Page:UN Charter (Burmese translation).djvu/42

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၃။ ယခုလက်ရှိ ပဋိညာဉ်စာချုပ်သည် တရုတ်သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံ၊ ဗြိတိန်နှင့် အိုင်ယာလန်မြောက်ပိုင်းနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံများက လည်းကောင်း လက်မှတ်ရေးထိုးသည့် အခြားနိုင်ငံ အများစုကလည်းကောင်း၊ မိမိတို့၏ လက်ခံအတည်ပြုချက်များကို ပေးအပ်သည်အခါ အတည်ဖြစ်ရမည်။ ထိုသို့ ပေးအပ်ထားသည် လက်ခံ အတည်ပြုချက်များဆိုင်ရာ မူရင်းစာချုပ်တစ်ခုကို အမေရိကန် ပြည်ထောင်စုနိုင်ငံအစိုးရက ရေးဆွဲရမည့်ပြင် ထိုမူရင်းစာချုပ်မိတ္တူများကိုလည်း လက်မှတ်ရေးထိုးသည့် နိုင်ငံအားလုံးသို့ ပေးပို့ရမည်။

၄။ ယခုလက်ရှိ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေး ထိုးကြသည့် နိုင်ငံတို့သည် စာချုပ်အတည်ဖြစ်လာပြီး နောက်မှ ယင်းစာချုပ်ကို လက်ခံအတည်ပြုလျှင် မိမိတို့ အသီးသီးဆိုင်ရာ လက်ခံအတည်ပြုချက်များကို ပေးအပ်သောနေ့ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မူလအဖွဲ့ဝင်နိုင်များအဖြစ်သို့ ရောက်ရှိရမည်။

အပိုဒ် - ၁၁၁။

ယခုလက်ရှိပဋိညာဉ်စာချုပ်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံအစိုးရ၏ မှတ်တမ်းဌာနတွင် ထည့်သွင်းထားရှိရမည်။ ထိုစာချုပ်၏ တရုတ်မူ၊ ပြင်သစ်မူ၊ ရုရှားမူ၊ အင်္ဂလိပ်မူနှင့် စပိန်မူများသည် တရားဝင်၍ တူညီသော မူမှန်များဖြစ်ကြသည်။ မှန်ကန်ကြောင်း နည်းလမ်းတကျ သက်သေခံ လက်မှတ်ရေးထိုးထားသော ထိုစာချုပ်၏ မိတ္တူများကို အမေရိကန် ပြည်ထောင်စုနိုင်ငံအစိုးရက စာချုပ်လက်မှတ်ရေးထိုးသည့် အခြားနိုင်ငံအစိုးရများထံသို့ ပေးပို့ရမည်။

ယခုလက်ရှိ ပဋိညာဉ်စာချုပ်အတိုင်းဆောင်ရွက်မည်ဟု ယုံကြည်လျက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအစိုးရ ကိုယ်စားလှယ်တို့သည် ယခုလက်ရှိစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

တစ်ထောင့်ကိုးရာလေးဆယ်ငါးခုနှစ်၊ ဇွန်လ နှစ်ဆယ့်ခြောက်ရက်နေ့တွင် ယခုလက်ရှိစာချုပ်ကို ဆန်ဖရန်စစ္စကိုမြို့၌ ချုပ်ဆို လက်မှတ်ရေးထိုးပြီးစီး ကြသည်။