Page:UN Charter (Burmese translation).djvu/20

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပဋိညာဉ်ပြုထားသော တာဝန်များကို ဖြည့်စွမ်းသောအားဖြင့် လက်နက်ကိုင်တပ်များ ပေးပို့ရန်အတွက် တောင်းဆိုခြင်း မပြုမီ ထိုနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ များ အသုံးပြုရေးနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ဆွေးနွေးရန် ထိုနိုင်ငံက လိုလားပါက ထိုနိုင်ငံအား ယင်းသို့ ပါဝင် ဆွေးနွေးရန် ဖိတ်ကြားရမည်။

အပိုဒ် ၄၅။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အား အဆောတလျင် ဆောင်ရွက်ရမည့် စစ်ရေး ကိစ္စများကို ဆောင်ရွက်နိုင်စေရန်အလို့ငှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တို့သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းနှိမ်နှင်းရေးဆောင်ရွက်မှုအတွက် ရနိုင်သမျှသော မိမိတို့ နိုင်ငံဆိုင်ရာအရ လေတပ်များကို ချက်ခြင်းရနိုင်အောင် ထားရှိရမည်။ အပိုဒ် ၄၃တွင် ရည်ညွှန်းထားသည့် အထူးသဘောတူစာချုပ် သို့မဟုတ် စာချုပ်များဖြင့် ပြဋ္ဌာန်းထားသော ကန့်သတ်ချက်များအရ ထိုအရံတပ်များ၏ အင်အားနှင့် တိုက်ပွဲဆင်ရန် အသင့်ရှိနေမှု အခြေအနေကို လည်းကောင်း ယင်းတပ်ဖွဲ့ များ၏ ပူးပေါင်းဆောင်ရွက်ရေး စံနစ်များကို လည်းကောင်း၊ လုံခြုံရေးကောင်စီက စစ်ဦးစီးအဖွဲ့၏ အကူအညီဖြင့် သတ်မှတ် ဆုံးဖြတ်ရမည်။

အပိုဒ် ၄၆။

လက်နက်ကိုင်တပ်များအသုံးပြုရန် စံနစ်များကို လုံခြုံရေးကောင်စီက စစ်ဦးစီးအဖွဲ့၏ အကူအညီဖြင့် စီမံပြုလုပ်ရမည်။

အပိုဒ် ၄၇။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း စောင့်ရှောက်မှုအတွက် လုံခြုံရေးကောင်စီ၏ စစ်ရေး လိုအပ်ချက်များနှင့် လည်းကောင်း၊ လုံခြုံရေးကောင်စီသို့ လွှဲအပ်ထားသော တပ်ဖွဲ့များကို အသုံးပြုမှု၊ ကြီးကြပ်ကွပ်ကဲမှုနှင့်လည်းကောင်း လက်နက်တပ်ဆင်မှု စည်းမျဉ်းသတ်မှတ်ရေးနှင့် လည်းကောင်း၊ ဖြစ်နိုင်ဖွယ်ရာရှိသော လက်နက်တပ်ဆင်မှု ဖျက်သိမ်းရေး နှင့်လည်းကောင်း သက်ဆိုင်သော ကိစ္စအရပ်ရပ်တွင် လုံခြုံရေးကောင်စီအား အကြံဉာဏ်နှင့် အကူအညီပေးရန် စစ်ဦးစီးအဖွဲ့ ကို တည်ထောင် ဖွဲ့စည်းရမည်။

၂။ စစ်ဦးစီးအဖွဲ့တွင် လုံခြုံရေးကောင်စီ၏ အမြဲတန်း အဖွဲ့ဝင်နိုင်ငံတို့မှ စစ်ဦးစီးချုပ်များ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များပါဝင်ရမည်။ စစ်ဦးစီးအဖွဲ့၏ တာဝန် များကို ထိရောက်တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး အတွက် ယင်းအဖွဲ့တွင် အမြဲတန်းကိုယ်စားလှယ်ထားရှိ ပါဝင်ခြင်း မရှိသော၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုကို လိုအပ်သောအခါ စစ်ဦးစီးအဖွဲ့က ထိုကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကို မိမိနှင့် အတူပူးပေါင်း ဆောင်ရွက် ရန်အလို့ငှာ ဖိတ်ခေါ်ရမည်။

၃။ စစ်ဦးစီးအဖွဲ့သည် လုံခြုံရေးကောင်စီ၏ ကြီးကြပ်မှုကို ခံယူလျက် ထိုကောင်စီသို့ လွှဲအပ်ထားသော မည်သည့် လက်နက်ကိုင် တပ်ဖွဲ့များကိုမဆို သေနင်္ဂဗျူဟာ ခင်းကျင်းရန် ညွှန်ကြားရမည့် တာဝန်ရှိသည်။ ထို့နောက် အဆိုပါ လက်နက်ကိုင်တပ်များအား