Page:UN Charter (Burmese translation).djvu/29

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အခန်း(၁၁) -
ကိုယ်ပိုင် အုပ်ချုပ်ရေး မရသေးသော နယ်ပယ်ဒေသများနှင့်
စပ်လျဉ်းသည့် ကြေညာချက်

အပိုဒ် ၇၃။

လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေး မရသေးသော လူမျိုးများ၏ နယ်ပယ်ဒေသများကို စီရင်အုပ်ချုပ်ရေးအတွက် တာဝန်ရှိသော သို့မဟုတ် တာဝန်ယူသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ထိုနယ်ပယ်ဒေသများ၌ မှီတင်း နေထိုင်သူများ၏ အကျိုးကိုသာ အဓိကထားရမည်ဟူသော မူကို အသိအမှတ်ပြုကြပြီးလျှင် ယခုလက်ရှိ ပဋိညာဉ်စာချုပ်အရ တည်ထောင်ထားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စနစ်အတွင်း ထိုနယ်သူနယ်သားတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးစေရန် အစွမ်းကုန်ဆောင်ရွက်ရမည့် တာဝန်ကိုလည်း ယုံကြည်စွာ လွှဲအပ်သည်ဖြစ်၍ မွန်မြတ်သော တာဝန်အဖြစ်ဖြင့် လက်ခံကြသည်။ ဤရည်ရွယ်ချက်အရ အောက်ပါအတိုင်း ဆောင်ရွက်ရန် တာ၀န်ကို လက်ခံကြသည်။

(က) သက်ဆိုင်ရာ နယ်သူနယ်သားတို့၏ ယဉ်ကျေးမှုကို ထိုက်သည့် အားလျော်စွာ လေးစားလျက် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး တိုးတက်မှုရှိအောင် ဆောင်ရွက်ရန် ၎င်းတို့အပေါ် တရားမျှတစွာ ပြုမူဆက်ဆံရန်နှင့် ၎င်းတို့အား မတရားပြုမှုများမှ ကာကွယ်စောင့်ရှောက်ရန်။
(ခ) နယ်ပယ်ဒေသအသီးသီးနှင့် နယ်သူနယ်သားများ၏ သီးခြားအခြေအနေကိုလည်းကောင်း၊ ထိုနယ်သူ နယ်သားတို့၏တိုးတက်မှု အဆင့်အမျိုးမျိုးကို လည်းကောင်း လိုက်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုးတက်အောင်ဆောင်ရွက်ရန်၊ နယ်သူနယ်သားတို့၏ နိုင်ငံရေးလိုလားချက်များအား ထိုက်သည့်အားလျော်စွာ ထောက်ထားအရေးပေးရန်၊ ထို့ပြင် ၎င်းတို့၏ လွတ်လပ်သော နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအဆင့်ဆင့် တိုးတက်လာစေခြင်းငှာ ၎င်းတို့အား ကူညီရန်။
(ဂ) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည်တံ့ခိုင်မြဲ အောင် ဆောင်ရွက်ရန်။
(ဃ) ဤအပိုဒ်တွင် ဖော်ပြထားသော လူမှုရေး၊ စီးပွားရေးနှင့် သိပ္ပံပညာဆိုင်ရာ ရည်မှန်းချက်များလက်တွေ့အောင်မြင်စေမှုကို ရှေးရှုလျက် တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အပြုသဘောစီမံချက်များကို အားပေးချီးမြှင့်ရန်၊ သုတေသန လုပ်ငန်းကို အားပေးရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်နှင့် သင့်လျော်သောကိစ္စနှင့် အချိန်ကာလတွင် အပြည်ပြည် ဆိုင်ရာ အထူးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(င) အခန်း(၁၂)နှင့်(၁၃) တို့နှင့် သက်ဆိုင်သော နယ်ပယ်ဒေသများမှ တပါး မိမိတို့ အသီးသီး တာဝန်ယူသော နယ်ပယ်ဒေသများတွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး