ မာန်သာနှိမ့်ချီထား၊ ပညာရှာ ပမာသူ ဖုန်းစား”ဟူသော ဝါဒသမားပင်ဖြစ်လေသည်၊ ပညာရှာရာ၌ သူဖုန်းစား(ဝါ)


(၃) ရတနာ့ဂုဏ်ရည် (က-၁၃)
(သတ္တမအကြိမ်)