Page:UN Charter (Burmese translation).djvu/18

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အခန်း (၇) -
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သည့် အန္တရာယ်များ
ငြိမ်းချမ်းရေး ပျက်ပြားမှုများ
ကျူးကျော်စော်ကားမှုများနှင့် စပ်လျဉ်း၍
အရေးယူဆောင်ရွက်ချက်

အပိုဒ် ၃၉။

လုံခြုံရေးကောင်စီသည် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မည် အန္တရာယ် တစ်ခုခုကိုသော်လည်းကောင်း၊ ငြိမ်းချမ်းရေးပျက်ပြားမှုတစ်ခုခုသော်လည်းကောင်း၊ ကျူးကျော်စော်ကားမူတစ်ခုခုကိုသော်လည်းကောင်း ရှိ - မရှိ ဆုံးဖြတ်ရမည်။ ရှိသည်ဟု ဆုံးဖြတ်လျှင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု သို့မဟုတ် ပြန်လည်တည်ရှိမှုအတွက် ထောက်ခံချက်များ တင်ပြရမည်။ သို့မဟုတ် အပိုဒ် ၄၁ နှင့် ၄၂ တို့အရ မည်သို့ အရေးယူဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရမည်။

အပိုဒ် ၄၀။

အခြေအနေ ပိုမိုဆိုးရွားလာမည်ကိုတားဆီးနိုင်ရန် အလို့ငှာ လုံခြုံရေး ကောင်စီသည် အပိုဒ် ၃၉ တွင် ပြဋ္ဌာန်းထားသည့် အတိုင်း ထောက်ခံချက်များ တင်ပြခြင်း သို့မဟုတ် မည်သို့ အရေးယူဆောင်ရွက်ရမည်ကို ဆုံးဖြတ်ခြင်းမပြုမီ မိမိလိုအပ်သည် သို့မဟုတ် သင့်လျော်သည်ထင်မြင်ယူဆသော ယာယီအစီအစဉ်များကို လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာ နိုင်ငံများကို ဆင့်ဆိုနိုင်သည်။ အဆိုပါ ယာယီအစီအစဉ်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ အခွင့်အရေးများ၊ ရသင့်ရထိုက်ကြောင်း တောင်းဆိုခွင့်များကိုသော်လည်းကောင်း၊ ထိုနိုင်ငံများ၏ အခြေအနေကို သော်လည်းကောင်းမထိခိုက်စေရ။ ထိုယာယီအစီအစဉ် များကို လိုက်နာရန် ပျက်ကွက်လျှင် သို့ပျက်ကွက်မှုကို လုံခြုံရေးကောင်စီက ထိုက်သည်အားလျော်စွာ ထည်သွင်း စဉ်းစားရမည်။

အပိုဒ် ၄၁။

လုံခြုံရေးကောင်စီသည် မိမိ၏ ဆုံးဖြတ်ချက်များ အကျိုးသက်ရောက်စေရန် စစ်မက်အင်အားအသုံးမပြုဘဲ မည်သို့စီမံဆောင်ရွက်ရမည်ကို ဆုံးဖြတ်နိုင်သည်အပြင်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလည်း မိမိ စီမံဆောင်ရွက်သည်အတိုင်း လိုက်နာဆောင်ရွက်ရန် မေတ္တာ ရပ်ခံနိုင်သည်။ ထိုသို့ စီမံဆောင်ရွက်ချက်များတွင် စီးပွားရေး အဆက်အသွယ်များကို လုံးဝ၊ သို့မဟုတ် တစ်စိတ်တစ်ဒေသ ဖြတ်တောက်ခြင်း၊ မီးရထား၊ ပင်လယ် ရေကြောင်း၊ လေကြောင်း၊ စာပို့၊ ကြေးနန်း၊ ရေဒီယို စသည့် ဆက်သွယ်ရေး ကိစ္စများကို