မဟာဗုဒ္ဓဝင်/အခန်း- ၁၆

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၁၆

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

(တတိယတွဲ)

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓရတနာ

အခဏ်း-၁၆

ဥပတိဿနှင့် ကောလိတ (အဂ္ဂသာဝကအလောင်း) ပရိဗိုဇ်နှစ်ဦးတို့

ဘုရားထံသို့ ရောက်ရှိကြခြင်း

(မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူလျှင်ပင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သတင်းစကား ကြားသိရ၍ အမတ်တို့ကို မင်းချင်းယောက်ျား တထောင်စီတို့နှင့် မြတ်စွာဘုရားကို နေပြည်တော်သို့ အပင့်လွှတ်သော ကိစ္စကား ပြာသိုလပြည့်ကျော်လောက်ကပင် စ၍ ဖြစ်ခဲ့၏။ ထိုအကြောင်းအရာကို ယခုရေးသားခဲ့လျှင် အဂ္ဂသာဝကနှစ်ပါးတို့အကြောင်းကို ကြားဖြတ်၍ ထည့်သွင်းရန် မလွယ်ကူသဖြင့် ယခုကပင်



ထိုအဂ္ဂသာဝကနှစ်ပါးတို့နှင့် စပ်ဆိုင်သော အကြောင်းအရာအကျဉ်းချုပ်ကို ရေးသားပြဆိုပေဦးအံ့..)။

     အချိန်ကား မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ရောက်ရှိပြီး လဝက်ခန့်အကြာ တပို့တွဲလဆန်း ၁-ရက်နေ့လောက်အချိန် ဖြစ်သည်၊ ထိုအခါ၌ သိဉ္စည်းပရိဗိုဇ်ဆရာကြီးသည် ပရိဗိုဇ်တပည့် အခြံအရံ (၂၅၀) နှစ်ရာ့ငါးဆယ်တို့နှင့် အတူတကွ ရာဇဂြိုဟ်ပြည်၌ နေထိုင်ဆဲရှိလေသည်။ ထိုအချိန်၌ အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုဇ်နှင့် အရှင်မဟာမောဂ္ဂလာန်အလောင်း ကောလိတပရိဗိုဇ်တို့သည် သိဉ္စည်းပရိဗိုဇ်ဆရာကြီးထံ၌ တပည့်ခံ၍ ပရိဗိုဇ်တို့၏အကျင့်ကို ကျင့်ကြံနေဆဲ ဖြစ်၏*

     ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ် သူငယ်ချင်းနှစ်ဦးတို့သည် သိဉ္စည်းဆရာကြီးထံသို့ ရောက်ရှိပြီး နှစ်ရက်သုံးရက်အတွင်းမှာပင် ထိုဆရာကြီး၏ အယူဝါဒအကျင့်လမ်းစဉ် အဆုံးရောက် သင်ကြားတတ်မြောက်ပြီးကြရာ ထိုသိဉ္စည်းဆရာကြီး၏ အယူဝါဒ အကျင့်လမ်းစဉ်၌ အမြိုက်နိဗ္ဗာန်တရားကို မတွေ့မမြင်ကြကုန်သည်ဖြစ်၍ “ငါ့ရှင်.. ဤသိဉ္စည်းဆရာကြီး၏ အကျင့်ဝါဒလမ်းစဉ်သည် အချည်းနှီးသာ ဖြစ်၏။ အနှစ်သာရမရှိ။ ယခုကစ၍ ငါတို့နှစ်ဦးတွင် အမြိုက်နိဗ္ဗာန်ကို အလျင်လက်ဦး ရရှိသိမြင်သောသူက မရရှိ မသိမြင်ရသေးသောသူအား ပြောကြားကြစတမ်း”ဟူ၍ ကတိကဝတ် ထားရှိခဲ့ကြပြီး ဖြစ်ကုန်၏။

     မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိပြီး လဝက်ခန့်အကြာ တပို့တွဲလဆန်း ၁-ရက်နေ့လောက် ရောက်လတ်သောအခါ ပဉ္စဝဂ္ဂီမထေရ်ငါးပါးအဝင်အပါ အရှင်အဿဇိမထေရ်သည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်ဝတ်ရုံတော်မူကာ ကြည်ညိုဖွယ်ရှိသော ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, တူရူကြည့်ခြင်း, တစောင်းကြည့်ခြင်း,


     * အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့၏အကြောင်း ဝတ္ထုအကျယ်ကို သံဃရတနာအခဏ်းသို့ရောက်မှ ရေးသားပါမည်။



လက်ကို ကွေးခြင်း, ဆန့်ခြင်းတို့ဖြင့် လေးတောင်ခန့်မျှ ကြည့်သဖြင့် ချအပ်သော မျက်လွှာရှိလျတ် ကြည်ညိုဖွယ်သော ဣရိယာပုထ်ဖြင့် ရာဇဂြိုဟ်ပြည်အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူလာ၏။

     အရှင်သာရိပုတ္တရာအလောင်းဖြစ်သော ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည်အတွင်းသို့ ကြည်ညိုဖွယ်သော ဣရိယာပုထ်ဖြင့် ဆွမ်းခံကြွဝင်တော်မူလာသော အရှင်အဿဇိမထေရ်ကို မြင်လေလျှင် ဥပတိဿပရိဗိုဇ်၏ စိတ်သန္တာန်၌-

“ဤရဟန်းသည် လောက၌ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးကြသော ပုဂ္ဂိုလ်တို့တွင် တပါးအပါအဝင် ဧကန်ဖြစ်ပေလိမ့်မည်၊ ငါသည် ဤရဟန်းထံသို့ ချဉ်းကပ်၍ “ငါ့ရှင်.. သင်သည် အဘယ်ဆရာကို ရည်မှန်း၍ ရဟန်းပြုခဲ့ပါသနည်း၊ သင်၏ဆရာသည် အဘယ်သူပါနည်း၊ သင်သည် အဘယ်ဆရာ၏တရားကို နှစ်သက်ပါသနည်း”ဟု မေးရမူ ကောင်းလေစွာ့”-

ဟု အကြံဖြစ်လေ၏။ ထို့နောက် တဖန်ဆက်၍ ဥပတိဿပရိဗိုဇ်သည်-

“ဤရဟန်းကို မေးမြန်းရန် အချိန်အခါမဟုတ်သေး၊ မြို့တွင်းသို့ဝင်ကာ ဆွမ်းခံနေဆဲဖြစ်၏။ မသေရာမှန် နိဗ္ဗာန်တရားကို လိုလားကြသည့် ငါတို့သူငယ်ချင်းနှစ်ဦးသား 'သေခြင်းတရားရှိလျှင် မသေရာနိဗ္ဗာန်တရားလည်း ရှိရမည်'ဟု အနုမာနဉာဏ်ဖြင့် မှန်းဆအပ်သော နိဗ္ဗာန်တရားကို မျက်မှောက်ထင်ထင် တွေ့ရှိသိမြင်ရန် ရှာကြံနေသော ငါသည် ဤရဟန်းနောက်သို့ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ရပါမူ ကောင်းလေစွာ့”–

ဟု ကြံစည်ကာ အရှင်အဿဇိ၏နောက်သို့ မျက်ခြေမပျောက် လိုက်ပါခဲ့လေသည်။

     ဥပတိဿပရိဗိုဇ်သည် အရှင်အဿဇိမထေရ်သူမြတ် ဆွမ်းခံပြီးလျှင် နေရာအရပ်တခု၌ ထိုင်နေတော်မူလိုသော အရိပ်အကဲကို



သိရှိကာ မိမိ၌ပါလာသော ပရိဗိုဇ်တို့၏အသုံးအဆောင် အင်းပျဉ်ငယ် (= လေးထောင့်ခုံငယ်)ကလေးကို ခင်း၍ပေးပြီးလျှင် မထေရ်မြတ် ဆွမ်းစားပြီးသောအခါ၌လည်း မိမိ၏ရေကရားဖြင့် ရေကပ်လှူပြန်လေသည်။ ဤသို ဆရာ့အပေါ်၌ ပြုရန်ဝတ်တရားကို ပြုပြီးမှ ဆွမ်းစားပြီးသော မထေရ်မြတ်နှင့် ချိုမြိန်သော အစေ့အစပ်စကား ပြောကြားပြီးလျှင်-

“ငါရှင်.. သင်၏ မျက်စိ နား နှာစသော ဣန္ဒြေတို့သည် ကြည်လင်လှကုန်၏၊ အရေအဆင်းသည် သန့်ရှင်း ကြည်လင် အပြစ်ကင်းစင်လှပေ၏၊ ငါ့ရှင်.. သင်သည် အဘယ်ဆရာကို ရည်မှန်း၍ ရဟန်းပြုခဲ့ပါသနည်း၊ သင်၏ဆရာသည် အဘယ်သူပါနည်း၊ သင်သည် အဘယ်ဆရာ၏တရားကို နှစ်သက်ပါသနည်း”-

ဟူ၍ မေးမြန်းလေ၏။ ထိုအခါ အရှင်အဿဇိမထေရ်သူမြတ်က “ငါ့ရှင်.. ငါသည် အသမ္ဘိန္န သကျနွယ်ရိုး သာကီဝင်မင်းမျိုးမှ တောထွက်ကာ ရဟန်းပြုသော မြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်းပြုခဲ့ပါသည်၊ ထိုမြတ်စွာဘုရားသည် ငါ၏ဆရာ ဖြစ်ပါသည်။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်သူဖြစ်ပေ၏”ဟု မိန့်ဆိုတော်မူလေသော် ဥပတိဿပရိဗိုဇ်သည် “အရှင်၏ ဆရာဘုရားသည် အဘယ်အယူဝါဒ ရှိပါသနည်း၊ အဘယ်တရားကို ဟောကြားလေ့ရှိပါသနည်း”ဟု တဖန်ထပ်လှောက် မေးလျှောက်ပြန်လေ၏။ ထိုအခါ အရှင်အဿဇိမထေရ်သူမြတ်သည် “ဤပရိဗိုဇ်တို့သည်ကား သာသနာတော်၏ ဆန့်ကျင်ဘက်အယူဝါဒ ရှိကြသူများ ဖြစ်ကုန်၏။ ဤဥပတိဿပရိဗိုဇ်အား ငါသည် သာသနာတော်၏ နက်နဲသိမ်မွေ့သောအဖြစ်ကို ထင်စွာပြပေအံ့”ဟု ကြံစည်ပြီးလျှင် မိမိကိုယ်တိုင်က သီတင်းငယ်ဖြစ်နေသည့်အတွက် ကျယ်ကျယ်ဝန်းဝန်း မညွှန်းပြနိုင်သေးကြောင်းကို ထင်စွာ ဖော်ပြလိုသည်ဖြစ်၍ “ငါ့ရှင်.. ငါသည် သီတင်းငယ်မျှသာ ဖြစ်ပါသေး၏၊ ရဟန်းဖြစ်ခဲ့သည်မှာ မကြာသေးပါ၊ ဤသာသနာတော်သို့ ယခုမှ ရောက်သစ်စ



ဖြစ်ပါသေးသည်။ (သို့ဖြစ်၍) ငါသည် သင့်အား အကျယ်အားဖြင့်တော့ တရားကိုဟောခြင်းငှါ မစွမ်းနိုင်ပေ။ သို့သော် ငါသည် သင့်အား အနက်အဓိပ္ပါယ် လိုရင်းကိုကား အကျဉ်းအားဖြင့် ဟောပြနိုင်ပါလိမ့်မည်”ဟု မိန့်ဆိုတော်မူလေ၏။

     ထိုအခါ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်က “အကျွန်ုပ်သည် ဥပတိဿအမည်ရှိသော ပရိဗိုဇ်ပညာရှင်တဦး ဖြစ်ပါသည်။ အရှင်သည် အစွမ်းသတ္တိရှိသလောက်သာ အနည်းငယ်ကိုဖြစ်စေ များစွာကိုဖြစ်စေ ဟောတော်မူပါ၊ ထိုအရှင်မြတ်ဟောအပ်သော တရားကို နည်းပေါင်း အရာ အထောင်ဖြင့် ချဲ့ထွင်၍ သိမြင်ရန်မှာ အကျွန်ုပ်၏တာဝန်သာ ဖြစ်ပါသည်”ဟု ကြံစည်ပြီးလျှင် အရှင်အဿဇိမထေရ်ကို-

“ရှိပါစေ ငါ့ရှင်..၊ အနည်းငယ်ကိုဖြစ်စေ များစွာကိုဖြစ်စေ ဟောတော်မူပါ၊ (ထိုသို့ ဟောရာမှာလည်း) အနက်အဓိပ္ပါယ် လိုရင်းကိုသာ အကျွန်ုပ်အား ဟောကြားတော်မူပါ၊ အကျွန်ုပ်သည် အနက်အဓိပ္ပါယ် လိုရင်းကိုသာ နာယူလိုပါသည်၊ များပြားလှစွာသော ပုဒ် ပါဌ် အက္ခရာ သဒ္ဒါတွေကို ဟောနေသဖြင့် အကျွန်ုပ်အဖို့ရာ အဘယ်မူစအံ့နည်း”-

ဟူ၍ ပြောဆို လျှောက်ထားလေသော် အရှင်အဿဇိ မထေရ်သူမြတ်သည် ဥပတိဿပရိဗိုဇ်ကို-

ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊

တေသံ ဟေတုံ တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊

ဧဝံ ဝါဒီ မဟာသမဏော။

(အာဝုသော = ငါ့ရှင်..။) ယေ ဓမ္မာ = ခန္ဓာငါးပါး အကြင် ဒုက္ခသစ္စာတရားတို့သည်။ ဟေတုပ္ပဘဝါ = သမုဒယသစ္စာ တဏှာလောဘလျှင် အမွန်ပဘဝ အခြေခံအကြောင်းရင်း ရှိကြကုန်၏။



(တေ စ = ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို၎င်း။) တေသံ = ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏။ ဟေတုံ စ = အကြောင်း သမုဒယသစ္စာ တဏှာလောဘကို၎င်း။ တေသံ = ထိုဒုက္ခနှင့် သမုဒယ သစ္စာနှစ်ပါးတို့၏။ ယော နိရောဓော = အကြင် ချုပ်ရာချုပ်ကြောင်းဖြစ်သော နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်ပါးသည်။ (အတ္ထိ = ရှိ၏။ တဉ္စ = ထိုနိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်ပါးကို၎င်း)။ တထာဂတော = ငါတို့ဆရာ မြတ်စွာဘုရားသည်။ အာဟ = စိတ်ဖြာခွဲခြား ဟောကြားတော်မူပေ၏။ မဟာသမဏော = သုံးလူ့ဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူပါသော ငါတို့ဆရာ မြတ်စွာဘုရားသည်။ ဧဝံဝါဒီ = ဤသို့ သစ္စာလေးပါး အမှန်တရားကို ခွဲခြားဖော်ပြ ဝိဘဇ္ဇဟု ဝါဒစင်ဖြူ အယူရှိတော်မူပေ၏။-

ဟူ၍ သစ္စာလေးပါး တရားအချက် အနက်အဓိပ္ပါယ်ပြည့်ဝသည့် ဓမ္မဒေသနာကို ဟောကြားတော်မူလေ၏။

     ဥပတိဿ ပရိဗိုဇ်သည် ဖော်ပြရာပါ တရားဒေသနာ ဂါထာ ရှေ့ထက်ဝက်ကို ကြားနာရလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဂါထာ နောက်ထက်ဝက်ကိုကား သောတာပန်ဖြစ်ပြီးသောအခါ နာယူမှုပြီးဆုံးလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်သည်-

ဧသေ၀ ဓမ္မော ယဒိ တာဝဒေ၀။

ပစ္စဗျထ ပဒမသောကံ။

အဒိဋ္ဌံ အဗ္ဘတီတံ၊

ဗဟုကေဟိ ကပ္ပနဟုတေဟိ။

(ဘန္တေ = အရှင်ဘုရား..။) တာဝဒေ၀ = ထိုအာဒိပဌမ သောတာပတ္တိဖိုလ်သို့သာလျှင်။ ပတ္တဗ္ဗံ = ကိုယ်တိုင် မျက်မှောက် ဉာဏ်ဖြင့်ဆိုက်ရောက်အပ်သည်။ ယဒိ ဟောတိ = အကယ်၍ ဖြစ်စေကာမူ။ ဓမ္မော = အကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးသား ဖွေရှာ၍နေသော တရားသည်ကား။



ဧသေဝ = ဤတရားပင်လျှင်တည်း။ (တုမှေ = အရှင်ဘုရားတို့သည်။) အသောကံ = စိုးရိမ်ခြင်း ကင်းရာဖြစ်သော။ ပဒံ = နိဗ္ဗာန်တရားကို။ ပစ္စဗျထ = မျက်မှောက်ထင်ထင် သိမြင်ကြကုန်၏။ အမှေဟိ = အကျွန်ုပ်တို့သည်။ ဣဒံ ပဒံ = ဤနိဗ္ဗာန်တရားကို။ အဒိဋ္ဌံ = မျက်မှောက်ထင်ထင် မသိမြင်အပ်သည်ဖြစ်၍။ ဗဟုကေဟိ ကပ္ပနဟုတေဟိ = နဟုတသင်္ချာ ကမ္ဘာပေါင်းများစွာတို့ပတ်လုံး။ အဗ္ဘတီတံ = အချိန်တွေ ကုန်လွန်ပျက်ပြုန်း အရှုံးကြီး ရှုံးခဲ့ရလေပြီ။-

ဟူ၍ ဤဂါထာကို ရွတ်ဆိုကာ မိမိ၏ အချိန်ကြာမြင့်စွာ ဆုံးရှုံးနစ်နာခဲ့ရပုံကို လျှောက်ထားပြောဆိုပြီးလျှင် ဥပတိဿပရိဗိုဇ်သည် အထက်မဂ်ဖိုလ်သို့ မရောက်သေးမီပင် “ဤလောကုတ္တရာတရားအရာ၌ အကြောင်းထူး ရှိရဦးမည်”ဟု ကြံစည်စဉ်းစားပြီးလျှင် အရှင်အဿဇိမထေရ်ကို “အရှင်ဘုရား.. ဤမျှသာ ရှိပါစေဦး၊ အထက်သို့ဆက်၍ တရားဒေသနာကို မဟောကြားပါနှင့်ဦး၊ အကျွန်ုပ်တို့၏ဆရာ မြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံး နေထိုင်တော်မူပါသနည်း”ဟု လျှောက်ထား မေးမြန်းလေသော် အရှင်အဿဇိမထေရ်သူမြတ်က “ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရားသည် သီတင်းသုံး နေထိုင်တော်မူပါသည် ငါ့ရှင်..”ဟု ဖြေကြားတော်မူသည်တွင် “အရှင်ဘုရား.. သို့ဖြစ်ခဲ့လျှင် အရှင်ဘုရားတို့သည် ရှေ့ကအလျင် ကြွသွားတော်မူနှင့်ပါကုန်၊ တပည့်တော်၏ သူငယ်ချင်းတယောက် ကျန်ရှိနေပါသေးသည်၊ အကျွန်ုပ်တို့သည်လည်း 'အမြိုက်နိဗ္ဗာန်ကို အလျင်လက်ဦးသိသူက ကျန်တဦးအား ပြောကြစတမ်း'ဟု အချင်းချင်း ကတိကဝတ်ပြုအပ်ပြီး ဖြစ်ပါသည်။ (သို့ဖြစ်၍) အကျွန်ုပ်သည် ထိုကတိကဝတ် ဝန်ခံချက်ကို ပြေလည်အောင်ပြုလုပ်ပြီးမှ အကျွန်ုပ်၏သူငယ်ချင်းကို ခေါ်ဆောင်ခဲ့၍ အရှင်ဘုရားတို့ ကြွသွားသောလမ်းအတိုင်း မြတ်စွာဘုရားအထံတော်သို့ လိုက်ပါလာခဲ့ပါမည်”ဟု လျှောက်ဆိုကာ



ထိခြင်းငါးမျိုးဖြင့် မထေရ်၏ခြေတော်ရင်း၌ ဝပ်စင်းရိုကျိုး ရှိခိုးပြီးလျှင် လက်ျာရစ် သုံးပတ်လှည့်လည်၍ အရှင်အဿဇိမထေရ်ကို အလျင်လက်ဦး လွှတ်လိုက်ပြီးနောက် ပရိဗိုဇ်ကျောင်းအရံသို့ ရှေးရှုသွားလေ၏။

ကောလိတပရိဗိုဇ် သောတာပန်တည်ခြင်း

     ထိုအခါ ကောလိတပရိဗိုဇ်သည် ဥပတိဿပရိဗိုဇ် လာနေသည်ကို အဝေးကပင် မြင်လတ်၍ “ယနေ့ ငါ့သူငယ်ချင်း၏ မျက်နှာအဆင်းသည် အခြားနေ့များနှင့် လားလားမျှမတူ၊ ဧကန်ပင် ငါ့သူငယ်ချင်းသည် မသေရာမှန် နိဗ္ဗာန်တရားကို ရရှိ သိမြင်ခဲ့လိမ့်မည်”ဟု ကြံစည်ထင်မြင်ကာ ဥပတိဿပရိဗိုဇ်ကို “ငါ့ရှင်.. သင်၏ မျက်စိ နား နှာစသော ဣန္ဒြေတို့သည် ကြည်လင်လှကုန်၏။ အရေအဆင်းသည် သန့်ရှင်းကြည်လင် အပြစ်ကင်းစင်လှပေ၏။ ငါ့ရှင်.. အသို့နည်း၊ သင်သည် မသေရာမှန် နိဗ္ဗာန်တရားကို ရအပ်ခဲ့ပါပြီလော”ဟု မေးမြန်း၍ ဥပတိဿပရိဗိုဇ်က “အိမ်း ငါ့ရှင်.. ငါကား မသေရာမှန် နိဗ္ဗာန်တရားကို ရအပ်ခဲ့လေပြီ”ဟု ဖြေကြားလတ်သော် တဖန်ထပ်၍ ကောလိတပရိဗိုဇ်က “ငါ့ရှင်.. သင်သည် အဘယ်သို့သော အခြင်းအရာဖြင့် မသေရာမှန် နိဗ္ဗာန်တရားကို ရရှိခဲ့ပါသနည်း”ဟု မေးပြန်လေ၏။ ထိုအခါ ဥပတိဿပရိဗိုဇ်သည် မိမိ အရှင်အဿဇိမထေရ်သူမြတ်နှင့် တွေ့ရှိခဲ့ရသည့် အကြောင်းအရာကို အကျယ်တဝင့် ပြန်ကြားပြောဆိုပြီးလျှင် ယေ ဓမ္မာ ဟေတုပ္ပဘဝါ- အစရှိသော ဂါထာကိုပင် ကောလိတပရိဗိုဇ်အား ဟောကြားလေ၏၊ ဂါထာဆုံးသောအခါ ကောလိတပရိဗိုဇ်သည် သောတာပတ္တိဖိုလ်၌ တည်ပြီး၍ ဥပတိဿပရိဗိုဇ်ကို “အဆွေတော် ဥပတိဿ.. ငါတို့ဆရာ မြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံး နေထိုင်တော်မူသတဲ့နည်း”ဟု မေး၍ ဥပတိဿပရိဗိုဇ်က “အဆွေတော် ကောလိတ.. ငါတို့ဆရာ မြတ်စွာဘုရားသည် ယခုအခါ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလျက်ရှိကြောင်း ငါတို့ဆရာ အဿဇိမထေရ်သူမြတ် မိန့်ကြားတော်မူအပ်ခဲ့ပါသည်”ဟု ပြန်ကြားပြောဆိုလတ်သော်



ကောလိတပရိဗိုဇ်သည် (စိတ်ဆတ်သူ စိတ်မြန်သူပြီပြီ) “ငါ့ရှင်.. ထိုသို့ဖြစ်ခဲ့လျှင် မြတ်စွာဘုရားထံတော်သို့ သွားကြစို့၊ ထိုရွှေဘုန်းတော်သခင် ဘုရားရှင်ကိုယ်တော်မြတ်သည် ငါတို့၏ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်ပေသည်”ဟု ပြောဆိုလေ၏။

တပည့်ပရိဗိုဇ်များနှင့် သိဉ္စည်းဆရာကြီးတို့ထံ

သွားရောက်ကြခြင်း

     ထိုအခါ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်သည် အောက်လူများကို ထောက်ထားငဲ့ညှာတတ်သူပြီပြီ “ငါ့ရှင်.. ဤပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့သည် ငါတို့ကို အမှီပြုကြကာ ငါတို့၏အကဲကိုသာ အမြဲကြည့်ရှုကြကာ ဤပရိဗိုဇ်အရံတို့၌ နေကြသူများ ဖြစ်ကုန်သည်၊ ထိုပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့ကိုလည်း ပန်ကြားကြဦးစို့၊ (ထိုသို့ ပန်ကြားပြောဆိုမှသာ) သူတို့သဘောကျသည့်အတိုင်း ပြုလုပ်နိုင်ကြပေလိမ့်မည်”ဟု စိတ်ရှည်လက်ရှည် အရှည်ထောက်ထား ပြောကြားသည့်ပြင် အခါခပ်သိမ်း ဆရာသမားကို လေးစားကော်ရော် ပူဇော်သူဖြစ်သည့်အားလျော်စွာ “အဆွေတော်ကောလိတ.. ငါတို့ ရအပ်သိအပ်ပြီးသော မသေရာမှန် အမြိုက်နိဗ္ဗာန်တရားကို ငါတို့၏ဆရာကြီး သိဉ္စည်းပရိဗိုဇ်အားလည်း ပြောကြားကြဦးစို့၊ ဉာဏ်ရှိသူဖြစ်လျှင် ထိုဆရာကြီးသည်လည်း ငါတို့ကိုယုံကြည်၍ မြတ်စွာဘုရားထံတော်သို့ လိုက်ပါလာလိမ့်မည်၊ မြတ်စွာဘုရားရှင်တို့၏ တရားဒေသနာကို ကြားနာရလျှင် မဂ်ဖိုလ်ကို ထိုးထွင်းသိမြင်ပေလိမ့်မည်”ဟူ၍ ပြောဆိုပြီးလျှင် သူငယ်ချင်းနှစ်ဦးသားတို့သည် တပည့်ပရိဗိုဇ်များထံသို့ ရှေးဦးစွာ သွားကြ၍ ထိုတပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့ကို “ငါရှင်တို့ .. ငါတို့သည် မြတ်စွာဘုရားအထံတော်သို့ သွားကြကုန်အံ့၊ ထိုရွှေဘုန်းတော်သခင် ဘုရားရှင်ကိုယ်တော်မြတ်သည် ငါတို့၏ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်တော်မူပေသည်”ဟူ၍ ပြောဆိုကြကုန်၏။

     တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့သည်လည်း “အရှင်တို့.. အကျွန်ုပ်တို့သည် အရှင်တို့ကို အမှီပြုကြကာ အရှင်တို့၏အကဲကိုသာ



၁၀

အမြဲကြည့်ရှုကြကာ ဤပရိဗိုဇ်အရံ၌ နေကြသူများ ဖြစ်ပါကုန်သည်၊ အရှင်တို့နှစ်ပါး မြတ်စွာဘုရားအထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးတော်မူကြပါလျှင် အကျွန်ုပ်တို့အားလုံးလည်း မြတ်စွာဘုရားအထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးကြပါကုန်အံ့”ဟူ၍ ပြန်ကြား လျှောက်ထားကြလေသည်။ ထိုအခါ သူငယ်ချင်းနှစ်ဦးသားတို့သည် သိဉ္စည်းဆရာကြီးထံသို့ သွားရောက်ကြ၍ သိဉ္စည်းဆရာကြီးကို မြတ်စွာဘုရားထံသို့ အတူတကွ သွားရောက်ကြရန် သုံးကြိမ်တိုင်တိုင် ခေါ်ငင်ပါသော်လည်း မရရှိပဲ နောက်ဆုံးတွင် သိဉ္စည်းဆရာကြီးက “အမောင်တို့.. ဤလောက၌ ပညာမဲ့သူက များသလော၊ ပညာရှိသူက များသလော”ဟူ၍ မေးမြန်းသဖြင့် “ဆရာကြီး.. ဤလောက၌ ပညာမဲ့သူကသာများ၍ ပညာရှိသူကား နည်းပါးလှပါသည်”ဟု ဖြေဆိုကြလေသော် သိဉ္စည်းဆရာကြီးက “အမောင်တို့.. ထိုသို့ဖြစ်ခဲ့လျှင် ပညာရှိသူများသည် ပညာရှိသည့် ရဟန်းဂေါတမ၏အထံသို့ သွားကြလိမ့်မည်၊ ပညာမဲ့သောသူများသည် ပညာမဲ့သော ငါ၏အထံသို့ လာကြလိမ့်မည်၊ အမောင်တို့သာ သွားကြလော့၊ ငါကား ဘယ်နည်းနှင့်မှ မလိုက်နိုင်”ဟု အဆုံးသတ် စကားပြတ် ပြောဆိုသဖြင့် သူငယ်ချင်းနှစ်ဦးတို့သည် မိမိတို့၏ တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့ကို ခေါ်ဆောင်ကြ၍ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတိုက်သို့ သွားကြလေကုန်၏။

     ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ် သူငယ်ချင်းနှစ်ဦးတို့ ခေါင်းဆောင်ရှေ့သွားပြု၍ တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့နှင့်တကွ ဝေဠုဝန်ကျောင်းတိုက်သို့ သွားကြလေသော် သိဉ္စည်းဆရာကြီး၏ ပရိသတ်ကား ကွဲပြားခဲ့လေပြီ၊ ပရိဗိုဇ်အရံကြီးတခုလုံး ဆိတ်သုဉ်းလေပြီ၊ သိဉ္စည်းဆရာကြီးမှာ ဆိတ်သုဉ်းသော မိမိ၏ ပရိဗိုဇ်အရံကျောင်းတိုက်ကို ကြည့်၍ သောကအတွင်းမီး တောက်လောင်ကာ ကျိုက်ကျိုက် ဆူသောသွေး ခံတွင်းမှ တပွက်ပွက် အန်ထွက်လေတော့၏။



၁၁

     ထိုအချိန်၌ မြတ်စွာဘုရားသည် ပရိသတ်တို့၏အလယ်၌ တင့်တယ်စွာ ထိုင်နေတော်မူ၍ တရားဟောနေခိုက်ဖြစ်ရကား ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ် သူငယ်ချင်းနှစ်ဦးသားတို့ တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့နှင့် အတူတကွ ဝေဠုဝန်ကျောင်းတိုက်သို့ ရှေးရှုလာနေကြသည်ကို အဝေးမှပင် မြင်တော်မူလတ်၍ ကိုယ်တော်ထံပါး၌ တရားနာနေဆဲရှိကြသော ရဟန်းများကို-

“ရဟန်းတို့.. (ဟောဟိုမှာ) ကောလိတနှင့် ဥပတိဿ သူငယ်ချင်းနှစ်ဦးသားတို့ ငါဘုရားထံသို့ လာနေကြသည်၊ ထိုသူနှစ်ဦးသည် ငါဘုရား၏ လက်ဝဲရံ လက်ျာရံ အဂ္ဂသာဝကအစုံ ဖြစ်ကြလိမ့်မည်”–

ဟူ၍ မိန့်ကြားတော်မူလေ၏၊ ထိုအခါ သူငယ်ချင်းနှစ်ဦးသားတို့သည် တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်နှင့်တကွ မြတ်စွာဘုရားထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်ကြ၍ မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးခေါင်းဝပ်လျှိုး ရှိခိုးဦးညွှတ်ကြကုန်၏။

ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ကြခြင်း

     ထိုသို့ မြတ်စွာဘုရားအား ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရကြပါရစေ၊ ရဟန်းအဖြစ်ကို ရကြပါရစေ”ဟု ရှင်ရဟန်းအဖြစ်ကို တောင်းပန်ကြလေသော် မြတ်စွာဘုရားသည် ရှေးနည်းအတူပင် “ဧထ ဘိက္ခဝေါ အစရှိ သည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ်



၁၂

အားထုတ်ကြလော့”ဟု ရွှေလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် ထိုသူငယ်ချင်းနှစ်ဦးနှင့်တကွ တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ငါးဆယ်တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသားဖြစ်ကြလျက် အဝါ ၆၀-ရသော မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်၊ အံ့ဩဖွယ်ရာ လူ့အသွင်ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။ (ဧထ ဘိက္ခဝေါ-ဟူ၍ မြတ်စွာဘုရားက ရွှေနှုတ်တော်မြွက်၍ ခေါ်တော်မူလိုက်ခြင်းသည်ပင် ထိုသူငယ်ချင်းနှစ်ဦးတို့နှင့်တကွ တပည့်ပရိဗိုဇ် (၂၅၀) နှစ်ရာ့ ငါးဆယ်တို့အဖို့ရာ ဧဟိဘိက္ခု ရဟန်းခံခြင်းပင် ဖြစ်လေသည်၊ သိမ်ဝင်ဖွယ်ရာကိစ္စ လုံးဝမရှိတော့ပြီ။)

တပည့်ရဟန်း ၂၅ဝ-တို့ ရဟန္တာဖြစ်ကြခြင်း

     ထိုသို့ ဧဟိဘိက္ခု ရဟန်းပြုကြပြီးသောအခါ မြတ်စွာဘုရားသည် ထိုသူငယ်ချင်းနှစ်ဦးသားတို့၏ ပရိသတ်ဖြစ်ကြသော ရဟန်း (၂၅၀) နှစ်ရာ့ငါးဆယ်တို့၏စရိုက်ကို ကြည့်ရှုတော်မူကာ ထိုသူတို့နှင့် သင့်လျော် လျောက်ပတ်သော တရားကို တိုးချဲ့ ဟောကြားတော်မူလေ၏။ (အဂ္ဂသာဝကနှစ်ပါးကို ချန်ထား၍) ကြွင်းသော တပည့်ရဟန်း (၂၅၀) နှစ်ရာ့ငါးဆယ်တို့သည် အရဟတ္တဖိုလ်သို့ ထိုတထိုင်တည်းမှာပင် ဆိုက်ရောက်ကြလေကုန်၏။

     အဂ္ဂသာဝက နှစ်ပါးတို့အတွက်ကား အထက်မဂ်သုံးပါးကိစ္စသည် မပြီးဆုံးသေးပဲရှိ၏။ အကြောင်းကား သာဝကပါရမီဉာဏ်သည် (၁) အဂ္ဂသာဝက ပါရမီဉာဏ်၊ (၂) မဟာသာဝက ပါရမီဉာဏ်၊ (၃) ပကတိသာဝက ပါရမီဉာဏ်ဟူ၍ သုံးပါးရှိသည့်အနက် ထိုအရှင်မြတ်နှစ်ပါးတို့၏ အဂ္ဂသာဝက ပါရမီဉာဏ်က ကြီးမားပြန့်ကျယ်လှသောကြောင့်တည်း။



၁၃

အရှင်မဟာမောဂ္ဂလာန် ရဟန္တာဖြစ်ခြင်း

     ထို့နောက် အရှင်မဟာမောဂ္ဂလာန်သည် ရဟန်းဖြစ်သည့်နေ့မှ ခုနစ်ရက်မြောက်သောနေ့၌ မဂဓတိုင်း ကလဝါလပုတ္တရွာငယ်ကို ဂေါစရဂံပြု၍ တောအုပ်တခု၌ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလတ်သည်ရှိသော် ခုနစ်ရက်ပတ်လုံး စင်္ကြံကြွကာ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်တော်မူသဖြင့် ကိုယ်တော်ပင်ပန်း နွမ်းနယ်လှသည်ဖြစ်၍ စင်္ကြံစွန်းဝယ် ထိုင်လျက်သား ငိုက်မျဉ်း၍ နေတော်မူ၏၊ ထိုသို့ ငိုက်မျဉ်း၍နေစဉ် မြတ်စွာဘုရားက တရားပြ ထိတ်လန့်စေရကား ထိနမိဒ္ဓကို ပယ်ဖျောက်၍ မြတ်စွာဘုရား နည်းပေးအပ်သည့် ဓာတ်ကမ္မဋ္ဌာန်းကို နာကြားရလျှင် အထက်မဂ်သုံးပါးကိစ္စကို ပြီးစေ၍ သာဝကပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်တော်မူလေသည်*

အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်ခြင်း

     အရှင်သာရိပုတ္တရာ မထေရ်သည်လည်း ရဟန်းဖြစ်သောနေ့မှ လခွဲ (၁၅-ရက်) လွန်သောနေ့ (= တပို့တွဲလပြည့်နေ့)၌ မြတ်စွာဘုရားနှင့် အတူတကွ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင် သူကရခတလိုဏ် (= ဝက်တူးလိုဏ်)၌ နေတော်မူစဉ် မိမိ၏တူဖြစ်သော ဒီဃနခပရိဗိုဇ်အား ဝေဒနာပရိဂ္ဂဟသုတ္တန်ခေါ်သည့် (မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ်လာ) ၄-ဒီဃနခသုတ်ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်ရှိသော် သုတ္တန်ကို အစဉ်လျှောက်သဖြင့် မိမိဉာဏ်ကို စေလွှတ်ကာ ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်း နှလုံးသွင်းတော်မူ၍ သူတပါးအတွက် ခူးထားသော ထမင်းပွဲကို သုံးဆောင်စားသောက်သောသူကဲ့သို့ သာဝကပါရမီဉာဏ် အထွတ်အထိပ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်တော်မူလေသည်၊ တဆယ့်ခြောက်ပါးသော ဉာဏ်ပညာတို့ကိုလည်း


     * ဤအကြောင်း အကျယ်ကို အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၆-အဗျာကတဝဂ်၊ ၈-ပစလယမာနသုတ် ပိဋကမြန်မာပြန်နှင့် ၎င်းအဋ္ဌကထာတို့ကို ကြည့်ရှုရာ၏။



၁၄

ထိုးထွင်းရမိ သိရှိလေသည်။ (တူဖြစ်သော ဒီဃနခပရိဗိုဇ်ကား သောတာပတ္တိဖိုလ်သို့ရောက်၍ သရဏဂုံတည်သူ ဖြစ်လေသည်။)

[ဤ၌။ ။အရှင်သာရိပုတ္တရာသည် ပညာကြီးသူ ဖြစ်တော်မူပါလျက် အဘယ့်ကြောင့် အရှင်မဟာမောဂ္ဂလာန်၏နောက်ကျမှ ရဟန္တာဖြစ်ရသနည်းဟု မေးဖွယ်ရှိ၏။ အကျဉ်းချုပ်အဖြေကား- အရှင်သာရိပုတ္တရာ၏ ဝိပဿနာပရိကံက အရှင်မဟာမောဂ္ဂလာန်၏ ဝိပဿနာပရိကံထက် ကြီးကျယ် များပြားလှသောကြောင့် နောက်ကျမှ ရဟန္တာဖြစ်ရသည်၊ ဤကား အကျဉ်းအဖြေတည်း။ ထင်ရှားစေဦးအံ့- ဆင်းရဲသားများ အရပ်တပါးသို့ ခရီးသွားလိုကြသော် အဆောင်အယောင် အခမ်းအနား မကြီးကျယ် နည်းပါးသဖြင့် လျင်မြန်စွာ ထွက်နိုင်ကြ၏။ ပြည့်ရှင်မင်းများ ခရီးထွက်လိုကြသော်ကား ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင် တပ် အစရှိသော အဆောင်အယောင် အခမ်းအနားများ ကြီးကျယ်လွန်းလှသဖြင့် (ရှင်ဘုရင်တခါထွက် ပဲကြီးတလှေချက်ဟူသော စကားပုံအတိုင်း) လျင်မြန်စွာ မထွက်နိုင်တည့်ကြပဲ အလွန်ကြာမြင့်မှ ထွက်နိုင်ကြသကဲ့သို့ ဤအရာ၌ ဤဥပမာအတိုင်းပင် မှတ်ယူရာ၏။

သိသာအောင် ထပ်မံချဲ့ထွင်ဦးအံ့- ဤအရာ၌ ဘုရားအလောင်းတော်များ, ပစ္စေကဗုဒ္ဓါ အလောင်းအလျာများ, သာဝကဗောဓိ အလောင်းအလျာများ၏ ဝိပဿနာရှုရာ ရုပ်နာမ်ဓမ္မ သင်္ခါရတရားအစုကို သမ္မသနစာရဟူ၍လည်း ခေါ်၏ = အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်သုံးသပ်သောဉာဏ်၏ ကျက်စားရာ တရားအစုဟု ဆိုလိုသည်။ ဝိပဿနာဘူမိဟူ၍လည်း ခေါ်၏ = ဝိပဿနာဉာဏ်၏ဖြစ်ရာ တရားအစုဟု ဆိုလိုသည်။

ထိုအလောင်းအလျာ သုံးမျိုးတို့အနက်-

(၁) သမ္မာသမ္ဗောဓိ အလောင်းအလျာ (ဘုရားအလောင်းတော်)တို့သည် စကြဝဠာတိုက်ပေါင်း ကုဋေတသိန်းအတွင်း၌ ရှိကြသော သတ္တဝါတို့သန္တာန်၌ တည်ရှိသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို၎င်း, အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် ဗဟိဒ္ဓ သင်္ခါရတရားတို့ကို၎င်း အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏယာဉ် သုံးချက်တင်၍ ဆင်ခြင် သုံးသပ်တော်မူကြကုန်၏။

(၂) ပစ္စေကဗောဓိ အလောင်းအလျာ (= ပစ္စေကဗုဒ္ဓါ အလောင်းတော်)တို့သည် မိမိသန္တာန်၌ဖြစ်သော သင်္ခါရတရားများ



၁၅

ဇမ္ဗူဒိပ်ကျွန်းသား (တနည်း မဇ္ဈိမတိုက်သား) သတ္တဝါတို့သန္တာန်၌ဖြစ်သော သင်္ခါရတရားများနှင့် အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် ဗဟိဒ္ဓ သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏယာဉ် သုံးချက်တင်၍ ဆင်ခြင် သုံးသပ်တော်မူကြကုန်၏။

(၃) သာဝကဗောဓိ အလောင်းအလျာ (= အဂ္ဂသာဝကအလောင်း, မဟာသာဝကအလောင်း, ပကတိသာဝက အလောင်းတော်)တို့သည်ကား မိမိသန္တာန်၌ဖြစ်သော သင်္ခါရတရားတို့ကို၎င်း, သူတပါးသန္တာန်၌ဖြစ်သော သင်္ခါရတရားတို့ကိုလည်း ပုဂ္ဂိုလ်သန္တာန် ခွဲဝေမှုမပြုပဲ ဗဟိဒ္ဓ၏အဖြစ်ဖြင့် တူသောကြောင့် တပေါင်းတည်းပြု၍၎င်း အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏယာဉ် သုံးချက်တင်၍ ဆင်ခြင် သုံးသပ်တော်မူကြကုန်၏။

အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိမိသန္တာန်၌ဖြစ်သော သင်္ခါရတရား, သူတပါးသန္တာန်၌ဖြစ်သော သင်္ခါရတရားတို့ကို တရားလုံးစေ့မဟုတ်ပဲ အချို့ အချို့သော သင်္ခါရတရားတို့ကိုသာ လိုရင်းထုတ်၍ထုတ်၍ အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏယာဉ် သုံးချက်တင်၍ ဆင်ခြင် သုံးသပ်တော်မူသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်ကား ရှေးဖော်ပြရာပါ သာဝကဗောဓိ အလောင်းအလျာတို့၏ ဝိပဿနာဉာဏ်ဖြစ်ပွါးရာ သင်္ခါရတရားတို့ကိုပင် လက္ခဏယာဉ် သုံးချက်တင်၍ ဆင်ခြင် သုံးသပ်တော်မူရာဝယ် အရှင်မဟာမောဂ္ဂလာန်ထက် သာလွန်၍ တရားအလုံးစုံကို တရားလုံးတခုစီတခုစီ ထုတ်၍ထုတ်၍ ဝိပဿနာရှု ဆင်ခြင်တော်မူလေသည်။

သို့ရကား အရှင်မဟာမောဂ္ဂလာန် မထေရ်သည် သာဝကတို့၏ သမ္မသနစာရခေါ်သော သင်္ခါရတရားအစုကို တောင်ဝေးစွန်း (= တောင်ဝှေးထိပ်)ဖြင့် မြေ၌ထောက်၍ထောက်၍ သွားသောသူသည် မြေကြီး တစိတ်တဒေသကိုသာ ထောက်မိသကဲ့သို့ (မထောက်မိသော မြေကြီးကသာ များသကဲ့သို့) တစိတ်တဒေသဖြစ်သော သင်္ခါရတရားအစုကို သုံးသပ်ဆင်ခြင်တော်မူလျက် ခုနစ်ရက်မျှ ကာလပတ်လုံး အားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်ကား ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်းတို့၏ သမ္မသနစာရ တရားအစုကိုထား၍ သာဝကတို့ဆိုင်ရာ သမ္မသနစာရခေါ်သော သင်္ခါရတရားအစုကို အကြွင်းအကျန်မရှိ သုံးသပ် ဆင်ခြင်တော်မူလျက် တဆယ့်ငါးရက်ကြာ ကာလပတ်လုံး



၁၆

အားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။ အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီးလျှင်ပင် “ဘုရားမြတ်စွာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ထား၍ ငါ ပညာဖြင့်ဆိုက်ရောက်အပ်သော တရားကို ငါနှင့်ရည်တူ ဆိုက်ရောက်ခြင်းငှါ စွမ်းနိုင်သည့် အခြားသာဝကတပါး မရှိ”ဟူ၍ ရဲရဲတောက် သိမြင်တော်မူလေသည်။

ဥပမာအားဖြင့်.. ဝါးတောင်ဝှေး ခုတ်ယူလိုသော ပဌမယောက်ျားသည် ရှုပ်ထွေးယှက်ရုံနေသော ဝါးချုံကြီးကို တွေ့မြင်လတ်သော် “အရှုပ်အထွေးတို့ကို ဖြတ်တောက်ခုတ်ရှင်း၍ အတွင်းမှ အကောင်းကိုသာ ရွေးထုတ်ခုတ်ယူနေလျှင် အချိန်ကြာမြင့်နေလိမ့်မည်”ဟု အောက်မေ့ကာ ဝါးချုံအတွင်း လက်ကိုသွင်းပြီးလျှင် လက်လှမ်းမှီသော တောင်ဝှေးကိုသာ အရင်းအဖျားဖြတ်၍ ယူဆောင်ကာ သွားလေရာ၏။ ထိုယောက်ျားသည် ရှေးဦးစွာ တောင်ဝှေးကို ရယူ၍သွားသော်လည်း တောင်ဝှေး ကောင်းကောင်း ခိုင်ခိုင် ဖြောင့်ဖြောင့်ကိုမူ မရနိုင်။ အခြားဒုတိယမြောက် တောင်ဝှေးခုတ်ယူလိုသော ယောက်ျားသည်ကား ရှုပ်ထွေးယှက်ရုံနေသော ဝါးချုံကြီးကိုပင် တွေ့မြင်လတ်သော် “အကယ်၍ လက်လှမ်းမှီသော တောင်ဝှေးကိုသာ အရင်းအဖျားဖြတ်၍ ယူဆောင်သွားလျှင် တောင်ဝှေး ကောင်းကောင်း ခိုင်ခိုင် ဖြောင့်ဖြောင့်ကို ရလိမ့်မည်မဟုတ်”ဟု အောက်မေ့ကာ အောက်ပိုး (= ခါးတောင်း)ကျိုက်ပြီးလျှင် ထက်လှစွာသော ဓားဖြင့် ဝါးရုံအရှုပ်အထွေးကို ဖြတ်၍ တောင်ဝှေး ကောင်းကောင်း ခိုင်ခိုင် ဖြောင့်ဖြောင့်ကိုသာ ရွေးနုတ်ခုတ်ယူကာ သွား လေရာ၏။ ဤဒုတိယယောက်ျားသည် နောက်မှ တောင်ဝှေးကို ရယူ၍သွားသော်လည်း တောင်ဝှေး ကောင်းကောင်း ခိုင်ခိုင် ဖြောင့်ဖြောင့်ကိုသာ ရယူသကဲ့သို့ ဤဥပမာအတိုင်းပင် ဤအဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးတို့၏ အရဟတ္တမဂ်ဖိုလ်ကို ရခြင်းကို မှတ်ယူရာ၏။ ပဌမယောက်ျား၏ တောင်ဝှေးကို ခုတ်ယူခြင်း အလျင်လက်ဦး တောင်ဝှေးကို ရယူခြင်းနှင့် အရှင်မဟာမောဂ္ဂလာန်၏ ပဓာနအလုပ် အားထုတ်ခြင်း အရဟတ္တမဂ်ဖိုလ်ကို ရယူခြင်းတို့ တူ၏။ ဒုတိယယောက်ျား၏ စိတ်ရှည်လက်ရှည် ဆေးလေးစွာ တောင်ဝှေးကို ခုတ်ယူခြင်း နောက်မှ တောင်ဝှေး ကောင်းကောင်းခိုင်ခိုင် ဖြောင့်ဖြောင့်ကို ရယူခြင်းနှင့် အရှင်သာရိပုတ္တရာ၏ ဆေးလေးစွာ တဆယ့်ငါးရက်ကြာ ပဓာနအလုပ် အားထုတ်ခြင်း သာဝကပါရမီဉာဏ် အထွတ်အထိပ်ရောက် အရဟတ္တမဂ်ကို ရယူခြင်းတို့ တူ၏။



၁၇

အဂ္ဂသာဝကနှစ်ပါးတို့၏ ပဋိပဒါအထူး

အရှင်မဟာမောဂ္ဂလာန်၏ အောက်မဂ်သုံးပါးတို့သည် သုခပဋိပဒါ ဒန္ဓာဘိည (= နီဝရဏတို့ကို လျင်မြန်လွယ်ကူစွာ ပယ်နိုင်၍ ထို၏အထက် မဂ်သို့ရောက်ဆိုက်ရန် ဝိပဿနာ အသိဉာဏ်တို့ကား နှေးကန်ဆေးလေးသော ဝိပဿနာဉာဏ်ရှိကြသည့်) အောက်မဂ်တို့ ဖြစ်ကုန်၏။ အရဟတ္တမဂ်သည် ဒုက္ခပဋိပဒါ ခိပ္ပါဘိည (= နီဝရဏတို့ကို ခဲယဉ်းငြိုငြင်စွာ ပယ်ရ၍ ထို၏အထက် အရဟတ္တမဂ်သို့ ရောက်ဆိုက်ရန် ဝိပဿနာ အသိဉာဏ်တို့ကား လျင်မြန်ထက်မြက်သော ဝိပဿနာဉာဏ်ရှိသည့်) အရဟတ္တမဂ် ဖြစ်လေသည်။

တရားစစ်မှူးဖြစ်သော အရှင်သာရိပုတ္တရာ၏ အောက်မဂ်သုံးပါးတို့သည် (အရှင်မောဂ္ဂလာန်နှင့် အလားတူပင်) သုခပဋိပဒါခန္ဓာဘိည အောက်မဂ်တို့ ဖြစ်ကုန်၏။ အရဟတ္တမဂ်သည်ကား သုခပဋိပဒါခိပ္ပါဘိည (= နီဝရဏတို့ကိုလည်း လွယ်ကူစွာ ပယ်နိုင်၍ ထို၏အထက် အရဟတ္တမဂ်သို့ ရောက်ဆိုက်ရန် ဝိပဿနာအသိဉာဏ်တို့သည်လည်း လျင်မြန်ထက်မြက်သော ဝိပဿနာဉာဏ်တို့ရှိသည့်) အရဟတ္တမဂ် ဖြစ်လေသည်။

ဤကား မထေရ်မြတ်ကြီးနှစ်ပါးတို့၏ ပဋိပဒါ အထူးတည်း။ အံ ဋ္ဌ-၂။ မျက်နှာ ၃၄၅၊ ပဋိပဒါဝဂ် ၇-၈-သုတ်အဖွင့်မှ]။

အင်္ဂါလေးပါးရှိသော သာဝကသန္နိပါတကြီး

တကြိမ်ဖြစ်ခြင်းအကြောင်း

     မြတ်စွာဘုရားသည် ဤ “ဝေဒနာပရိဂ္ဂဟသုတ္တန်”ခေါ်သည့် ဒီဃနခသုတ္တန် (မ-၂၊ ၁၆၅)ကို နေမဝင်မီပင် ပြီးဆုံးအောင် ဟောတော်မူ၍ ဂိဇ္ဈကုဋ်တောင်မှ သက်ဆင်းတော်မူခဲ့၍ ဝေဠုဝန်ကျောင်းတော်သို့ သွားရောက်ပြီးလျှင်-

(၁) တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊

(၂) မည်သူတဦးတယောက်မျှ ပင့်ဖိတ်အပ်သည်မဟုတ်ပဲ မိမိတို့ဓမ္မတာအတိုင်း ရဟန်းပေါင်း (၁၂၅၀) တထောင်နှစ်ရာ ငါးကျိပ် (ဥရုဝေလကဿပညီနောင် ရဟန်းတထောင်နှင့် အဂ္ဂသာဝကကြီးနှစ်ပါးတို့အဖွဲ့မှ နှစ်ရာ့ငါးကျိပ်)တို့ စည်းဝေးမိခြင်း၊



၁၈

(၃) ထို (၁၂၅၀) တထောင်နှစ်ရာ ငါးကျိပ်သော ရဟန်းအားလုံးပင် ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ခြင်း၊

(၄) ထိုရဟန်းအားလုံးပင် ဆဠဘိည (= အဘိညာဏ်ခြောက်ပါး ရရှိကြသည့်) ရဟန္တာချည်းဖြစ်ခြင်း၊

     ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကသန္နိပါတ (= သာဝက အစည်းအဝေးကြီး)ကို ပြုတော်မူပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးနှစ်ပါးတို့အား အဂ္ဂသာဝကရာထူးကို အပ်နှင်းပေးသနားတော်မူ၍ ထိုနေ့မှာပင် ဘုရားတကာ မစွန့်ရာသော ဩဝါဒပါတိမောက်ကို ပြတော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     ရှေး (ပဌမတွဲလာ) နှစ်ကျိပ်လေးဆူ ဗုဒ္ဓဝင်အခဏ်း၌ ဘုရားရှင်တို့၏ ဓမ္မာဘိသမယခေါ်သော တရားပွဲကြီးများ သုံးကြိမ်ဖြစ်သကဲ့သို့ ဤအကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားမှာလည်း အထူး မှတ်တမ်းတင်ယူအပ်သည့် ဓမ္မာဘိသမယခေါ်သော တရားပွဲကြီးများ သုံးကြိမ်ပင် ဖြစ်ခဲ့လေ သည်၊ သုံးကြိမ်ဟူသော်ကား-

     (၁) ရှေး၌ ပြဆိုခဲ့ပြီးသည့်အတိုင်း ဘုရားဖြစ်ပြီးနောက် မိဂဒါဝုန်တောသို့ ကြွရောက်၍ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောကြားတော်မူသောအခါ အရှင်ကောဏ္ဍည မထေရ်သည် ဗြဟ္မာပေါင်း တဆယ့်ရှစ်ကုဋေတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေသည်။

(ဤကား ရှေးဦးစွာ လူနတ်ဗြဟ္မာ သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟုဆိုအပ်သော ပဌမ ဓမ္မာဘိသမယ = ပဌမတရားပွဲကြီးတည်း။)

     (၂) နောက်အခါ မဟာမင်္ဂလာ အခါတော်နေ့၌ စကြဝဠာပေါင်း တိုက်တသောင်းမှ ခညောင်းရောက်ဆိုက်လာကြသော



၁၉

နတ်လူအပေါင်းတို့၏ အလယ်၌ မင်္ဂလသုတ္တန်ကို ဟောကြား ပြီးဆုံးသောအခါ မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်လတ္တံ့။

(ဤကား နှစ်ကြိမ်မြောက် လူနတ်ဗြဟ္မာ သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟုဆိုအပ်သော ဒုတိယ ဓမ္မာဘိသမယ = နှစ်ကြိမ်မြောက် တရားပွဲကြီးတည်း။)

     (၃) တဖန် နောက်အခါ အရှင်ရာဟုလာကို စူဠရာဟုလောဝါဒသုတ္တန် (မ-၃၊ ၃၂၄။ သံ-၂ ၊ ၃၂၄)ကို ဟောတော်မူသောအခါ အရှင်ရာဟုလာနှင့်တကွ ထောင်ပေါင်းများစွာ နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်လတ္တံ့။

(ဤကား သုံးကြိမ်မြောက် လူနတ်ဗြဟ္မာ သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟုဆိုအပ်သော တတိယ ဓမ္မာဘိသမယ = သုံးကြိမ်မြောက် တရားပွဲကြီးတည်း။)

သာဝကသန္နိပါတ တကြိမ်

     အကျွန်ုပ်တို့၏ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားမှာ ရှေး (စာမျက်နှာ-၁၈)၌ ဖော်ပြအပ်ပြီးသည့်အတိုင်း အင်္ဂါလေးပါးရှိသော သာဝကအစည်းအဝေးကြီး တကြိမ်သာ ဖြစ်လေသည်။

     ထိုအစည်းအဝေး၌ပင် မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပဌမဆုံးအကြိမ် ပြတော်မူသည်။

ပါတိမောက်နှစ်ပါး အကြောင်း

     ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူကို အပါယ်ဒုဂ္ဂတိဘေး စသည်မှ လွတ်မြောက်စေတတ်သောကြောင့် မြတ်စွာဘုရားတို့၏ အကျဉ်းချုပ် အဆုံးအမ ဩဝါဒနှင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်များကို ပါတိမောက်ဟူ၍ ခေါ်၏။ ထိုပါတိမောက်သည်



၂၀

(၁) ဩဝါဒပါတိမောက်၊ (၂) အာဏာပါတိမောက်ဟူ၍ နှစ်ပါး အပြားရှိ၏။

     ထိုနှစ်ပါးတို့တွင် (၁) ဩဝါဒပါတိမောက်ကို မြတ်စွာဘုရားတို့သာလျှင် ပြတော်မူ ဟောတော်မူကြကုန်၏၊ ထိုမြတ်စွာဘုရားများသာ ပြတော်မူကြ ဟောတော်မူကြသည့် ဩဝါဒပါတိမောက် ဒေသနာမှာ “ခန္တီ ပရမံ တပေါ တိတိက္ခာ” အစရှိသော သုံးဂါထာတို့ပင် ဖြစ်ကုန်၏။ ဘုရားရှင်တိုင်းပင် ဤဩဝါဒ သုံးဂါထာဖြင့် ပါတိမောက်ကို ပြတော်မူကုန်၏၊ တရားဒေသနာ ဂါထာအထူးအပြားကား မရှိ၊ ပြတော်မူသည့် ကာလအထူးအပြားသာ ရှိသည်။ ရှိပုံမှာ-

     ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တကြိမ် ခုနစ်နှစ်တကြိမ် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။ တကြိမ် ပေးလိုက်သော ဩဝါဒသည် ခုနစ်နှစ်စာ ဆုံးမပြီးသား ဖြစ်လေ၏။ သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရားတို့သည် ခြောက်နှစ်တကြိမ် ခြောက်နှစ်တကြိမ် ဩဝါဒပါတိမောက်ကို ပြတော်မူကုန်၏။ ကကုသန်မြတ်စွာဘုရား, ကောဏာဂုံမြတ်စွာဘုရားတို့သည် တနှစ်တကြိမ် တနှစ်တကြိမ် ဩဝါဒပါတိမောက်ကို ပြတော်မူကုန်၏။ ကဿပမြတ်စွာဘုရားသည် ခြောက်လတကြိမ် ခြောက်လတကြိမ် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။ ထိုကဿပမြတ်စွာဘုရား၏ တကြိမ်ပေးလိုက်သော ဩဝါဒသည် ခြောက်လစာ ဆုံးမပြီးသား လုံလောက်ပြီးသား ဖြစ်လေ၏*

     ဤဩဝါဒပါတိမောက်နှင့်စပ်၍ ဝိနည်းအဋ္ဌကထာ ပဌမအုပ်၊ ဝေရဉ္ဇကဏ္ဍအဖွင့် စာမျက်နှာ ၁၅၃-၄တို့၌ ဖွင့်ပြချက်ကို ထုတ်ဖော်ပြဆိုဦးအံ့၊ ရှေးဘုရားရှင်တို့သည် ဩဝါဒပါတိမောက်ကိုသာ ပြတော်မူကုန်၏။ (ထိုဩဝါဒပါတိမောက်ကိုလည်း လခွဲတကြိမ် ပြသည်မဟုတ်)။ ချဲ့ဦးအံ့.. ဝိပဿီမြတ်စွာဘုရားသည်


     * ဤကား ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် အာနန္ဒတ္ထေရပဉှဝတ္ထု အဖွင့်၌လာသော စကားရပ်တည်း။



၂၁

ခြောက်နှစ် ခြောက်နှစ် ပြည့်သောနေ့၌ တကြိမ် တကြိမ် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။ ထိုဩဝါဒပါတိမောက်ကိုလည်း ကိုယ်တော်တိုင်သာ ပြတော်မူ၏။ သာဝက ရဟန်းတော်များသည်ကား မိမိတို့နေထိုင်ရာ ကျောင်းတိုက်အရံ၌ မပြကြကုန်။ ဇမ္ဗူဒိပ်တကျွန်းလုံးတွင် ဗန္ဓုမတီပြည်အနီး သားကောင်တို့အား ဘေးမဲ့ပေးရာ ခေမမည်သော ဥယျာဉ်ကြီးအတွင်း ဝိပဿီမြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရာ ကျောင်းတိုက်ကြီးအတွင်း၌သာလျှင် ရှိသမျှရဟန်းသံဃာအားလုံး တစုတည်း သံဃဥပုသ်ကို ပြုတော်မူကြ၏။

     ထိုဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါ၌ ဇမ္ဗူဒိပ်ကျွန်းအပြင်မှာ ကျောင်းတိုက်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်ရှိ၏၊ ကျောင်းတိုက် တတိုက်တတိုက်၌ ဝိသဘာဂပုဂ္ဂိုလ်တို့နှင့် မရောမပြွမ်း စင်ကြယ်စွာသော ရဟန်းပေါင်း တသောင်းနှစ်သောင်းတို့ နေထိုင်ကြကုန်၏။ ထို့ထက်အလွန်လည်း နေထိုင်ကြကုန်၏။ ဥပုသ်ပြောကြားကြသည့် နတ်များတို့သည် ရဟန်းတော်တို့ သီတင်းသုံးနေထိုင်ရာ ထိုထိုကျောင်းတိုက်သို့ သွားရောက်ကြ၍ (တနှစ် တနှစ်လွန်လျှင် တကြိမ် တကြိမ်) “ဆင်းရဲကင်းတော်မူကြသော အရှင်မြတ်တို့.. တနှစ်လွန်ခဲ့ပါပြီ၊ နှစ်နှစ်- သုံးနှစ်- လေးနှစ်- ငါးနှစ် လွန်ခဲ့ပါပြီ၊ ဤယခုနှစ်ကား ခြောက်နှစ်မြောက်နှစ် ဖြစ်ပါသည်၊ လာလတ္တံ့သော လပြည့်နေ့၌ မြတ်စွာဘုရားကို ရိုသေလေးမြတ် ဆည်းကပ်ဖူးမြင်ခြင်းငှါ၎င်း, ဥပုသ်ပြုခြင်းငှါ၎င်း သွားရောက်ကြရပါမည်၊ အရှင်တို့၏ စည်းဝေးရမည့်အချိန်ကာလ ဆိုက်ရောက်ခဲ့ပါပြီ”ဟု လျှောက်ထားပြောဆိုကြကုန်၏။

     ထိုအခါ တန်ခိုးအာနုဘော်ရှိသော ရဟန်းတို့သည် မိမိ မိမိတို့၏ တန်ခိုးအာနုဘော်ဖြင့် ဝိပဿီမြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရာ ခေမမိဂဒါဝုန်ကျောင်းတိုက်သို့ ကြွသွားကြကုန်၏။ တန်ခိုးအာနုဘော်မရှိသော ရဟန်းတို့ကား နတ်တို့၏ အာနုဘော်ဖြင့် ကြွသွားကြကုန်၏၊ ကြွသွားကြပုံမှာ-



၂၂

ထိုတန်ခိုးအာနုဘော်မရှိသော ရဟန်းတို့သည် မိမိတို့၏ နေထိုင်ရင်းဖြစ်သည့် အရှေ့သမုဒြာအနီး ကျောင်းတိုက်, အနောက်သမုဒြာအနီး ကျောင်းတိုက်, မြောက်သမုဒြာအနီး ကျောင်းတိုက်, တောင်သမုဒြာအနီး ကျောင်းတိုက် အသီးသီးတို့၌ နေထိုင်ကြကုန်ရင်း ခရီးသွားရဟန်းတို့ ပြုလုပ်ရမည့် ကျောင်းအိပ်ရာ နေရာကို သုတ်သင်ခြင်း အစရှိသော ဝတ်များကို ပြည့်စုံအောင် ပြုလုပ်ကြပြီးလျှင် သပိတ်သင်္ကန်းများကို ယူဆောင်၍ “သွားကြတော့အံ့”ဟူ၍ စိတ်အကြံဖြစ်သည်နှင့် တပြိုင်နက် (နတ်တို့၏ အာနုဘော်ကြောင့်) ဥပုသ်အိမ်သို့ ရောက်ရှိပြီးသားဖြစ်ကြကာ ဝိပဿီမြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးထိုင်နေကြကုန်၏။

     ဝိပဿီမြတ်စွာဘုရားသည်လည်း ရဟန်းပရိသတ် အစုံအညီ အစည်းအဝေးတွင် ဤဆိုလတ္တံ့သော ဩဝါဒပါတိမောက်ကို ပြတော်မူ ဟောတော်မူ၏။

(၁) ခန္တီ ပရမံ တပေါ တိတိက္ခာ၊

နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။

န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊

န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

     တိတိက္ခာ = တိတိက္ခာဟု ဆိုအပ်သော။ ခန္တီ = အဓိဝါသန ခန္တီတရားသည် (သူတပါးတို့ စွပ်စွဲခြင်း ပြစ်မှားခြင်း အချမ်းအပူ အစရှိသည်ကို မျက်နှာမနွမ်း ခံနိုင်စွမ်းရှိမှု တည်းဟူသော ဝီရိယ (တနည်း- ဝီရိယခေါင်းဆောင်သော စိတ္တုပ္ပဒ်)ကို အဓိဝါသနခန္တီဟူ၍ ခေါ်သည်)။ ပရမံ = မြတ်သော။ တပေါ = အကျင့်တည်း။ နိဗ္ဗာနံ = တဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်တရားကို။ ပရမံ = မြတ်၏ဟူ၍။ ဗုဒ္ဓါ = ဘုရားရှင်တို့သည်။ ၀ဒန္တိ = ဟောတော်မူကုန်၏။ ပရူပဃာတီ = သူတပါးကို သတ်ဖြတ်လေ့ရှိသောသူသည်။ ပဗ္ဗဇိတော = ရဟန်းသူမြတ်သည်။ န ဟောတိ = မဖြစ်။ ပရံ= သူတပါးကို။ ဝိဟေဌယန္တော = ညှဉ်းပန်း နှိပ်စက်သောသူသည်။ သမဏော = ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်။ န ဟောတိ = မဖြစ်။



၂၃

(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။

သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

     သဗ္ဗပါပဿ = အပြစ်ရှိငြား ခပ်သိမ်းသော အကုသိုလ်တရားကို။ အကရဏံ = မပြုလုပ်ခြင်း (ဝါ) မဖြစ်စေခြင်း၎င်း။ ကုသလဿ = အပြစ်မဲ့ငြား စတုဘူမိက ကုသိုလ်တရားကို။ ဥပသမ္ပဒါ = ပြည့်စုံစေခြင်း၎င်း။ သစိတ္တပရိယောဒပနံ = နီဝရဏငါးပါး ညစ်ညူးကြောင်းတရားတို့ကို ပယ်ရှားသုတ်သင် မိမိစိတ်ကို ဖြူစင်စေခြင်း၎င်း။ ဧတံ = ဤတရားသုံးပါးသည်။ ဗုဒ္ဓါနံ = အဆူဆူသော ဘုရားရှင်တို့၏။ သာသနံ = အဆုံးအမ ဩဝါဒ အနုသာသနီပေတည်း။ (သီလသံဝရဖြင့် ခပ်သိမ်းသော အကုသိုလ်တရားကို ပယ်ရှား၍ လောကီလောကုတ္တရာ သမထဝိပဿနာဘာဝနာဖြင့် စတုဘူမိကကုသိုလ်တရားကို ပြည့်စုံစေပြီးလျှင် အရဟတ္တဖိုလ်ဖြင့် မိမိစိတ်ကို အပြီးတိုင် ဖြူစင်စေရမည်၊ ဤကား ဘုရားရှင်တိုင်း၏ အဆုံးအမ ဩဝါဒ အနုသာသနီ ဖြစ်ပေသည်ဟု ဆိုလိုသည်)။

(၃) အနူပဝါဒေါ အနူပဃာတော၊

ပါတိမောက္ခ စ သံဝရော။

မတ္တညုတာ စ ဘတ္တသ္မိံ၊

ပန္တဉ္စ သယနာသနံ။

အဓိစိတ္တေ စ အာယောဂေါ၊

ဧတံ ဗုဒ္ဓါန သာသနံ။

     အနူပဝါဒေါ = သူတပါးကို ကိုယ်တိုင်လည်း မစွပ်စွဲခြင်း, သူ့ကိုလည်း မစွပ်စွဲစေခြင်း၎င်း (ဝါစသိကသီလကို ဟောတော်မူသည်)။ အနူပဃာတော = သူတပါးကို ကိုယ်တိုင်လည်း မညှဉ်းပန်း မနှိပ်စက် မသတ်ဖြတ်ခြင်း, သူ့ကိုလည်း မညှဉ်းပန်းစေ မနှိပ်စက်စေ မသတ်ဖြတ်စေခြင်း၎င်း (ကာယိကသီလကို ဟောတော်မူသည်)။ ပါတိမောက္ခ = အကြီးအကဲပါမောက္ခ မြတ်သောသီလ၌။ သံဝရော စ = အပြစ်မလိမ်းအောင်



၂၄

ထိန်းသိမ်း စောင့်စည်းခြင်း၎င်း (ပါတိမောက္ခ သံဝရသီလနှင့် ဣန္ဒြိယသံဝရသီလ နှစ်ပါးကို ဟောတော်မူသည်)။ ဘတ္တသ္မိံ = ဆွမ်းပစ္စည်း၌။ မတ္တညုတာ စ = ခံယူသုံးဆောင်မှုဝယ် အတိုင်းအရှည်ကို သိခြင်း၎င်း (အာဇီဝပါရိသုဒ္ဓိသီလနှင့် ပစ္စယသန္နိဿိတသီလ နှစ်ပါးကို ဟောတော်မူသည်)။ ပန္တဉ္စ သယနာသနံ = လူနှင့်ဝေးကွာ ဆိတ်ငြိမ်ရာတောကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်ခြင်း၎င်း ( သပ္ပါယသေနာသနကို ဟောတော်မူသည်)။ အဓိစိတ္တေ = ဝိပဿနာဉာဏ်၏ အခြေခံပါဒက ရှစ်ဝသောသမာပတ် အဓိစိတ္တသိက္ခာ မြတ်၌။ အာယောဂေါ = မပြတ်ကြိုးကုတ် အားထုတ်ခြင်း၎င်း။ ဧတံ = ဤသည့်ခြောက်ပါး တရားအစုသည်။ ဗုဒ္ဓါနံ = အဆူဆူသော ဘုရားရှင်တို့၏။ သာသနံ = အဆုံးအမ ဩဝါဒ အနုသာသနီပေတည်း။ (ဤဂါထာဖြင့် သိက္ခာသုံးပါးကို အကျဉ်းချုပ် ဟောကြားတော်မူသည်)။

     ဤနည်းအတိုင်းပင် သိခီဘုရားရှင် အစရှိသော အခြားသော ဘုရားရှင်တို့သည်လည်း ဩဝါဒပါတိမောက်ကို ပြတော်မူ ဟောတော်မူကြကုန်၏။ တရားဒေသနာ ဂါထာအထူးအပြား မရှိ၊ ပြတော်မူရာ ကာလအထူးအပြားသာရှိကြောင်း ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ဓမ္မပဒအဋ္ဌကထာ၌ ဖွင့်ပြသည်။

     ဤသုံးဂါထာတို့သည်သာလျှင် ခပ်သိမ်းသော ဘုရားရှင်တို့၏ ဩဝါဒပါတိမောက်ဂါထာတို့ ဖြစ်ကုန်၏။ ထိုဩဝါဒပါတိမောက် သုံးဂါထာတို့ကို သက်တော်ရှည် မြတ်စွာဘုရားတို့သည် သာသနာအဆုံးတိုင် ပြတော်မူကုန်၏။ အသက်တမ်း တိုတောင်းတော်မူကြသည့် ဘုရားရှင်တို့သည်ကား ပဌမဗောဓိခေါ်သော ရှေ့ပိုင်း နှစ်ပရိစ္ဆေဒ ကာလအတွင်း၌သာ ပြတော်မူကုန်၏။ ထိုသက်တမ်းတိုတောင်းတော်မူကြသည့် မြတ်စွာဘုရားတို့သည် သိက္ခာပုဒ်ကို ပညတ်သောအခါမှစ၍ ဩဝါဒပါတိမောက်ကို ပြတော်မမူကြကုန်။ တပည့်ရဟန်းတို့သည်သာလျှင် (၂) အာဏာပါတိမောက်ခေါ်သော ဝိနည်းသိက္ခာပုဒ်များကို ၁၅-ရက် တပက္ခတကြိမ် ပြတော်မူကြကုန်၏၊ (ဤအာဏာပါတိမောက်ကို



၂၅

မြတ်စွာဘုရားများ ပြတော်မမူကြကုန်)။ ထို့ကြောင့် အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရားသည်လည်း ပဌမဗောဓိခေါ်သော ရှေ့ပိုင်း ဝါနှစ်ဆယ်အတွင်း၌သာလျှင် ဩဝါဒပါတိမောက်ကို ပြတော်မူသည်၊ (ဝိနည်းအဋ္ဌကထာ ပဌမအုပ် စသည်မှ)။

မြတ်စွာဘုရားကို နေပြည်တော်သို့ကြွရောက်ရန်

သုဒ္ဓေါဒနမင်းကြီး အမတ်များကိုစေလွှတ် ပင့်ဆောင်ခြင်း

     အချိန်အားဖြင့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ပြာသိုလပြည့်ကျော် အချိန်ကာလ၌ ဖြစ်လေသည်။ မြတ်စွာဘုရားသည် (ရှေးအခဏ်း ၁၅-၌ ပြဆိုအပ်ပြီးအတိုင်း) ကိုယ်တော်ထံမှောက်သို့ လာရောက်ချဉ်းကပ်ကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး နေထိုင်တော်မူကာ အချို့သော ဝေနေယျသတ္တဝါတို့ကို သရဏဂုံသီလ၌ တည်စေ၍၎င်း, အချို့သော ဝေနေယျသတ္တဝါတို့ကို အဘိနီဟာရအလျောက် ထိုထိုမဂ်ဖိုလ်တို့၌ တည်စေ၍၎င်း, အချို့သော အင်္ဂတိုင်းသား မဂတိုင်းသား အမျိုးကောင်းသားတို့ကို ရဟန်းအဖြစ်ရောက် မဂ်ပေါက်ဖိုလ်တည် ချီးမြှောက်တော်မူ၍၎င်း ကျွတ်ပွဲကြီးသဘင် နေ့စဉ်နေ့စဉ် ဆင်ယင်ကျင်းပ ရှိနေတော်မူစဉ် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “ငါ၏သားတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်ပြီးနောက် မြတ်သော ဘုရားအဖြစ်သို့ရောက်၍ ဓမ္မစကြာတရားဦး ဟောကြားတော်မူပြီးလျှင် ကောင်းကင်အလယ်၌ ကြယ်နက္ခတ်အပေါင်းတို့ဖြင့် ဝန်းဝိုင်းခြံရံကာ တင့်တယ်စွာ တည်နေသော လမင်းကြီးကဲ့သို့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်ဝယ် ရဟန်းအပေါင်းတို့ဖြင့် ဝန်းဝိုင်းခြံရံပြီးလျှင် အလွန်ကြီးမားမြင့်မြတ်သည့် ဘုရားတို့အသရေဖြင့် ဝေနေယျတို့ကို ချေချွတ်လျက် နေထိုင်တော်မူ၏”ဟူသော သတင်းစကားကို ကြားသိရ၍ အမတ်တဦးကို ရှေ့တော်မှောက်အရောက် ခေါ်ယူပြီးလျှင်-



၂၆

“အမောင်အမတ်.. သွားပါတည့်ချေ၊ သင်သည် နောက်လိုက်နောက်ပါ မင်းချင်းယောက်ျားပေါင်း တထောင်ခြံရံကာ ရာဇဂြိုဟ်ပြည်သို့ သွားရောက်ပြီးလျှင် ငါမင်းတရား မှာလိုက်သောစကားဖြင့် 'ဘုန်းတော်ကြီးသောမြတ်စွာဘုရား.. အရှင်ဘုရားတို့၏ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် အရှင်ဘုရားတို့ကို ဖူးမြော်လိုပါသည်'ဟု လျှောက်ထား၍ ငါ့သားတော်ဘုရားကို ပင့်ဆောင်လာခဲ့ပါလော့”–

ဟု အမိန့်တော်မြတ် မှတ်လေသော် ထိုအမတ်သည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ခမည်းတော် သုဒ္ဓေါဒနမင်းတရား မိန့်ကြားသည့်စကားကို ဦးခေါင်းဖြင့် ခံယူ၍ မင်းချင်းယောက်ျားပေါင်း တထောင်ခြံရံလျက် အလျင်အမြန်ပင် ယူဇနာခြောက်ဆယ် ဝေးကွာသောခရီးကို သွားရောက်၍ (ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်ကား ခရီးယူဇနာခြောက်ဆယ် ဝေးကွာသည်) ပရိသတ်အလယ်၌ မြတ်စွာဘုရား တရားဟောတော်မူချိန်တွင် ဝေဠုဝန်ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်မိလေသည်။

     ထိုအမတ်သည် “ငါတို့အား မင်းကြီး မှာကြားလိုက်သော သတင်းစကားကို ခေတ္တထား၍ တရားနာဦးမည်”ဟု ကြံစည်နှလုံးပိုက်၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ မြတ်စွာဘုရား ဟောကြားအပ်သော တရားဒေသနာတော်ကို နာယူရ၍ ရပ်တည်လျက်ပင် အခြံအရံ မင်းချင်းယောက်ျား တထောင်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်တို့သည် ရှင်တော် ဘုရားအထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရကြပါရစေ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း “ဧထ ဘိက္ခဝေါ = ရဟန်းတို့.. လာကြလော့” အစရှိသည်ဖြင့် (ရှေး၌ ဆိုအပ်ပြီးသည့် နည်းအတိုင်း) ရွှေလက်တော်ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလေလျှင် ထိုခဏမှာပင် အမတ်နှင့်တကွ မင်းချင်းယောက်ျား တထောင်လုံး ဣဒ္ဓိမယ သပိတ်သင်္ကန်း ပရိက္ခရာတို့ သူ့နေရာနှင့်သူ



၂၇

အရံသင့် အဆင်သင့် ဝတ်ဆင်ပြီးဖြစ်ကြကာ အဝါ (၆ဝ) ခြောက်ဆယ် သက်တော်ရှစ်ဆယ်ရှိပြီးသော မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြလျက် ရဟန်းပြုပြီးသား ဖြစ်ကြလေတော့သည်၊ အံ့ဩဖွယ်ရာ အမတ်အသွင် မင်းချင်းယောက်ျားအသွင် ကွယ်ပျောက်၍ ရဟန်းအသွင်သို့ ကူးရောက်သွားကြလေတော့သည်။

(အထူးမှတ်ရန်မှာ.. အရဟတ္တဖိုလ်သို့ရောက်ပြီးသော အခါမှစ၍ အရိယာပုဂ္ဂိုလ်တို့မည်သည် လောကီရေးရာတို့၌ လျစ်လျူရှုကြမြဲ ဓမ္မတာဖြစ်သောကြောင့် ထိုအမတ်သည် မင်းကြီးစေလွှတ်အပ်သော သတင်းစကားကို မြတ်စွာဘုရားအား မလျှောက်ထားပဲ အရဟတ္တဖိုလ်တရားဖြင့်သာ မွေ့လျော်နေလေတော့၏)။

     သုဒ္ဓေါဒနမင်းကြီးသည်လည်း “စေလွှတ်လိုက်သော အမတ်သည်လည်း ပြန်လာချိန်သင့်လျက်နှင့် ပြန်မလာ၊ သတင်းစကားကိုမျှလည်း မကြားရ၊ အကြောင်း အသို့နည်း”ဟု ကြံစည်ပြီး၍ အခြားအမတ်တဦးကို ခေါ်ပြီးလျှင် ရှေးနည်းအတူပင် မိန့်ကြား မှာထားပြီးသော် သားတော်ဘုရားကို ပင့်ဆောင်လာခဲ့ရန် ထပ်မံ၍ စေလွှတ်လိုက်ပြန်လေ၏။ ထိုအမတ်သည်လည်း ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်သို့ သွားရောက်၍ ရှေးနည်းအတူပင်လျှင် နောက်ပါ မင်းချင်းယောက်ျားပေါင်း တထောင်တို့နှင့် အတူတကွ တရားနာယူကာ ရဟန္တာဖြစ်ပြီးနောက် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ရောက်လျက် မင်းကြီးစေလွှတ်အပ်သော သတင်းစကားကို မြတ်စွာဘုရားအား မလျှောက်ထားပဲ အရဟတ္တဖိုလ်ချမ်းသာဖြင့်သာ မွေ့လျော်နေလေတော့၏။

     သုဒ္ဓေါဒနမင်းကြီးသည် ဤနည်းအတိုင်း မင်းချင်းယောက်ျားပေါင်း တထောင်စီ တထောင်စီ အခြံအရံရှိသော အမတ်ကိုးဦးတို့ကို ကိုးကြိမ်တိုင်တိုင် စေလွှတ်ပါသော်လည်း ကိုးဦးလုံးတို့ပင် နောက်ပါ မင်းချင်း ယောက်ျားပေါင်း တထောင်စီ တထောင်စီတို့နှင့်တကွ တရားတော်ကို နာကြားကြ၍ ရဟန္တာလည်းဖြစ် ဧဟိဘိက္ခုရဟန်းချည်းလည်း ဖြစ်ကြပြီးလျှင် မင်းကြီးစေလွှတ်အပ်သော



၂၈

သတင်းစကားကို မြတ်စွာဘုရားအားလည်း မလျှောက်ထား မင်းကြီးထံသို့လည်း သတင်းစကား မပြန်ကြားကြပဲ အရဟတ္တဖိုလ်ချမ်းသာဖြင့်သာ မွေ့လျော် နေထိုင်တော်မူကြလေကုန်၏။

ဖွားဖက်တော် ကာဠုဒါယီအမတ်ကို စေလွှတ်ခြင်း

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သတင်းစကားကိုမျှ ယူဆောင်ကာ မိမိထံမှောက်သို့ လာရောက်ပြောကြားသူကို မရရှိ၍ “ဤမျှလောက် (၉၀၀၉) ကိုးထောင် ကိုးယောက်သော သူတို့သည် ငါ့အပေါ်၌ အကျွမ်းတဝင် ချစ်ခင်ခြင်း အလျင်းမရှိကြသောကြောင့် အထံမှောက်သို့ လာရောက်၍ သတင်းစကားမျှကိုပင် မပို့ လာကြကုန်၊ အဘယ်သူကား စင်စစ်အားဖြင့် ငါ၏စကားကို မိန့်ကြားလိုက်သည့်အတိုင်း မဆိုင်းလျင်စွာ လိုက်နာ ပြုလုပ် ဆောင်ရွက်ပါမည်နည်း”ဟု ကြံစည် ဆင်ခြင်တော်မူ၍ မိမိ၏ မှူးမတ်ဗိုလ်ထု ရဲမက်စုအပေါင်းကို ကောင်းစွာစေ့ငု ကြည့်ရှုရှာဖွေတော်မူလတ်သော် ကာဠုဒါယီအမတ်ကို မြင်တော်မူလေ၏။ ထိုကာဠုဒါယီအမတ်ကား သုဒ္ဓေါဒနမင်းကြီး၏ မင်းမှုကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ရသည့် အထွေထွေ အမှုဆောင်အမတ်လည်း ဖြစ်၏။ ထီးနန်းကိစ္စအဝဝ၌ စိတ်ချယုံကြည်ရသော အတွင်းလူယုံတော်လည်းဖြစ်၏၊ အလွန်အမင်း မင်းကျွမ်းဝင်သူလည်းဖြစ်၏၊ ဘုရားအလောင်းနှင့် တနေ့တည်းဖွားမြင်သည့် ဖွားဘက်တော်လည်းဖြစ်၏။ အလောင်းမင်းသားနှင့် မြေမှုန့်ကစားဖက်ဖြစ်၍ ချစ်ခင်နှီးရင်း သူငယ်ချင်းလည်းဖြစ်၏။

     သို့ရကား သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီအမတ်ကို “ချစ်သားကာဠုဒါယီ.. ငါသည် သားတော်ဘုရားကို ဖူးမြင်လိုသည်ဖြစ်၍ နောက်ပါ မင်းချင်းယောက်ျားပေါင်း တထောင်စီ တထောင်စီတို့နှင့် အမတ်ကိုးဦးတို့ကို သားတော်ဘုရားကို လျှောက်ထား ပင့်ဆောင်ခဲ့ရန် စေလွှတ်လိုက်ပါသော်လည်း တဦးတယောက်မျှ သတင်းစကား ပြန်ကြားသူဟူ၍ မရှိခဲ့ချေ၊ အသက်၏ အန္တရာယ်မည်သည်ကို အကယ်မလွဲ သိနိုင်ခဲ၏၊ ငါသည် အသက်ရှင်စဉ်ပင်



၂၉

သားတော်ဘုရားကို ဖူးမြင်လို၏၊ ချစ်သားကာဠုဒါယီ.. သင်သည် ငါ့အား သားတော်ဘုရားကို ဖူးမြင်ရအောင် ရွက်ဆောင်ကြိုးကုတ် အားထုတ်နိုင်ပါမည်လော”ဟု မေးမြန်းတော်မူလေသော် ကာဠုဒါယီအမတ်သည် “အရှင်မင်းမြတ်.. အကျွန်ုပ်သည် ရဟန်းပြုခွင့် ရပါမူကား အရှင်မင်းကြီးအား သားတော်ဘုရားကို ဖူးမြင်ရအောင် ရွက်ဆောင်ကြိုးကုတ် အားထုတ်နိုင်ပါလိမ့်မည်”ဟု ပြန်ကြား လျှောက်တင်လေ၏။

     ထိုအခါ မင်းကြီးက “ချစ်သားကာဠုဒါယီ.. သင်သည် ရဟန်းပြု၍ပင်ဖြစ်စေ ရဟန်းမပြုမူ၍ဖြစ်စေ ငါ့အား သားဘုရားကို ဖူးမြင်ရအောင်သာ ရွက်ဆောင်ကြိုးကုတ် အားထုတ်ပါလေ”ဟု မိန့်ကြားတော်မူလေလျှင် ကာဠုဒါယီ အမတ်သည်လည်း “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံကာ ခမည်းတော် သုဒ္ဓေါဒနမင်းတရား မှာကြားလိုက်သည့် သတင်းစကားကို ယူဆောင်ကာ ရာဇဂြိုဟ်ပြည်အရပ်သို့ မင်းချင်းယောက်ျားပေါင်း တထောင်အခြံအရံနှင့်တကွ သွားရောက်၍ မြတ်စွာဘုရား တရားဟောတော်မူနေချိန်၌ပင် ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားကိုနာရ၍ အခြံအရံ မင်းချင်းယောက်ျားပေါင်း တထောင်နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် (ရှေးနည်းအတူပင်) ဧဟိဘိက္ခု ရဟန်းအဖြစ်၌ တည်လေတော့၏။

ကာဠုဒါယီမထေရ်မြတ် ဂါထာခြောက်ဆယ်တို့ဖြင့်

မြတ်စွာဘုရားကို ကပိလ၀တ်နေပြည်တော်သို့ကြွရောက်ရန်

ပင့်လျှောက်ခြင်း

(မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ပဌမဝါကို ဣသိပတန မိဂဒါဝုန်တော၌ နေတော်မူပြီးနောက် ပဝါရဏာပြုပြီးလျှင် ဥရုဝေလတောအုပ်သို့ကြွ၍ ထိုဥရုဝေလတောအုပ်၌ သုံးလပတ်လုံး သီတင်းသုံး နေထိုင်တော်မူလျက် ရသေ့ညီနောင် ရှင်တထောင်တို့ကို အရဟတ္တဖိုလ်ပေါက် ချေချွတ်ဆုံးမတော်မူ၍ ထိုရသေ့ဖြစ်ဟောင်း ရဟန္တာရဟန်းပေါင်း တထောင်ခြံရံလျက် ပြာသိုလပြည့်နေ့၌ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူလေသည်။ ထိုရာဇဂြိုဟ်ပြည်၌ နှစ်လပတ်လုံး သီတင်းသုံး နေထိုင်တော်မူကာ တရားဟော ချေချွတ်သဖြင့် အင်္ဂတိုင်းသား မဂဓတိုင်းသား



၃၀

အမျိုးကောင်းသား တသောင်းကျော် ရဟန္တာအဖြစ်သို့ ရောက်ရှိ၍ ရဟန်းအဖြစ်ကို ရရှိကြလေသည်။ ဤမျှဖြင့် ဗာရာဏသီမှ ထွက်ကြွတော်မူခဲ့သော မြတ်စွာဘုရားမှာ (၅) ငါးလတို့ ရှိခဲ့လေပြီ၊ ဟေမန္တ ဆောင်းဥတုလွန်မြောက်၍ ဝသန္တ နွေဥတုအပြောင်း တပေါင်းလပြည့်နေ့ ရောက်ခဲ့လေပြီ၊ ထိုတပေါင်းလပြည့်နေ့ကား ကာဠုဒါယီမထေရ်ရောက်၍ ခုနစ်ရက် ရှစ်ရက် လွန်မြောက်သောနေ့ ဖြစ်လေသည်)။

     ထိုအခါ ကာဠုဒါယီမထေရ်သည် တပေါင်းလပြည့်နေ့၌ “ဟေမန္တဆောင်းဥတုကား လွန်မြောက်ခဲ့လေပြီ၊ ဝသန္တ နွေဦးပေါက်အချိန်သို့ ရောက်ခဲ့လေပြီ၊ တောင်သူလယ်သမားတို့သည် ကောက်ပဲသီးနှံတို့ကို မိမိတို့လယ်ယာမှ ထုတ်နုတ်သိမ်းဆည်း ပြီးကြပြီဖြစ်၍ ခရီးသွားများ လွယ်ကူစွာ သွားနိုင်ကြရန် ခရီးဦးတည့်ရာအရပ်တို့မှ ခရီးလမ်းကိုဖွင့်၍ ပေးကြလေပြီ၊ မဟာပထဝီ ဤမြေကြီးသည်လည်း စိုပြေစိမ်းလန်းသော မြက်တို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည့်ပြင် ပတ်ဝန်းကျင် တောအုပ်အပေါင်းတို့လည်း ရွက်ဟောင်းကို စွန့်ပစ်၍ အရွက်သစ်လဲလှယ်ကာ တင့်တယ်စွာ သီးကြပွင့်ကြလေပြီ၊ မပူလွန်း မအေးလွန်း လမ်းတိုင်း လမ်းတိုင်း သွား၍ ကောင်းသောအချိန် ဖြစ်ခဲ့ပြီ၊ မြတ်စွာဘုရား ဆွေတော်မျိုးတော်များအား ချီးမြှောက်ကြွရောက်ရန် အချိန်တန်ခဲ့လေပြီ”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် မြတ်စွာဘုရားထံမှောက်သို့ သွားရောက်၍ ဤဖော်ပြလတ္တံ့သော ဂါထာ ခြောက်ဆယ်ကျော်တို့ဖြင့် မြတ်စွာဘုရားအား ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူရန် ချီးမွမ်းလျှောက်ထားလေ၏။

(၁) အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊

ဖလေသိနော ဆဒနံ ဝိပ္ပဟာယ။

တေ အစ္စိမန္တောဝ ပဘာသယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဒါနိ-ဣဒါနိ = ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌။



၃၁

ဒုမာ = တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။ ဆဒနံ = ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။ ဝိပ္ပဟာယ = စွန့်ပယ်သောထွေ ကြွေကျကုန်၍။ ဖလေသိနော = အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။ အင်္ဂါရိနော = မီးကျီးအသွေး နီတွေးသော ရွက်နုအပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။ တေ = ထိုသစ်ပင်အပေါင်းတို့သည်။ အစ္စိမန္တောဝ = ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည် ဖြစ်၍သာလျှင်။ ပဘာသယန္တိ = ပြောင်တဝင်းဝင်း ထွန်းလင်း တောက်ပကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။

(၂) ဒုမာ ဝိစိတ္တာ သုဝိရာဇမာနာ၊

ရတ္တင်္ကုရေဟေဝ စ ပလ္လဝေဟိ။

ရတနုဇ္ဇလမဏ္ဍပသန္နိဘာသာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဒုမာ = သစ်ပင်အပေါင်းတို့သည်။ ရတ္တင်္ကုရေဟေဝ စ = သန္တာအသွေး နီတွေးသော အညွန့်တို့ဖြင့်၎င်း။ ပလ္လဝေဟိ စ = မြစိမ်းရောင်ဥ အရွက်နုတို့ဖြင့်၎င်း။ ဝိစိတ္တာ = အံ့ဩစဖွယ် ဆန်းကြယ်လှပေကုန်၏။ သုဝိရာဇမာနာ = နှလုံးမွေ့လျော်ဖွယ် လွန်စွာ တင့်တယ်ပေကုန်၏။ ရတနုဇ္ဇမဏ္ဍပသန္နိဘာသာ = ရတနာရောင် ပြောင်ပြောင်ထိန်လျှပ် ပဏ္ဍပ်နှင့်လည်း တူကြပေကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်



၃၂

လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃) သုပုပ္ဖိတဂ္ဂါ ကုသုမေဟိ ဘူသိတာ၊

မနုညဘူတာ သုစိသာဓုဂန္ဓာ။

ရုက္ခာ ဝိရောစန္တိ ဥဘောသု ပဿေသု၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဥဘောသု ပဿေသု = ဝဲယာစုံယှက် လမ်းခရီးနှစ်ဖက်တို့၌။ ရုက္ခာ = ဥတုအလျောက် ဖြစ်ပေါက်ကုန်သော သစ်ပင်တို့သည်။ သုပုပ္ဖိတဂ္ဂါ = ကောင်းစွာပွင့်သော အဖျားရှိကုန်သည်ဖြစ်၍။ ကုသုမေဟိ = ကားကားစွင့်စွင့်ပွင့်သော ပန်းအမျိုးမျိုးတို့ဖြင့်။ ဘူသိတာ = တန်းဆာဆင်အပ်ကုန်သည် ဖြစ်၍၎င်း။ မနုညဘူတာ = ပင်တိုင်းတင့်တယ် နှစ်သက်ဖွယ်ရှိကြကုန်သည် ဖြစ်၍၎င်း။ သုစိသာဓုဂန္ဓာ = စင်ကြယ်သန့်ရှင်း သင်းတကြိုင်ကြိုင် ရနံ့ကောင်းလှိုင်ကြကုန်သည် ဖြစ်၍၎င်း။ ဝိရောစန္တိ = ရှုတိုင်းအံ့ဖွယ် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄) ဖလေဟိနေကေဟိ သမိဒ္ဓိဘူတာ၊

ဝိစိတ္တရုက္ခာ ဥဘတောဝကာသေ။

ခုဒ္ဒံ ပိပါသမ္ပိ ဝိနောဒယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဥဘတောဝကာသေ = လမ်းခရီးဝဲယာ



၃၃

နှစ်ဖြာသောအရပ်၌။ ဝိစိတ္တရုက္ခာ = ဆန်းကြယ်ဘိတောင်း သစ်ပင်အပေါင်းတို့သည်။ အနေကေဟိ = အမျိုးအစား များလှစွာကုန်သော။ ဖလေဟိ = အသီးတို့နှင့်။ သမိဒ္ဓိဘူတာ = ပြည့်စုံကြကုန်သည်ဖြစ်၍။ ခုဒ္ဒံ = ခရီးသွားသူ ရှင်လူခပင်း ဆာလောင်ခြင်းကို၎င်း။ ပိပါသမ္ပိ = ခရီးသွားသူ ရှင်လူခပင်း ရေသိပ်ခြင်းကို၎င်း။ ဝိနောဒယန္တိ = ပယ်ဖျောက်နိုင်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅) ဝိစိတ္တမာလာ သုစိပလ္လဝေဟိ၊

သုသဇ္ဇိတာ မောရကလာပသန္နိဘာ။

ရုက္ခာ ဝိရောစန္တိ ဥဘောသု ပဿေသု၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဥဘောသု ပဿေသု = ဝဲယာစုံယှက် လမ်းခရီးနှစ်ဖက်တို့၌။ ရုက္ခာ = ဥတုအလျောက် ဖြစ်ပေါက်ကုန်သော သစ်ပင်တို့သည်။ ဝိစိတ္တမာလာ = အဆန်းတကြယ် ရှုချင်ဖွယ်သော ပန်းနွယ်ပန်းညွန့် ရှိကြကုန်သည်ဖြစ်၍၎င်း။ သုစိပလ္လဝေဟိ = ညစ်ကြေးမတွယ် စင်ကြယ်သော ရွက်ညွန့်တို့ဖြင့်။ သုသဇ္ဇိတာ = ကောင်းစွာစီရင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍။ မောရကလာပသန္နိဘာ = ဥဒေါင်းမြီးစည်း ပုံမှီးစံယူ တူကုန်သည်ဖြစ်၍၎င်း။ ဝိရောစန္တိ = ရှုတိုင်းအံ့ဖွယ် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့



၃၄

နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၆) ဝိရောစမာနာ ဖလပလ္လဝေဟိ၊

သုသဇ္ဇိတာ ဝါသနိဝါသဘူတာ။

တောသေန္တိ အဒ္ဓါနကိလန္တသတ္တေ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ (ရုက္ခာ = ဥတုအလျောက် ဖြစ်ပေါက်ကြကုန်သော သစ်ပင်တို့သည်။) ဝိရောစမာနာ = ရှုတိုင်းအံ့ဖွယ် တင့်တယ်ကြကုန်သည်ဖြစ်၍၎င်း။ ဖလပလ္လဝေဟိ = သီးကင်းရွက်နု အစုစုတို့ဖြင့်။ သုသဇ္ဇိတာ = ကောင်းစွာစီရင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၎င်း။ အဒ္ဓါနကိလန္တသတ္တေ = ခရီးပန်းသူ ရှင်ရှင်လူတို့ကို။ ဝါသနိဝါသဘူတာ = ကျောင်းအိမ်အလား နားနေတည်းခိုရာ ဖြစ်ကြကုန်၍၎င်း။ တောသေန္တိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၇) သုဖုလ္လိတဂ္ဂါ ဝနဂုမ္ဗနိဿိတာ၊

လတာ အနေကာ သုဝိရာဇမာနာ။

တောသေန္တိ သတ္တေ မဏိမဏ္ဍပါဝ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ အနေကာ = အမျိုးအစား များလှစွာကုန်သော။ လတာ = နွယ်ပင်တို့သည်။ ဝနဂုမ္ဗနိဿိတာ = တောချုံတို့ဝယ် မှီတွယ်ရုံနွယ်ကြကုန်လျက်။ သုဖုလ္လိတဂ္ဂါ = ကားကားစွင့်စွင့်ပွင့်သော



၃၅

အညွန့်အဖျား ရှိကြကုန်သည်ဖြစ်၍။ သုဝိရာဇမာနာ = ကြည့်ရှုချင်ဖွယ် လွန်စွာ တင့်တယ်ကြကုန်လျက်။ သတ္တေ = ခရီးသွားသူ ရှင်ရှင်လူတို့ကို။ မဏိမဏ္ဍပါဝ = ရောင်စုံခြယ်သတ် ကျောက်မျက်ရတနာ မဏ္ဍပ်ကဲ့သို့။ တောသေန္တိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၈) လတာ အနေကာ ဒုမနိဿိတာဝ၊

ပိယေဟိ သဒ္ဓိံ သဟိတာ ဝဓူဝ။

ပလောဘယန္တီ ဟိ သုဂန္ဓဂန္ဓာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပိယေဟိ = မေတ္တာသက်ဝင် ချစ်လင်တို့နှင့်။ သဒ္ဓိံ = အတူတကွ။ သဟိတာ = ကိုယ်ချင်းယှဉ်လျက် တွဲဖက်နေကုန်သော။ ဝဓူဝ = အမျိုးကောင်းသမီး ချွေးမတို့ကဲ့သို့။ အနေကာ = အမျိုးအစား များလှစွာကုန်သော။ လတာ = နွယ်ပင်တို့သည်။ ဒုမနိဿိတာဝ = ချစ်လင်သဖွယ် သစ်ပင်၌ မှီတွယ်ကြကုန်လျက်သာလျှင်။ သုဂန္ဓဂန္ဓာ = ကောင်းသောရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်ကုန်သည်ဖြစ်၍။ သတ္တေ = ခရီးသွားသူ ရှင်ရှင်လူတို့ကို။ ပလောဘယန္တိ = မွေ့လျော်ပျော်ပိုက်အောင် သွေးဆောင်ဖြားယောင်းသည့်နှယ် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း



၃၆

ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန် လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၉) ဝိစိတ္တနီလာဒိမနုညဝဏ္ဏာ၊

ဒိဇာ သမန္တာ အဘိကူဇမာနာ။

တောသေန္တိ မဉ္ဇုဿရတာရတီဟိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သမန္တာ = ဝန်းကျင်ပတ်ချာ ရှစ်မျက်နှာမှ။ ဒိဇာ = နှစ်ကြိမ်ပေါက်ဖွား ငှက်အများတို့သည်။ ဝိစိတ္တနီလာဒိမနုညဝဏ္ဏာ = ဆန်းကြယ်ရွှန်းစို အညိုစသော နှစ်သက်ဖွယ် အဆင်းရှိကြကုန်သည်ဖြစ်၍။ အဘိကူဇမာနာ = နှစ်သက်ရွှင်မြူး ရင့်ကျူးတွန်မြည်ကြကုန်လျက်။ မဉ္ဇုဿရတာရတီဟိ = မြူးကွန့်ကျူးညံ သာယာသောအသံနှင့် မောင်နှံယှက်တွဲ ပျော်ပွဲဆင်ကြခြင်းတို့ဖြင့်။ ပထိကေ = ခရီးသွားသူ ရှင်ရှင်လူတို့ကို။ တောသေန္တိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၀) မိဂါ စ နာနာ သုဝိရာဇမာနာ၊

ဥတ္တုင်္ဂကဏ္ဏာ စ မနုညနေတ္တာ။

ဒိသာ သမန္တာ မဘိဓာဝယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ နာနာ = အမျိုးဇာတ်အား အထူးထူးအပြားပြားကုန်သော။ မိဂါစ = သားအပေါင်းတို့သည်လည်း။



၃၇

သုဝိရာဇမာနာ စ = မြူးကွန့်စံပယ် တင့်တယ်ကြကုန်သည်ဖြစ်၍၎င်း။ ဥတ္တုင်္ဂကဏ္ဏာ စ = ကိုယ့်အဖော်နှင့် ပျော်သဖြင့်လျှင် စွင့်စွင့်စိုက်ဆောင် ထောင်သောနားရွက် ရှိကုန်သည်ဖြစ်၍၎င်း။ မနုညနေတ္တာ စ = နှစ်သက်စဖွယ် ပြူးကျယ်သော မျက်စိရှိကုန်သည်ဖြစ်၍၎င်း။ သမန္တာဒိသာ = ဝန်းကျင်ပတ်ချာ အရပ်ရှစ်မျက်နှာတို့သို့။ အဘိဓာဝယန္တိ = ခုန်ပေါက်ပြေးလွှား ကစားမြူးတူးကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၁) မနုညဘူတာ စ မဟီ သမန္တာ၊

ဝိရာဇမာနာ ဟရိတာဝ သဒ္ဒလာ။

သုပုပ္ဖိရုက္ခာ မောဠိနိဝလင်္ကတာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ မဟီ = မြေအပြင်သည်။ သမန္တာ = ထက်ဝန်းကျင်မှ။ မနုညဘူတာ စ = စိတ်နှလုံးဝယ် နှစ်သက်ဖွယ်လည်း ရှိပေ၏။ သဒ္ဒလာ = နေဇာမြက်တို့သည်။ ဟရိတာ = စိမ်းလမ်းစိုပြေကုန်သည်ဖြစ်၍။ ဝိရာဇမာနာ = ရှုချင်စဖွယ် တင့်တယ်လှကုန်၏။ သုပုပ္ဖိရုက္ခာ = ကောင်းစွာပွင့်သော သစ်ပင်တို့သည်။ မောဠိနိဝ = အပျိုနုနယ် ဆံထုံးသွယ်ကဲ့သို့။ အလင်္ကတာ = တန်းဆာဆင်ကြကုန်၏။ (ဤကား ရှေးနိသျအဆို)။ မဟီ = မြေအပြင်သည်။ သမန္တာ = ထက်ဝန်းကျင်မှ။ ဝိရာဇမာနာ = ရှုချင်စဖွယ် တင့်တယ်သည်ဖြစ်၍။ မနုညဘူတာ စ = စိတ်နှလုံးဝယ် နှစ်သက်ဖွယ်လည်း ရှိပေ၏။ ဟရိတာဝ = စိမ်းသောအရောင် ရှိသည်ဖြစ်၍သာလျှင်။ သဒ္ဒလာ စ = နေဇာမြက်တို့ဖြင့်လည်း ဖုံးအုပ်လျက်ရှိပေ၏။



၃၈

အလင်္ကတာ = လှပစွာပြုပြင် တန်းဆာဆင်အပ်သော။ မောဠိနိဝ = ဆံထုံးတင့်တယ် သတို့သမီးငယ်ကဲ့သို့။ သုပုပ္ဖိရုက္ခာ = ကားကားစွင့်စွင့် ကောင်းစွာပွင့်သော သစ်ပင်ရှိပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၂) သုသဇ္ဇိတာ မုတ္တမယာဝ ဝါလုကာ၊

သုသဏ္ဌိတာ စာရုသုဖဿဒါတာ။

ဝိရောစယန္တေဝ ဒိသာ သမန္တာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝါလုကာ = သဲနုတို့သည်။ သုသဇ္ဇိတာ = ပန်းထိမ်ဉာဏ်ကြွယ် ကောင်းစွာ စီခြယ်အပ်ကုန်သော။ မုတ္တမယာဝ = ဖြူဆွရိုးရဲ ရတနာပုလဲလုံးတို့ကဲ့သို့။ သုသဏ္ဌိတာ = ကောင်းစွာစီရီ ညီညွတ်စွာတည်ကုန်လျက်။ စာရုသုဖဿဒါတာ = တင့်တယ်လျောက်ပတ် ကောင်းမြတ်သော အတွေ့ကို ပေးကုန်သည်ဖြစ်၍။ သမန္တာဒိသာ = ဝန်းကျင်ပတ်ချာ အရပ်မျက်နှာတို့ကို။ ဝိရောစယန္တေဝ = ရှုချင်စဖွယ် တင့်တယ်စေသကဲ့သို့ ဖြစ်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိဝရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။



၃၉

(၁၃) သမံ သုဖဿံ သုစိဘူမိဘာဂံ၊

မနုညပုပ္ဖေါဒယဂန္ဓဝါသိတံ။

ဝိရာဇမာနံ သုစိမဉ္စ သောဘံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုစိဘူမိဘာဂံ = ညစ်ကြေးသန့်စင် မြေအပြင်သည်။ သမံ = ကုန်း,ကျင်းမရှိ ပကတိ ညီညွတ်စွာ၏။ သုဖဿံ = ချောပြေနုမွေ့ ကောင်းသောအတွေ့ရှိ၏။ မနုညပုပ္ဖေါဒယဂန္ဓဝါသိတံ = နှစ်သက်ဖွယ်သော ပန်းပွင့်တို့၏ ပွားဆင့်တိုးတက်သော ရနံ့ဖြင့် ပျံ့တကြိုင်ကြိုင် လှိုင်၍နေပေ၏။ ဝိရာဇမာနံ = ရှုချင်စဖွယ် တင့်တယ်သည်ဖြစ်၍။ သုစိမဉ္စ = သာယာသန့်ရှင်း စင်ကြယ်ခြင်းလည်း ရှိပါပေ၏။ သောဘဉ္စ = သွားရန်လျောက်ပတ် ကောင်းလည်း ကောင်းမြတ်လှပါပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၄) သုသဇ္ဇိတံ နန္ဒနကာနနံဝ၊

ဝိစိတ္တနာနာဒုမသဏ္ဍမဏ္ဍိတံ။

သုဂန္ဓဘူတံ ပဝနံ သုရမ္မံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝိစိတ္တနာနာဒုမသဏ္ဍမဏ္ဍိတံ = ဆန်းကြယ် ထူးထွေသော သစ်ပင်အပေါင်းတို့ဖြင့် တန်းဆာဆင်အပ်သော။ သုဂန္ဓဘူတံ = ကောင်းစွာသင်းပျံ့ ပန်းရနံ့ထူးရှိသည်ဖြစ်၍ဖြစ်သော။ ပဝနံ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနကြားလမ်း



၄၀

တောစခန်းသည်။ သုသဇ္ဇိတံ = နတ်သဘင်ပွဲ ခြိမ့်ခြိမ့်သဲအောင် ယင်နွှဲအံ့ငှါ နတ်ဒေဝါတို့ ကောင်းစွာပြုပြင် တန်းဆာဆင်အပ်သော။ နန္ဒနကာနနံဝ = နန္ဒဝန်ခေါ်တွင် နတ်ဥယျာဉ်ကြီးကဲ့သို့။ သုရမ္မံ = လွန်စွာတင့်တယ် နှလုံးမွေ့လျော်ဖွယ် ရှိပါပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၅) သရာ ဝိစိတ္တာ ဝိဝိဓာ မနောရမာ၊

သုသဇ္ဇိတာ ပင်္ကဇပုဏ္ဍရီကာ။

ပသန္နသီတောဒကစာရုပုဏ္ဏာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သရာ = လမ်းခရီးအကြား ရေအိုင်များတို့သည်။ ပသန္နသီတောဒကစာရုပုဏ္ဏာ = ညစ်ကြေးသန့်စင် ကြည်လင်အေးမြသော ရေတို့ဖြင့် တင့်တယ်စွာ ပြည့်ကုန်သည်ဖြစ်၍။ ပင်္ကဇပုဏ္ဍရီကာ = ညွန်၌ကြီးပွား ကြာငါးပါးနှင့် ပြည့်စုံကုန်သည်ဖြစ်၍။ သုသဇ္ဇိတာ = ကောင်းမြတ်တင့်တယ် ခြယ်လယ်အပ်ကုန်သကဲ့သို့ ဖြစ်၍။ ဝိစိတ္တာ = ရှုချင်စဖွယ် ဆန်းကြယ်လှကုန်၏။ ဝိဝိဓာ = အထူးထူးအပြားပြားအားဖြင့်။ မနောရမာ = စိတ်နှလုံး၏ ရွှင်ပြုံးမွေ့လျော်ဖွယ်ရာ ဖြစ်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။



၄၁

(၁၆) သုဖုလ္လနာနာဝိဓပင်္ကဇေဟိ၊

ဝိရာဇမာနာ သုစိဂန္ဓဂန္ဓာ။

ပမောဒယန္တေဝ နရာမရာနံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုဖုလ္လနာနာဝိဓပင်္ကဇေဟိ = ကောင်းစွာပွင့်ဖူး အထူးထူးသော ကြာမျိုးတို့ဖြင့်။ ဝိရာဇမာနာ = ရှုချင်စဖွယ် တင့်တယ်ကုန်သော။ (သရာ = ရေအိုင်တို့သည်။) သုစိဂန္ဓဂန္ဓာ = သန့်ရှင်းမွှေးကြိုင် ပန်းရနံ့တို့ဖြင့် လှိုင်ကုန်သည်ဖြစ်၍။ နရာမရာနံ = အနီးရောက်လတ် လူနှင့်နတ်တို့ကို။ ပမောဒယန္တေဝ = နှစ်လိုအားရမ်း ဝမ်းမြောက်စေသကဲ့သို့ ဖြစ်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၇) သုဖုလ္လပင်္ကေရုဟသန္နိသိန္နာ၊

ဒိဇာ သမန္တာ မဘိနာဒယန္တာ။

မောဒန္တိ ဘရိယာဟိ သမင်္ဂိနော တေ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုဖုလ္လပင်္ကေရုဟသန္နိသိန္နာ = ကောင်းစွာစွင့်စွင့် ပွင့်သောကြာပင်ဖျား၌ နားနေကြကုန်သော။ ဒိဇာ = ထူးထွေများတောင်း ငှက်အပေါင်းတို့သည်။ သမန္တာ = ထက်ဝန်းကျင်မှ။ အဘိနာဒယန္တာ = ဝတ်ရည်ရစ်မူး တွန်ကျူးကြကုန်လျက်။ တေ = ထိုငှက်အပေါင်းတို့သည်။ ဘရိယာဟိ = ကြင်ဖော်မှန်လှ ချစ်ငှက်မတို့နှင့်။ သမင်္ဂိနော = တကွယှဉ်နွှဲ မောင်နှံတွဲကြကုန်လျက်။ မောဒန္တိ = ဝမ်းမြောက်ရွှင်ပျော်



၄၂

မွေ့လျော်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၈) သုဖုလ္လပုပ္ဖေဟိ ရဇံ ဂဟေတွာ၊

အလီ ဝိဓာဝန္တိ ဝိကူဇမာနာ။

မဓုမှိ ဂန္ဓော ဝိဒိသံ ပဝါယတိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ အလီ = ပျားပိတုန်းတို့သည်။ ဝိကူဇမာနာ = တရုန်းရုန်း တဒီဒီ တွန်မြည်ကုန်သည်ဖြစ်၍။ သုဖုလ္လပုပ္ဖေဟိ = ကားကားစွင့်စွင့် ကောင်းစွာပွင့်သော ပန်းတို့မှ။ ရဇံ = ချိုမြိန်ရွှန်းစည် ပန်းဝတ်ရည်ကို။ ဂဟေတွာ = စုတ်ယူကြ၍။ ဝိဓာဝန္တိ = မြည်သံမစဲ ပျံဝဲပြေးသွားကြကုန်၏။ မဓုမှိ = ပျားကြီးပျားငယ် အသွယ်သွယ်၌။ ဂန္ဓော = သင်းကြူမွှေးပျံ့ ဝတ်ရည်နံ့သည်။ ဝိဒိသံ = အထူးထူးသော အရပ်မျက်နှာသို့။ ပဝါယတိ = ကြိုင်လှိုင်၍ နေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၉) အဘိန္နနာဒါ မဒဝါရဏာ စ၊

ဂိရီဟိ ဓာဝန္တိ စ ဝါရိဓာရာ။

သဝန္တိ နဇ္ဇော သုဝိရာဇိတာဝ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။



၄၃

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ မဒဝါရဏာ = အမုန်ယစ်သော ဆင်ပြောင်ကြီးတို့သည်။ အဘိန္နနာဒါစ = မကွဲမနာ ကြိုးကြာသံကဲ့သို့လည်း မြည်ဟည်းကြကုန်၏။ ဂိရီဟိ = တောင်တို့မှ။ ဝါရိဓာရာ စ = ရေအယဉ်တို့သည်လည်း။ ဓာဝန္တိ = အဟုန်ထန်ပြင်း စီးဆင်းပြေးသွားကြကုန်၏။ နဇ္ဇော = မြစ်တို့သည်။ သုဝိရာဇိတာဝ = ရှုချင်စဖွယ် လွန်စွာ တင့်တယ်ကုန်သည်ဖြစ်၍သာလျှင်။ သဝန္တိ = အဟုန်ထန်သည်း စီးသွားကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၀) ဂိရီ သမန္တာဝ ပဒိဿမာနာ၊

မယူရဂီဝါ ဣဝ နီလဝဏ္ဏာ။

ဒိသာရဇိန္ဒာဝ ဝိရောစယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဂိရီ = တောင်တို့သည်။ သမန္တာဝ = ရှစ်မျက်နှာခွင် ထက်ဝန်းကျင်မှသာလျှင်။ ပဒိဿမာနာ = ကြည့်လိုက်တိုင်းမြင် အလွန်ပင် ထင်ရှားကုန်လျက်။ မယူရဂီဝါ ဣဝ = ဥဒေါင်းမင်းလည်ရေးကဲ့သို့။ နီလဝဏ္ဏာ = စိမ်းတစိုစို ညိုသောအဆင်းရှိကုန်သည်ဖြစ်၍။ ဒိသာရဇိန္ဒာဝ = ဧရာဝတ စသည်ရှစ်သင်း ဒိသာဂဇဆင်မင်းတို့ကဲ့သို့။ (ဒိသာဂဇဆင် ရှစ်မျိုးကို မဂဓအဘိဓာန် ဂါထာအမှတ် ၃၀-၌ ကြည့်ရှု မှတ်ယူရာ၏။) ဝိရောစယန္တိ = ရှုချင်စဖွယ် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော



၄၄

ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၁) မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊

နစ္စန္တိ နာရီဟိ သမင်္ဂိဘူတာ။

ကူဇန္တိ နာနာမဓုရဿရေဟိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဂိရိမုဒ္ဓနသ္မိံ = ကြွသွားရာလမ်းတခွင် ဝဲယာဖြစ်သော တောင်ထိပ်အပြင်၌။ မယူရသံဃာ = ဥဒေါင်းငှက်အပေါင်းတို့သည်။ နာရီဟိ = ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။ သမင်္ဂိဘူတာ = တကွယှဉ်နွှဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။ နစ္စန္တိ = အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့တိုးနောက်ငင် လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။ နာနာမဓုရဿရေဟိ = အထူးထူးအထွေထွေ “အိုးဝေ.. အိုးဝေ”ဟူသော သာယာသောအသံတို့ဖြင့်။ ကူဇန္တိ = ဘာသာမဂဓ တွန်မြူး ကျူးရင့်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၂) သုဝါဒိကာနေကဒိဇာ မနုညာ၊

ဝိစိတ္တပတ္တေဟိ ဝိရာဇမာနာ။

ဂိရိမှိ ဌတွာ အဘိနာဒယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။



၄၅

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုဝါဒိကာ = ကျေးငှက်အစရှိကုန်သော။ အနေကဒိဇာ = တပါးမက များလှစွာသော ငှက်အပေါင်းတို့သည်။ မနုညာ = ရှုတိုင်းတင့်တယ် နှစ်သက်ဖွယ်ရှိကုန်သည်ဖြစ်၍။ ဝိစိတ္တပတ္တေဟိ = ကံပန်းချီဆေး ဇာတိသွေးတို့ စီရေးခြယ်လယ် ဆန်းကြယ်သော အတောင်တို့ဖြင့်။ ဝိရာဇမာနာ = ရှုချင်စဖွယ် တင့်တယ်ကုန်သည်ဖြစ်၍။ ဂိရိမှိ = လမ်းခရီးဝဲယာ သေလာဂိရိပ် ထိုထိုတောင်ထိပ်၌။ ဌတွာ = နားနေကြကုန်၍။ အဘိနာဒယန္တိ = သာယာရင့်ကျူး တွန်မြူးကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၃) သုဖုလ္လပုပ္ဖါ’ကရမာဘိကိဏ္ဏာ၊

သုဂန္ဓနာနာဒလလင်္ကတာ စ။

ဂိရီ ဝိရောစန္တိ ဒိသာ သမန္တာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သမန္တာ ဒိသာ = ခရီးဝဲယာ ထက်ဝန်းကျင် အရပ်မျက်နှာတို့၌။ ဂိရီ = တောင်တို့သည်။ သုဖုလ္လပုပ္ဖါ’ကရမာဘိကိဏ္ဏာ = ကောင်းစွာပွင့်လန်း ပန်းတို့၏တည်ရာ များစွာတင့်ဆန်း သစ်ပင်တို့ဖြင့် ပြွမ်းကုန်လျက်၎င်း။ သုဂန္ဓနာနာဒလလင်္ကတာ စ = ကောင်းသော ရနံ့တို့ဖြင့် သင်းပျံ့လှိုင်ဝေ ထူးထွေများတောင်း ပွင့်ချပ်အပေါင်းတို့ဖြင့် တန်းဆာဆင်အပ်ကုန်လျက်၎င်း။ ဝိရောစန္တိ = ရှုမငြီးဖွယ် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက်



၄၆

တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၄) ဇလာသယာနေကသုဂန္ဓဂန္ဓာ၊

သုရိန္ဒဥယျာနဇလာသယာဝ။

သဝန္တိ နဇ္ဇော သုဝိရာဇမာနာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဇလာသယာ = ရေအိုင်တို့သည်။ သုရိန္ဒဥယျာနဇလာသယာဝ = သိကြားနတ်မင်း ဥယျာဉ်အတွင်းဝယ် သန့်ရှင်းလှစွာ ကန်အိုင်သာတို့ကဲ့သို့။ အနေကသုဂန္ဓဂန္ဓာ = ထူးထွေများတောင်း ကောင်းသောရနံ့တို့ဖြင့် ပျံ့တကြိုင်ကြိုင် လှိုင်၍နေကုန်၏။ နဇ္ဇော = မြစ်တို့သည်။ သုဝိရာဇမာနာ = ရှုချင်စဖွယ် လွန်စွာ တင့်တယ်ကုန်သည်ဖြစ်၍။ သဝန္တိ = အဟုန်ထန်သည်း တဒီးဒီးလျှင် စီး၍နေကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၅) ဝိစိတ္တတိတ္ထေဟိ အလင်္ကတာ စ၊

မနုညနာနာမိဂပက္ခိပါသာ။

နဇ္ဇော ဝိရောစန္တိ သုသန္ဒမာနာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ နဇ္ဇော = မြစ်တို့သည်။



၄၇

ဝိစိတ္တတိတ္ထေဟိ = သွယ်သွယ်တင့်ဆန်း ဆိပ်ကမ်းတို့ဖြင့်။ အလင်္ကတာ စ = တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၎င်း။ မနုညနာနာမိဂပက္ခိပါသာ = စိတ်၏နှစ်သက်ဖွယ် အသွယ်သွယ်သော သားငှက်ခပင်းတို့၏ ကျော့ကွင်းသဖွယ် ဖြစ်ကုန်၍၎င်း။ သုသန္ဒမာနာ = အဟုန်ထန်လျင် တသွင်သွင် စီးဆင်းကြကုန်လျက်။ ဝိရောစန္တိ = ရှုချင်စဖွယ် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၆) ဥဘောသု ပဿေသု ဇလာသယေသု၊

သုပုပ္ဖိတာ စာရုသုဂန္ဓရုက္ခာ။

ဝိဘူသိတဂ္ဂါ သုရသုန္ဒရီဝ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဥဘောသု ပဿေသု = လမ်းခရီးဝဲယာ နှစ်ဖြာသော နံပါးတို့၌။ ဇလာသယေသု = ရေအိုင်တို့၌။ စာရုသုဂန္ဓရုက္ခာ = တင့်တယ်မွှေးကြိုင် ရနံ့လှိုင်သော သစ်ပင်တို့သည်။ သုပုပ္ဖိတာ = ကားကားစွင့်စွင့် ကောင်းစွာ ပွင့်ကြကုန်လျက်။ ဝိဘူသိတဂ္ဂါ = တန်းဆာဆင်ယင်အပ်သော အဖျားအညွန့် ရှိကုန်သည်ဖြစ်၍။ သုရသုန္ဒရီဝ = နတ်မိန်းမပျိုနှယ် တင့်တယ်လှပေကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။



၄၈

(၂၇) သုဂန္ဓနာနာဒုမဇာလကိဏ္ဏံ၊

ဝနံ ဝိစိတ္တံ သုရနန္ဒနံဝ။

မနောဘိရာမံ သတတံ ဂတီနံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုဂန္ဓနာနာဒုမဇာလကိဏ္ဏံ = သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်သော သစ်ပင်အပေါင်းတို့ဖြင့် ပြွမ်းသော။ ဝနံ = ခရီးလမ်းအပြင် တောတခွင်သည်။ သုရနန္ဒနံဝ = နတ်တို့ပျော်ရွှင် နန္ဒဝန်ဥယျာဉ်ကဲ့သို့။ ဝိစိတ္တံ = ဆန်းကြယ်လှသည်ဖြစ်၍။ ဂတီနံ = ခရီးသွားသူ ရှင်ရှင်လူတို့၏။ (ပထီနံရှိလျှင် ယုတ္တတရ)။ သတတံ မနောဘိရာမံ = အမြဲတစေ စိတ်နှလုံးမွေ့လျော်ဖွယ်ရာ ဖြစ်ပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၈) သမ္ပန္နနာနာသုစိအန္နပါနာ၊

သဗျဉ္ဇနာ သာဒုရသေန ယုတ္တာ။

ပထေသု ဂါမေ သုလဘာ မနုညာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပထေသု = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနစခန်း ခရီးလမ်းတို့၌။ ဂါမေ = ရောက်ရာရောက်ရာ ထိုထိုရွာ၌။ သဗျဉ္ဇနာ = စားမဲဟင်းလျာနှင့်တကွကုန်သော။ သာဒုရသေန = ချိုမြိန်ကောင်းမြတ် ရသာဓာတ်နှင့်။ ယုတ္တာ = ယှဉ်ကုန်သော။ မနုညာ = နှစ်သက်ဖွယ်ရှိကုန်သော။ သမ္ပန္နနာနာသုစိအန္နပါနာ = ချိုမြိန်လှစွာ ထွေလာများဖြင် ရှင်းသန့်စင်သည့်



၄၉

ဘောဇဉ်ခဲဖွယ် စားသောက်ဖွယ်တို့ကို။ သုလဘာ = ကောက်ပဲသိမ်းစ ခါသမယဝယ် ရလွယ်ပါကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၂၉) ဝိရာဇိတာ အာသိ မဟီ သမန္တာ၊

ဝိစိတ္တဝဏ္ဏာ ကုသုမာသနဿ။

ရတ္တိန္ဒဂေါပေဟိ အလင်္ကတာဝ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ကုသုမာသနဿ = တောရပ်မြိုင်သာ ပန်းနေရာ၏။ သမန္တာ = ထက်ဝန်းကျင်မှ။ မဟီ = မြေပြင်သည်။ ဝိရာဇိတာ = ရှုချင်စဖွယ် တင့်တယ်သည်ဖြစ်၍။ ရတ္တိံ = အ-ကာလတာ ညဉ့်အခါ၌။ ဣန္ဒဂေါပကေဟိ = သိကြားစောင့်ရှောက် ကွမ်းသွေးပေါက်ဟန် ပိုးပရံတို့ဖြင့်။ အလင်္ကတာဝ = တွေးတွေးနီတျာ တန်းဆာဆင်အပ်သကဲ့သို့။ ဝိစိတ္တဝဏ္ဏာ = ဆန်းကြယ်သော အဆင်းရှိသည်။ အာသိ = တင့်တယ်ကောင်းမြတ် ဖြစ်တုံလတ်ပြီ။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။



၅၀

(၃၀) ဝိသုဒ္ဓသဒ္ဓါဒိဂုဏေဟိ ယုတ္တာ၊

သမ္ဗုဒ္ဓရာဇံ အဘိပတ္ထယန္တာ။

ဗဟူ ဟိ တတ္ထေဝ ဇနာ သမန္တာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ တတ္ထေဝ = ထိုရာဇဂြိုဟ်, ကပိလ နှစ်ဌာနအကြားစခန်း ခရီးလမ်း၌ပင်လျှင်။ သမန္တာ = ဝန်းကျင်ပတ်ချာ ရပ်မျက်နှာမှ။ ဗဟူ = များစွာကုန်သော။ ဇနာ = လူအပေါင်းတို့သည်။ ဝိသုဒ္ဓသဒ္ဓါဒိဂုဏေဟိ = စင်ကြယ်သန့်ရှင်း သဒ္ဓါစသော ဂုဏ်ကျေးဇူးခပင်းတို့နှင့်။ ယုတ္တာ = ယှဉ်ကုန်လျက်။ သမ္ဗုဒ္ဓရာဇံ = သုံးလူ့သနင်း တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားကို။ အဘိပတ္ထယန္တာ = ငါတို့ဌာန ဤလမ်းမှပင် ကြွလာလိမ့်မည် မြော်ရည်တောင့်တကြကုန်လျက်။ ဝသန္တိ = နေကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၁) ဝိစိတြအာရာမသုပေါက္ခရညော၊

ဝိစိတြနာနာပဒုမေဟိ ဆန္နာ။

ဘိသေဟိ ခီရံဝ ရသံ ပဝါယတိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝိစိတြအာရာမသုပေါက္ခရညော = ဆန်းကြယ်သော အရံဥယျာဉ်အတွင်း သန့်ရှင်းစင်ကြယ်သော ရေကန်တို့သည်။ ဝိစိတြနာနာပဒုမေဟိ = ထူးထွေဆန်းပြား ကြာမျိုးငါးပါးတို့ဖြင့်။ ဆန္နာ = အပြည့်တင်းကြမ်း ဖုံးလွှမ်းအပ်ကုန်၏။ ဘိသေဟိ = ကြာစွယ်ကြာရင်းတို့မှ။ ရသံ = ချိမြိန်ကောင်းစည်



၅၁

ရသာရည်သည်။ ခီရံဝ = နို့ရည်ကဲ့သို့။ ပဝါယတိ = ရနံ့သင်းကြိုင် လှိုင်၍နေပါ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၂) ဝိစိတြနီလစ္ဆနေနလင်္ကတာ၊

မနုညရုက္ခာ ဥဘတောဝကာသေ။

သမုဂ္ဂတာ သတ္တသမူဟဘူတာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဥဘတောဝကာသေ = လမ်းခရီးဝဲယာ နှစ်ဖြာသောအရပ်၌။ မနုညရုက္ခာ = နှစ်သက်ဖွယ်တောင်း သစ်ပင်အပေါင်းတို့သည်။ ဝိစိတြနီလစ္ဆဒနေန = ဆန်းကြယ်ရွှန်းစို စိမ်းညိုသော သစ်ရွက်အပေါင်းဖြင့်။ အလင်္ကတာ = ပိတ်ဖုံးမိုးကာ တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍။ သမုဂ္ဂတာ = နဘန်မိုးမြင့် စွင့်စွင့်တက်ကြကုန်လျက်။ သတ္တသမူဟဘူတာ = များစွာလူထု ပေါင်းစုသကဲ့သို့ဖြစ်၍ ဖြစ်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၃) ဝိစိတြနီလဗ္ဘမိဝါယတံ ဝနံ၊

သုရိန္ဒလောကေ ဣဝ နန္ဒနံ ဝနံ။

သဗ္ဗောတုကံ သာဓုသုဂန္ဓပုပ္ဖံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။



၅၂

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝိစိတြနိလဗ္ဘမိဝ = ဆန်းကြယ်ညိုမှောင် တိမ်ရောင်တိမ်တန်းကဲ့သို့။ အာယတံ = မြစောင်းတန်းနှယ် ရှည်သွယ်စိမ်းလန်းသော။ ဝနံ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနသွားရာလမ်း တောတန်းသည်။ သုရိန္ဒလောကေ = သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌။ နန္ဒနံ ဝနံ ဣဝ = နန္ဒဝန်ခေါ်တွင် နတ်ဥယျာဉ်ကဲ့သို့။ သဗ္ဗောတုကံ = ဆောင်း, နွေ, မိုးဟု သုံးဥတုအား လျောက်ပတ်သည်ဖြစ်၍။ သာဓုသုဂန္ဓပုပ္ဖံ = ကောင်းမြတ်မွှေးကြိုင် ရနံ့ကောင်းလှိုင်သော ပန်းအမျိုးမျိုးရှိပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၄) သုဘဉ္ဇသံ ယောဇနယောဇနေသု၊

သုဘိက္ခဂါမာ သုလဘာ မနုညာ။

ဇနာဘိကိဏ္ဏာ သုလဘန္နပါနာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ယောဇနယောဇနေသု = ယူဇနာတိုင်း ယူဇနာတိုင်းတို့၌။ အဉ္ဇသံ = ခရီးလမ်းသည်။ သုဘံ = တင့်တယ်ကောင်းမွန်လှပါ၏။ မနုညာ = စိတ်နှစ်သက်ဖွယ်ဖြစ်ကုန်သော။ သုဘိက္ခဂါမာ = ဝပြောသာယာ ဆွမ်းခံရွာတို့ကို။ သုလဘာ = ရလွယ်ပါကုန်၏။ တေ = ထိုတယူဇနာ တယူဇနာ၌ ဆွမ်းခံရွာတို့သည်။ ဇနာဘိကိဏ္ဏာ = ရွာ၌နေသူ လူတို့ဖြင့် ပြွမ်းကုန်သည်ဖြစ်၍။ သုလဘန္နပါနာ = မငြိုမငြင် မပင်မပန်း ရလွယ်သော ဆွမ်းအဖျော်ယမကာ ရှိပါကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။



၅၃

အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၅) ပဟူတဆာယူဒကရမ္မဘူတာ၊

နိဝါသိနံ သဗ္ဗသုခပ္ပဒါတာ။

ဝိသာလသာလာ စ သဘာ စ ဗဟူ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဗဟူ = လမ်းခရီးအကြား များစွာကုန်သော။ ဝိသာလသာလာ စ = ကျယ်ပြန့်သော စရပ်တို့သည်၎င်း။ သဘာ စ = လူတို့ပေါင်းဆုံ အစည်းအဝေးရုံတို့သည်၎င်း။ ပဟူတဆာယူဒကရမ္မဘူတာ = ပေါများပြည့်လျှမ်း အရိပ်ရေချမ်းတို့ဖြင့် ရွှင်လန်းမွေ့လျော်ဖွယ် ရှိကုန်သည်ဖြစ်၍။ နိဝါသိနံ = တည်းခိုနေသူ ရှင်ရှင်လူတို့အား။ သဗ္ဗသုခပ္ပဒါတာ = ကာယစိတ္တ သုခနှစ်ဖြာ အလုံးစုံသော ချမ်းသာကို ပေးတတ်စွာကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၆) ဝိစိတ္တနာနာဒုမသဏ္ဍမဏ္ဍိတာ၊

မနုညဥယျာနသုပေါက္ခရညော။

သုမာပိတာ သာဓုသုဂန္ဓဂန္ဓာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။



၅၄

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပထေ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနစခန်း ခရီးလမ်း၌။ သုမာပိတာ = နတ်လမ်းသုတ်သင် သူတော်စင်တို့ တီထွင်တူးဖော်အပ်ကုန်သော။ မနုညဥယျာနသုပေါက္ခရညော = စိတ်နှစ်သက်ဖွယ် အသွယ်သွယ်သော ဥယျာဉ်ရေကန်တို့သည်။ ဝိစိတ္တနာနာဒုမသဏ္ဍမဏ္ဍိတာ = ဆန်းကြယ်ထူးထွေသော သစ်ပင်အပေါင်းတို့ဖြင့် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍။ သာဓုသုဂန္ဓဂန္ဓာ = ကောင်းမြတ်မွှေးကြိုင် ရနံ့တို့ဖြင့် လှိုင်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၇) ဝါတော မုဒုသီတလသာဓုရူပေါ၊

နဘာ စ အဗ္ဘာ ဝိဂတာ သမန္တာ။

ဒိသာ စ သဗ္ဗာဝ ဝိရောစယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝါတော = ညှင်းညှင်းသာသာ တိုက်ခတ်လာသော လေသည်။ မုဒုသီတလသာဓုရူပေါ = နူးညံ့အေးမြ ကောင်းမွန်လှသော သဘောရှိပါ၏။ နဘာ စ = အဇဋာပြင် မိုးကောင်းကင်သည်လည်း။ သမန္တာ = မည်းညစ်ညိုမှောင် မိုးတိမ်တောင်မှ။ ဝိဂတာ = ကင်းရှင်းစင်ကြယ်လှပါ၏။ သဗ္ဗာဝ = အလုံးစုံသာလျှင်ဖြစ်ကုန်သော။ ဒိသာ စ = အရပ်မျက်နှာတို့သည်လည်း။ ဝိရောစယန္တိ = ရှုချင်စဖွယ် တင့်တယ်တောက်ပကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော



၅၅

ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၈) ပထေ ရဇောနုဂ္ဂမနတ္ထမေဝ၊

ရတ္တိံ ပဝဿန္တိ စ မန္ဒဝုဋ္ဌီ။

နဘေ စ သူရော မုဒုကောဝ တာပေါ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပထေ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနစခန်း ခရီးလမ်း၌။ ရဇောနုဂ္ဂမနတ္ထမေဝ = မြူမှုန်မထ မကြွစေခြင်းငှါသာလျှင် (ဝါ၊ မြူမှုန်မထမကြွရုံသာ)။ ရတ္တိံ = ညဉ့်အခါ၌။ မန္ဒဝုဋ္ဌီစ = လေပြည်ဆော်သွေး မိုးသေးမိုးဖွဲတို့သည်လည်း။ ပဝဿန္တိ = မယုတ်မလွန် ရွာသွန်ကြကုန်၏။ နဘေ = အဇဋာပြင် မိုးကောင်းကင်၌။ သူရော စ = နေမင်းသည်လည်း။ မုဒုကောဝ တာပေါ = နူးညံ့လှစွာ ခံသာရုံသာ ထွန်းလင်းတောက်ပ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃၉) မဒပ္ပဗာဟာ မဒဟတ္ထိသံဃာ၊

ကရေဏုသံဃေဟိ သုကီဠယန္တိ။

ဒိသာ ဝိဓာဝန္တိ စ ဂဇ္ဇယန္တာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ မဒပ္ပဗာဟာ = လွန်စွာထန်ပြင်း မာန်ယစ်ခြင်းရှိကုန်သော။ မဒဟတ္ထိသံဃာ = အမုန်ယိုစီး



၅၆

ဆင်ပြောင်ကြီးအပေါင်းတို့သည်။ ကရေဏုသံဃေဟိ = ကြင်ဖော်မှန်လှ ဆင်မအပေါင်းတို့ဖြင့်။ သုကီဠယန္တိ = မြူးတူးပျော်ပါး ကစားကြကုန်၏။ ဂဇ္ဇယန္တာ = ကြိုးကြာသံကဲ့သို့ ကြည်းညည်းဟစ်အော်ကုန်လျက်။ ဒိသာစ = အရပ်မျက်နှာ ဦးတည်ရာတို့သို့လည်း။ ဝိဓာဝန္တိ = ထိုမှဤမှ ပြေးသွားကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၀) ဝနံ သုနီလံ အဘိဒဿနီယံ၊

နီလဗ္ဘကူဋံ ဣဝ ရမ္မဘူတံ။

ဝိလောကိတာနံ အတိဝိမှနီယံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝနံ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနခရီးလမ်း တောစခန်းသည်။ သုနီလံ = စိမ်းတစိုစို ညိုသော အဆင်းရှိသည်ဖြစ်၍။ အဘိဒဿနီယံ = ရှုချင်စဖွယ် အလွန်ပင် တင့်တယ်လှပေ၏။ နီလဗ္ဘကူဋံ ဣဝ = မည်းနက်ညိုမှောင် မိုးတိမ်တောင်ကဲ့သို့။ ရမ္မဘူတံ = နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်ဖြစ်၍လည်း ဖြစ်ပါ၏။ ဝိလောကိတာနံ = ကြည့်ရှုကုန်သူ ရှင်ရှင်လူတို့၏။ အတိဝိမှနီယံ = ထူးထွေဆန်းကြယ် အလွန်အံ့ဩဖွယ်လည်း ဖြစ်ပါ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။



၅၇

(၄၁) ဝိသုဒ္ဓမဗ္ဘံ ဂဂနံ သုရမ္မံ၊

မဏိမယေဟိ သမလင်္ကာတာဝ။

ဒိသာ စ သဗ္ဗာ အတိရောစယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဂဂနံ = အဇဋာပြင် မိုးကောင်းကင်သည်။ ဝိသုဒ္ဓမဗ္ဘံ = စင်ကြယ်သော တိမ်တိုက်ရှိသည်လည်းဖြစ်၍။ သုရမ္မံ = နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်လည်း ဖြစ်ပေ၏။ မဏိမယေဟိ = မြကျောက်စီခြယ် ဆင်ယင်ဖွယ် တန်းဆာတို့ဖြင့်။ သမလင်္ကတာဝ = ကောင်းစွာပြုပြင် တန်းဆာဆင်အပ်ကုန်သကဲ့သို့။ သဗ္ဗာ ဒိသာ စ = အလုံးစုံသော အရပ်မျက်နှာတို့သည်လည်း။ အတိရောစယန္တိ = ရှုချင်စဖွယ် လွန်စွာ တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၂) ဂန္ဓဗ္ဗဝိဇ္ဇာဓရကိန္နရာ စ၊

သုဂီတိယန္တာ မဓုရဿရေန။

စရန္တိ တသ္မိံ ပဝနေ သုရမ္မေ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုရမ္မေ = နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်ဖြစ်သော။ တသ္မိံ ပဝနေ = ထိုရာဇဂြိုဟ်, ကပိလ နှစ်ဌာနခရီးလမ်း တောစခန်း၌။ ဂန္ဓဗ္ဗဝိဇ္ဇာဓရကိန္နရာ စ = ဂန္ဓဗ္ဗနတ်, ဝိဇ္ဇာဓိုရ်, ကိန္နရာတို့သည်လည်း။ မဓုရဿရေန = ချိုမြိန်လှစွာ သာယာသောအသံဖြင့်။ သုဂီတိယန္တာ = လေးတွဲ့သံချို ကောင်းစွာ သီဆိုကုန်လျက်။ စရန္တိ = လူးလာကျက်စား သွားလာကြကုန်၏။



၅၈

မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၃) ကိလေသသံဃဿ ဘိတာသကေဟိ၊

တပဿိသံဃေဟိ နိသေဝိတံ ဝနံ။

ဝိဟာရအာရာမသမိဒ္ဓိဘူတံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ကိလေသသံဃဿ = နှိပ်စက်တတ်စွာ ကိလေသာအပေါင်းကို။ အဘိတာသကေဟိ = အလွန်ထိတ်လန့် ကြောက်ရွံ့ကြကုန်သော။ တပဿိသံဃေဟိ = ရသေ့ရဟန်းအပေါင်းတို့သည်။ နိသေဝိတံ = အမြဲမပြတ် ကိန်းပျော်မှီဝဲအပ်သော။ ဝနံ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနခရီးလမ်း တောစခန်းသည်။ ဝိဟာရအာရာမသမိဒ္ဓိဘူတံ = နေထိုင်ဖို့ရန် ကျောင်းအရာမ်တို့ဖြင့် ပြည့်စုံသည်ဖြစ်၍ဖြစ်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၄) သမိဒ္ဓိနာနာဖလိနော ဝနန္တာ၊

အနာကုလာ နိစ္စမနောဘိရမ္မာ။

သမာဓိပီတိံ အဘိဝဍ္ဎယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။



၅၉

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သမိဒ္ဓိနာနာဖလိနော = ပြည့်ဝခိုင်ဖြီး အထူးထူးသော အသီးရှိကုန်သော။ ဝနန္တာ = တောအုပ်တို့သည်။ အနာကုလာ = နှောက်ယှက်ခြင်း ကင်းကုန်သည်ဖြစ်၍။ နိစ္စမနောဘိရမ္မာ = အမြဲတစေ နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်၏။ ပထိကာနံ = ခရီးသွားသူ ရှင်ရှင်လူတို့၏။ သမာဓိပီတိံ = စိတ်တည်ကြည်ခြင်း နှစ်သက်ခြင်းကို။ အဘိဝဍ္ဎယန္တိ = အာရုံငါးသင်း ဆိတ်ငြိမ်ခြင်းကြောင့် လွန်မင်းစွာ တိုးပွားစေနိုင်ကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၅) နိသေဝိတံ နေကဒိဇေဟိ နိစ္စံ၊

ဂါမေန ဂါမံ သတတံ ဝသန္တာ။

ပုရေ ပုရေ ဂါမဝရာ စ သန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဝနန္တံ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနခရီးလမ်း တောစခန်းကို။ အနေကဒိဇေဟိ = အမျိုးဇာတ်အား များစွာသော ငှက်အပေါင်းတို့သည်။ နိစ္စံ = အမြဲ။ နိသေဝိတံ = ပျော်ရွှင်မှီဝဲ သုံးစွဲအပ်ပေ၏။ ဂါမေန ဂါမံ = တရွာမှ တရွာသို့။ သတတံ = အမြဲမပြတ်။ ဝသန္တာ = သဘောတူရာပြောင်း၍ စုပေါင်းတည်နေကြကုန်သော။ ဂါမဝရာ စ = စားကျေးရွာတို့သည်လည်း။ ပုရေ ပုရေ = မြို့တိုင်း မြို့တိုင်း၌။ သန္တိ = ရှိကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။



၆၀

သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၆) ဝတ္ထန္နပါနံ သယနာသနဉ္စ၊

ဂန္ဓဉ္စ မာလဉ္စ ဝိလေပနဉ္စ။

တဟိံ သမိဒ္ဓါ ဇနတာ ဗဟူ စ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ တဟိံ = ထိုလမ်းခရီးအကြား များပြားလှစွာ စားကျေးရွာတို့၌။ ဝတ္ထန္နပါနဉ္စ = ဝတ်ဖွယ် စားဖွယ် သောက်ဖွယ် အသွယ်သွယ်သည်၎င်း။ သယနာသနဉ္စ = အိပ်ရာနေရာသည်၎င်း။ ဂန္ဓဉ္စ = အထုံအခိုး နံ့သာမျိုးသည်၎င်း။ မာလဉ္စ = ပန်းအမျိုးမျိုးသည်၎င်း။ ဝိလေပနဉ္စ = ရနံ့ကြိုင်လှောင်း နံ့သာပျောင်း (နံ့သာပျော့) အမျိုးမျိုးသည်၎င်း။ သမိဒ္ဓါ = စီးပွားဥစ္စာ ကြွယ်ဝစွာကုန်သော။ ဗဟူဇနတာ စ = သင်္ချာများတောင်း လူအပေါင်းတို့သည်၎င်း။ သန္တိ = ရှိပါကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၇) ပုညိဒ္ဓိယာ သဗ္ဗယသဂ္ဂပတ္တာ၊

ဇနာ စ တသ္မိံ သုခိတာ သမိဒ္ဓါ။

ပဟူတဘောဂါ ဝိဝိဓာ ဝသန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ တသ္မိံ = ထိုလမ်းခရီးအကြား



၆၁

များပြားလှစွာ စားကျေးရွာအပေါင်း၌။ ပုညိဒ္ဓိယာ = ကောင်းမှုပြည့်ဖြိုး ဘုန်းတန်ခိုးဖြင့်။ (ဝါ) ဘုန်းတန်ခိုးကြောင့်။ သဗ္ဗယသဂ္ဂပတ္တာ = လုံးစုံမကြွင်း အခြံအရံများခြင်း ကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ကုန်သော။ ဇနာ စ = ကုသိုလ်ကြီးမား လူအများတို့သည်လည်း။ သုခိတာ = ကာယစိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံကုန်လျက်။ ပဟူတဘောဂါ = သင်္ချာမြားမြောင် အသုံးအဆောင်ရှိကြကုန်လျက်။ ဝိဝိဓာ = အထူးထူး အပြားပြား။ ဝသန္တိ = နေထိုင်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၈) နဘေ စ အဗ္ဘာ သုဝိသုဒ္ဓဝဏ္ဏာ၊

ဒိသာ စ စန္ဒော သုဝိရာဇိတောဝ။

ရတ္တိဉ္စ ဝါတော မုဒုသီတလော စ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ နဘေ = အဇဋာပြင် မိုးကောင်းကင်၌။ အဗ္ဘာ စ = တိမ်တိုက်တို့သည်လည်း။ သုဝိသုဒ္ဓဝဏ္ဏာ = စင်ကြယ်သန့်ရှင်းသော အဆင်းရှိကုန်၏။ စန္ဒော စ = လမင်းသည်လည်း။ ဒိသာ = ဝန်းကျင်ပတ်ချာ အရပ်မျက်နှာတို့ကို။ သုဝိရာဇိတောဝ = တင့်တယ်စွာလှ ထွန်းတောက်ပ၏။ ရတ္တိဉ္စ = အကာလတာ ညဉ့်အခါ၌လည်း။ ဝါတော = ညှင်းညှင်းသာသာ တိုက်ခတ်လာသော လေသည်။ မုဒုသီတလော စ = ဆောင်းရာသီ၌ကဲ့သို့ မကြမ်းလှ, နူးညံ့စွာ အေးမြပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော



၆၂

ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄၉) စန္ဒုဂ္ဂမေ သဗ္ဗဇနာ ပဟဋ္ဌာ၊

သကင်္ဂဏေ စိတြကထာ ဝဒန္တာ။

ပိယေဟိ သဒ္ဓိံ အဘိမောဒယန္တိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ စန္ဒုဂ္ဂမေ = စန်းငွေယုန်စက် ထွက်လတ်သောအခါ၌။ ပဟဋ္ဌာ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကုန်သော။ သဗ္ဗဇနာ = မြေ၌နေသူ လူခပ်သိမ်းတို့သည်။ သကင်္ဂဏေ = လသာဆောင်တခွင် မိမိ မိမိတို့၏ အိမ်ကြမ်းပြင်၌။ စိတြကထာ = ဆန်းကြယ်သော စကားတို့ကို။ ဝဒန္တာ = ပြောဆိုကုန်လျက်။ ပိယေဟိ = ချစ်အပ်သော သူတို့နှင့်။ သဒ္ဓိံ = အတူတကွ။ အဘိမောဒယန္တိ = နှစ်လို့အားရမ်း ဝမ်းမြောက်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၀) စန္ဒဿ ရံသီဟိ နဘံ ဝိရောစိ၊

မဟီ စ သံသုဒ္ဓမနုညဝဏ္ဏာ။

ဒိသာ စ သဗ္ဗာ ပရိသုဒ္ဓရူပါ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ စန္ဒဿ = လမင်း၏။



၆၃

ရံသီဟိ = အေးမြချမ်းကြည် စန်းရောင်ခြည်တို့ဖြင့်။ နဘံ = အဇဋာပြင် မိုးကောင်းကင်သည်။ ဝိရောစိ = ရှုချင်စဖွယ် တင့်တယ်တောက်ပပါ၏။ မဟီ စ = မြေအပြင်သည်လည်း။ သံသုဒ္ဓမနုညဝဏ္ဏာ = စင်ကြယ်သန့်ရှင်း နှစ်သက်ဖွယ် အဆင်းရှိပါ၏။ သဗ္ဗာ ဒိသာ စ = ဝန်းကျင်ပတ်ချာ အလုံးစုံသော အရပ်မျက်နှာတို့သည်လည်း။ ပရိသုဒ္ဓရူပါ = စင်ကြယ်သန့်ရှင်းသော သဘောရှိကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၁) ဒူရေ စ ဒိသွာ ဝရစန္ဒရံသိံ၊

ပုပ္ဖိံသု ပုပ္ဖါနိ မဟီတလသ္မိံ။

သမန္တတော ဂန္ဓဂုဏတ္ထိကာနံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဂန္ဓဂုဏတ္ထိကာနံ = ရနံ့စုကို အလိုရှိသူတို့အကျိုးငှါ။ သမန္တတော = ထက်ဝန်းကျင်မှ။ မဟီတလေ = မြေအပြင်၌။ ပုပ္ဖါနိ = ပန်းအမျိုးမျိုးတို့သည်။ ဒူရေ စ = ခရီးယူဇနာ ဝေးကွာသော အရပ်၌သာလျှင်။ (ဌိတံ = တည်သော၊ ထည့်) ဝရစန္ဒရံသိံ = ကောင်းမြတ်ထွန်းပြောင် စန်းလရောင်ကို။ ဒိသွာ = ပဏာပေါင်းဆုံ ကြိုက်ကြုံရသောကြောင့်။ ပုပ္ဖိံသု = ကားကားစွင့်စွင့် ပွင့်ကြလေကုန်ပြီ။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍



၆၄

ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၂) စန္ဒဿ ရံသီဟိ ဝိလိမ္ပိတာဝ၊

မဟီ သမန္တာ ကုသုမေန’လင်္ကတာ။

ဝိရောစိ သဗ္ဗင်္ဂသုမာလိနီဝ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ မဟီ = မြေအပြင်သည်။ စန္ဒဿ = လမင်း၏။ ရံသီဟိ = အေးမြချမ်းကြည် စန်းရောင်ခြည်တို့ဖြင့်။ ဝိလိမ္ပိတာဝ = တင့်တယ်စေရန် လိမ်းကျံအပ်သကဲ့သို့။ သမန္တာ = ထက်ဝန်းကျင်မှ။ ကုသုမေန = ညဉ့်၌ပွင့်ဆန်း ပန်းအမျိုးမျိုးဖြင့်။ အလင်္ကတာ = အလှပြုပြင် တန်းဆာဆင်အပ်သည်ဖြစ်၍။ သဗ္ဗင်္ဂသုမာလိနီဝ = အင်္ဂါကြီးငယ် အသွယ်သွယ်၌ တင့်တယ်စေကြောင်း ပန်းပေါင်းစုံလင် ပန်ဆင်အပ်သော အမျိုးသမီးကဲ့သို့။ ဝိရောစိ = ရှုချင်စဖွယ် တင့်တယ်လှပါ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၃) ကုစန္တိ ဟတ္ထီပိ မဒေန မတ္တာ၊

ဝိစိတ္တပိဉ္ဆာ စ ဒိဇာ သမန္တာ။

ကရောန္တိ နာဒံ ပဝနေ သုရမ္မေ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သုရမ္မေ = နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော။ ပဝနေ = ရာဇဂြိုဟ်, ကပိလ နှစ်ဌာနခရီးလမ်း



၆၅

တောစခန်း၌။ ဟတ္ထီပိ = ဆင်တို့သည်လည်း။ မဒေန = အမုန်ဖြင့်။ မတ္တာ = ယစ်ကုန်သည်ဖြစ်၍။ ကုစန္တိ = ကြိုးကြာသံကဲ့သို့ အသံမူကုန်၏။ ဝိစိတ္တဝိဉ္ဆာ = အံ့ဖွယ်ဘနန်း ဆန်းကြယ်သော အတောင်ရှိကုန်သော။ ဒိဇာ စ = နှစ်ကြိမ်ဖွားတောင်း ငှက်အပေါင်းတို့သည်လည်း။ သမန္တာ = ဝန်းကျင်ပတ်ချာ ရပ်မျက်နှာမှ။ နာဒံ = ဝမ်းသာရွှင်မြူး တွန်ကျူးသောအသံကို။ ကရောန္တိ = ပြုကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၄) ပထဉ္စ သဗ္ဗံ ပဋိပဇ္ဇနက္ခမံ၊

ဣဒ္ဓံ စ ရဋ္ဌံ သဓနံ သဘောဂံ။

သဗ္ဗတ္ထုတံ သဗ္ဗသုခပ္ပဒါနံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သဗ္ဗံ = အလုံးစုံသော။ ပထဉ္စ = သွားရန်စခန်း ခရီးလမ်းသည်လည်း။ ပဋိပဇ္ဇနက္ခမံ = ဆောင်းကိုလွန်မြောက် နွေဦးပေါက်၍ သွားရောက်ခြင်းငှါ ခံ့လှစွာ၏။ ရဋ္ဌံ စ = တိုင်းပြည်ခရိုင် နိုင်ငံများသည်လည်း။ ဣဒ္ဓံ = ပြည့်စုံ၏။ သဓနံ = ဥစ္စာစီးပွား ပေါများလှ၏။ သဘောဂံ = သုံးဖွယ်ကုံလုံ ပြည့်စုံလှပါ၏။ သဗ္ဗတ္ထုတံ = အင်္ဂါခုနစ်ပုံ လုံးစုံပြည့်လတ် ချီးမွမ်းအပ်ပါ၏။ သဗ္ဗသုခပ္ပဒါနံ = ကာယ စိတ္တ သုခနှစ်ပုံ အလုံးစုံသော ချမ်းသာကို ပေးတတ်စွာ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ



၆၆

ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၅) ဝနဉ္စ သဗ္ဗံ သုဝိစိတ္တရူပံ၊

သုမာပိတံ နန္ဒနကာနနံဝ။

ယတီန ပီတိံ သတတံ ဇနေတိ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ သဗ္ဗံ = အလုံးစုံသော။ ဝနဉ္စ = သွားရမည့်လမ်း တောစခန်းသည်လည်း။ သုမာပိတံ = နတ်တို့၏ကံ စီမံဖန်ဆင်းအပ်သော။ နန္ဒနကာနနံဝ = နန္ဒဝန်ခေါ်တွင် နတ်ဥယျာဉ်ကဲ့သို့။ သုဝိစိတ္တရူပံ = ရှုချင်စဖွယ် လွန်စွာ ဆန်းကြယ်သော သဘောရှိပါ၏။ ယတီနံ = တောရပ်စခန်း ခရီးသွားရဟန်းတို့၏။ ပီတိံ = အာရုံငါးပါးမဖက် တောနှင့်စပ်သော နှစ်သက်ခြင်းကို။ သတတံ ဇနေတိ = အမြဲမပြတ် ဖြစ်စေတတ်ပါ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၆) အလင်္ကတံ ဒေဝပုရံဝ ရမ္မံ၊

ကပီလဝတ္ထုံ ဣတိ နာမဓေယျံ။

ကုလနဂရံ ဣဓ သဿိရိကံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ဣဓ = ဤလောက၌။ သဿိရိကံ = အသရေရှိသော။ ကပိလဝတ္ထုံ ဣတိ နာမဓေယျံ = ကပိလရသေ့ ပျော်စံမွေ့သည့် မြေ့-သီခရာ သင်္ခမ်းရာဝယ်



၆၇

မြို့ရွာတည်လတ် ယင်းဗျုပ္ပတ်ကြောင့် အနွတ္ထဘွဲ့ချည် ကပိလဝတ်ဟူသော အမည်ရှိသော။ ကုလနဂရံ = ခမည်းနတ်ကျော် မြတ်မယ်တော်နှင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ ကိန်းအောင်းစံပျော် နေပြည်တော်သည်။ အလင်္ကတံ = အလှပြုပြင် တန်းဆာဆင်အပ်သော။ ဒေဝပုရံဝ = နတ်တို့စံရာ တာဝတိံသာကဲ့သို့။ ရမ္မံ = နှလုံးရွှင်ပျော် မွေ့လျော်ဖွယ်ရှိပါပေ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။ (ဤဂါထာမှ စ၍ ကပိလဝတ်နေပြည်တော်ကို ဖွဲ့ဆိုချီးလျှောက်သည်။)

(၅၇) မနုညအဋ္ဋာလဝိစိတ္တရူပံ၊

သုဖုလ္လပင်္ကေရုဟသဏ္ဍမဏ္ဍိတံ။

ဝိစိတ္တပရိခါဟိ ပုရံ သုရမ္မံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပုရံ = ကပိလဝတ်တွင်ခေါ် နေပြည်တော်သည်။ မနုညအဋ္ဋာလဝိစိတ္တရူပံ = စိတ်နှစ်သက်ဖွယ်ရှိသော ပြအိုးတန်ဆောင်းတို့ဖြင့် ဆန်းကြယ်သော သဘောရှိပါ၏။ သုဖုလ္လပင်္ကေရုဟသဏ္ဍမဏ္ဍိတံ = ငွါးငွါးစွင့်စွင့် ကားကားပွင့်သော ကြာတောတို့ဖြင့် သာမောတင့်လွင် တန်းဆာဆင်အပ်ပါ၏။ ဝိစိတ္တပရိခါဟိ = ဆန်းကြယ်ဘိတောင်း ကျုံးမြောင်းတို့ဖြင့်။ သုရမ္မံ = လွန်စွာမွေ့လျော် ပျော်ဖွယ်ရာရှိပါ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း



၆၈

ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၈) ဝိစိတ္တပါကာရဉ္စ တောရဏဉ္စ၊

သုဘင်္ဂဏံ ဒေဝနိဝါသဘူတံ။

မနုညဝီထိ သုရလောကသန္နိဘံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပုရံ = ကပိလဝတ်တွင်ခေါ် နေပြည်တော်သည်။ ဝိစိတ္တပါကာရဉ္စ = ရှုချင်စဖွယ် ဆန်းကြယ်သော မြို့တံတိုင်းလည်း ရှိပါ၏။ တောရဏဉ္စ = ကြံ့ကြံ့တည်ခိုင် တုရိုဏ်တိုင်လည်း ရှိပါ၏။ သုဘင်္ဂဏံ = စည်မျက်နှာအသွင် တင့်တယ်သော မြေအပြင် ရှိသည်ဖြစ်၍။ ဒေဝနိဝါသဘူတံ = သမ္မုတိနတ် ဥက္ကဌ်နွယ်ရင်း လူမင်းတို့၏ စံနေရာဖြစ်၍လည်း ဖြစ်၏။ မနုညဝီထိ စ = စိတ်နှစ်သက်ဖွယ် ပြန့်ကျယ်သန့်ရှင်းသော လမ်းခရီးလည်း ရှိ၏။ သုရလောကသန္နိဘံ = နတ်တို့စံရာ တာဝတိံသာနတ်ပြည်နှင့်လည်း တူ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅၉) အလင်္ကတာ သာကိယရာဇပုတ္တာ၊

ဝိရာဇမာနာ ဝရဘူသနေဟိ။

သုရိန္ဒလောကေ ဣဝ ဒေဝပုတ္တာ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား..။ ပုရေ = ကပိလဝတ်တွင်ခေါ် နေပြည်တော်၌။ သာကိယရာဇပုတ္တာ = မဟာနွယ်ဖွား



၆၉

သာကီဝင်မင်းသားတို့သည်။ ဝရဘူသနေဟိ = မြတ်သော အဆင်တန်းဆာတို့ဖြင့်။ အလင်္ကတာ = အလှပြုပြင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍။ သုရိန္ဒလောကေ = နတ်တို့သနင်း သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌။ ဒေဝပုတ္တာ ဣဝ = နတ်ဝတ်တန်းဆာ ကောင်းစွာဆင်ထား နတ်သားတို့ကဲ့သို့။ ဝိရာဇမာနာ = ရှုချင်စဖွယ် အလွန် တင့်တယ်ကြကုန်၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၆၀) သုဒ္ဓေါဒနော မုနိဝရံ အဘိဒဿနာယ၊

အမစ္စပုတ္တေ ဒသဓာ အပေသယိ။

ဗလေန သဒ္ဓိံ မဟတာ မုနိန္ဒ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     မုနိန္ဒ = မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင်ဘုရား..။ သုဒ္ဓေါဒနော = မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်။ မုနိဝရံ = မုနိဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူသော အရှင်ဘုရားကို။ အဘိဒဿနာယ = ကွဲကွာသည်လည်း ကြာမြင့်, အသက်အရွယ်ကလည်း ကြီးရင့်၍ ရှင်ပင့်မျက်နှာ စန်းသော်မာကို သဒ္ဓါကော်ရော် ဖူးမြော်ခြင်းငှါ။ အမစ္စပုတ္တေ = အမတ်သားတို့ကို။ ဒသဓာ = ဆယ်ကြိမ်ဆယ်စု ဆယ်ဖို့ပြု၍။ မဟတာ = တထောင် တထောင် မြားမြောင်လှစွာသော။ ဗလေန = ဗိုလ်ပါအပေါင်းနှင့်။ သဒ္ဓိံ = တကွ။ အပေသယိ = ရှင်တော်ထံမှောက် ပင့်လျှောက်စေလွှတ်ခဲ့လေပြီ။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။



၇၀

သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၆၁) နေဝါဂတံ ပဿတိ နေဝ ဝါစံ၊

သောကာဘိဘူတံ နရဝီရသေဋ္ဌံ။

တောသေတုမိစ္ဆာမိ နရာဓိပတ္တံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။

     မုနိန္ဒ = မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင်ဘုရား..။ သုဒ္ဓေါဒနော = မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်။ အာဂတံ = ရှင်စောမြတ်စွာ ကြွလာတော်မူသည်ကို။ နေဝ ပဿတိ = မဖူးမြင်ရရှာပါ။ ဝါစံ = ကြွလာလိမ့်မည် မလာမည်ဟု နှစ်လီကွဲပြား သတင်းစကားကိုမျှလည်း။ နေဝ သုဏာတိ = မကြားရရှာပါ။ သောကာဘိဘူတံ = သောကလောင်မီး ဖိစီးနှိပ်စက်အပ်သော။ နရဝီရသေဋ္ဌံ = ရဲရင့်သသူ ထိုထိုလူတို့ထက် မြတ်သော။ နရာဓိပတ္တံ = လူတို့သနင်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို။ တောသေတုံ = ရှင်တော့်မျက်နှာ ဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေခြင်းငှါ။ (အဟံ = အကျွန်ုပ် ကာဠုဒါယီသည်။) ဣစ္ဆာမိ = တောင့်တလင့်ဆို အလိုရှိပါ၏။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၆၂) တံဒဿနေနဗ္ဘုတပီတိရာသိ၊

ဥဒိက္ခမာနံ ဒွိပဒါနမိန္ဒံ။

တောသေဟိ တံ မုနိန္ဒ ဂုဏသေဋ္ဌံ၊

သမယော မဟာဝီရ အင်္ဂီရသာနံ။



၇၁

     မုနိန္ဒ = မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင်ဘုရား..။ (ပိတုနော = မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား၊ ထည့်)။ တံ ဒဿနေန = အရှင်ဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်ရခြင်းဖြင့်၊ (ဝါ) ဖူးမြင်ရခြင်းကြောင့်။ အဗ္ဘုတပီတိရာသိ = မဖြစ်စဖူး ထူးကဲသော နှစ်သက်ခြင်းအစုသည်။ (ဘဝေယျ = ဧကန်စင်စစ် ဖြစ်လေရာပါ၏၊ ထည့်)။ ဥဒိက္ခမာနံ = ရှင်တော်ဘုန်းပွင့် ကြွလာခွင့်ကို မြော်လင့်ကာနေသော။ ဒွိပဒါနမိန္ဒံ = အခြေနှစ်ချောင်းရှိသူ လူတို့ကိုအစိုးရသော။ ဂုဏသေဋ္ဌံ = ကျွေးမွေးခဲ့ဖူး ဂုဏ်ကျေးဇူးဖြင့် အထူးမြင့်မြတ် ချီးမွမ်းအပ်သော။ တံ = ထိုမွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို။ (တွံ = အရှင်ဘုရားသည်၊ ထည့်)။ တောသေဟိ = ရှင်တော့်မျက်နှာ ဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေ တော်မူပါလော့။ မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား..။ အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၆၃) အာသာယ ကဿတေ ခေတ္တံ၊

ဗီဇံ အာသာယ ဝပ္ပတိ။

အာသာယ ဝါဏိဇာ ယန္တိ၊

သမုဒ္ဒံ ဓနဟာရကာ။

ယာယ အာသာယ တိဋ္ဌာမိ၊

သာ မေ အာသာ သမိဇ္ဈတု။

     မုနိန္ဒ = မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင်ဘုရား..။ ကဿကော = တောင်သူယောက်ျား လယ်သမားသည်။ အာသာယ = ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလားတောင့်တခြင်းကြောင့်။ ခေတ္တံ = လယ်ယာကို။ ကဿတေ = ခေါက်တုံ့ခေါက်ပြန် အဖန်ဖန် ထွန်ယက်၏။



၇၂

(ကသိတွာ = ခေါက်တုံ့ခေါက်ပြန် အဖန်ဖန် ထွန်ယက်ပြီး၍၊ ထည့်)။ အာသာယ = ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလားတောင့်တခြင်းကြောင့်။ ဗီဇံ = မျိုးစေ့ကို။ ဝပ္ပတိ = ထကြွလုံ့လ ဝီရိယဖြင့် ကြဲချစိုက်ပျိုး၏။ ဓနဟာရကာ = ဥစ္စာကို ဆောင်ကုန်သော။ ဝါဏိဇာ = ကုန်သည်တို့သည်။ အာသာယ = မြတ်စွန်းလိုငြား တောင့်တချက်တရားကြောင့်။ သမုဒ္ဒံ = ငါးလိပ်မကာရ်း ဘေးဘျမ်းတို့ ရောပြွမ်းထူစွာ သမုဒြာကို။ ယန္တိ = လှေသင်္ဘောကြီး အသီးသီးဖြင့် ခရီးဖြန့်မြန်း သက်စွန့်ကြိုးပမ်း ကူးသန်းသွားလာကြကုန်၏။ (တထေဝ = ထို့အတူပင်လျှင်။ အဟမ္ပိ = ဖွားဘက်တော်သမုတ် အကျွန်ုပ် ကာဠုဒါယီသည်လည်း၊ ထည့်)။ ယာယ အာသာယ = နေပြည်တော်ဟောင်း ကြွစေကြောင်းဟု ကောင်းသောဆန္ဒ အကြင်သို့သော တောင့်တခြင်းဖြင့်။ (ဣဓ = ဤဝေဠုဝန်ခေါ် မင်းကျောင်းတော်၌၊ ထည့်)။ တိဋ္ဌာမိ = ရှင်တော့်ထံမှောက် ဆိုက်ရောက်ရပ်တည်လာပါ၏။ မေ = ဖွားဘက်တော်သမုတ် အကျွန်ုပ် ကာဠုဒါယီ၏။ သာ အာသာ = ဆွေထံမျိုးထံ ကိုယ်တော်ပြန်၍ အဖူးမြော်ခံစေလိုသော သမ္မာဆန္ဒ ထိုတောင့်တချက်သည်။ သမိဇ္ဈတု = တောင့်တသည့်အတိုင်း မဆိုင်းကုံလုံ ပြည့်စုံပါစေသတည်း။

(၆၄) နာတိသီတံ နာတိဥဏှံ၊

နာတိဒုဗ္ဘိက္ခဆာတကံ။

သဒ္ဒလာ ဟရိတာ ဘူမိ၊

ဧသ ကာလော မဟာမုနိ။

     မဟာမုနိ = မုနိဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား..။ ဣဒံ = ဆောင်းနှောင်းနွေဦး ဤအခါထူးသည်။ နာတိသီတံ = အေးလည်း မအေးလွန်းလှပါဘုရား။ နာတိဥဏှံ = ပူလည်း မပူလွန်းလှပါဘုရား။ နာတိဒုဗ္ဘိက္ခဆာတကံ = ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါ၏ဘုရား။ ဘူမိ = မြေအပြင်သည်။ သဒ္ဒလာ = နေဇာမြက်ညွန့် ရှိသည်ဖြစ်၍။ ဟရိတာ = မြအရောင်သန်း



၇၃

စိမ်းလန်းစိုပြေလှပါ၏ဘုရား။ ဧသ-ဧသော = ဆောင်းနှောင်းနွေဦး ဤအခါထူးသည်။ ကာလော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

     ဤသို့လျှင် ကာဠုဒါယီမထေရ်သည် ထူးထွေဆန်းကြယ် ဂါထာခြောက်ဆယ်တို့ဖြင့် မြတ်စွာဘုရားသခင် ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူရန် ချီးမွမ်းစကား လျှောက်ထားလေ၏။

(ဤ၌။ ။အရှင်ကာဠုဒါယီ လျှောက်ဆိုသော ဂါထာတို့မှာ (၆၄)ဂါထာပင်ဖြစ်သော်လည်း အဋ္ဌသာလိနီမူလဋီကာ၌ ကိလေသာကို ရေတွက်သောအရာ၌ကဲ့သို့ အနည်းငယ် (၄)ဂါထာမျှ ပိုလွန်စေကာမူ “အပ္ပကံ ဟိ ဦနံ အဓိကံ ဝါ ဂဏနူပဂံ န ဟောတိ = အနည်းငယ်မျှ လိုသောအရာ ပိုသောအရာသည် မရေတွက်လောက်”ဟူသော ကျမ်းလာစကားအတိုင်း ဂါထာခြောက်ဆယ်ဟူ၍သာလျှင် အဋ္ဌကထာ ဋီကာတို့၌ ခေါ်ဆိုသုံးစွဲလေသည်ကို အထူးမှတ်ယူရာ၏။)

     ထိုသို့ ကာဠုဒါယီ မထေရ်မြတ် လျှောက်ဆို လတ်သောအခါ မြတ်စွာဘုရားသည် ကာဠုဒါယီမထေရ်ကို “ချစ်သား ကာဠုဒါယီ.. သင်ချစ်သားသည် အဘယ်အကြောင်းကြောင့် ချိမြိန်သာယာသောအသံဖြင့် ကပိလဝတ်ပြည်သို့ သွားရောက်ရန် ချီးမွမ်းစကား လျှောက်ထား ပြောဆိုသနည်း”ဟု မေးမြန်းတော်မူလေသော် အရှင်ကာဠုဒါယီမထေရ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့ကို ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီးသည် ဖူးမြော်လိုလှပါပြီ။ ဆွေတော်မျိုးတော်တို့အား သင်္ဂြိုဟ်ချီးမြှောက်မှု ပြုတော်မူပါကုန်ဘုရား”ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက အရှင်ကာဠုဒါယီမထေရ်ကို “ကောင်းပြီ ချစ်သားကာဠုဒါယီ.. ငါဘုရားသည် ဆွေတော်မျိုးတော်တို့အား သင်္ဂြိုဟ်ချီးမြှောက်မှု ပြုပေအံ့။ ရဟန်းသံဃာအပေါင်းအား ထိုအကြောင်းကို



၇၄

လျှောက်ကြားလော့။ ရဟန်းများသည် ခရီးသွားရဟန်းတို့ ပြုကျင့်ရမည့် ဝတ်တရားစုကို ပြုကြပေလိမ့်မည်”ဟူ၍ မိန့်ကြားတော်မူလေသော် “ကောင်းပါပြီ ရှင်တော်ဘုရား”ဟု ဝန်ခံပြီးလျှင် ကာဠုဒါယီမထေရ်သည် ရဟန္တာပေါင်း ထေရ်နှစ်သောင်းတို့အား ထိုအကြောင်းကို လျှောက်ထားလေ၏။

(ကာဠုဒါယီမထေရ်မြတ် ဂါထာခြောက်ဆယ်တို့ဖြင့်

မြတ်စွာဘုရားကို ကပိလဝတ်နေပြည်တော်သို့ ကြွရောက်ရန်

ပင့်လျှောက်ခဏ်း ပြီး၏။)

ဤတွင် အခဏ်း ၁၆-ပြီး၏။