Page:UN Charter (Burmese translation).djvu/16

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် မဲပေး ပိုင်ခွင့်မရှိပါဘဲ ပါဝင်ရန် ထိုနိုင်ငံကို ဖိတ်ကြားရမည်။ ယင်းသို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် မဟုတ်သော နိုင်ငံ တစ်နိုင်ငံပါဝင်ဆွေးနွေးရေးအတွက် လုံခြုံရေးကောင်စီသည် မိမိ တရားမျှတ သည်ဟု ထင်မြင် ယူဆသော စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။


အခန်း (၆) -
အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖျန်ဖြေခြင်း

အပိုဒ် ၃၃။

၁။ ပြည်ထောင်အချင်းချင်း အငြင်းပွားမှုတစ်ခုခု ဆက်လက်ဖြစ်ပွား လျက်ရှိသောကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံမှုထိန်းသိမ်းမှုကို အန္တရာယ်ဖြစ်ဖွယ်ရာ အကြောင်းရှိလျှင် ထိုအငြင်းပွားမှုတွင် ပါဝင်သည့် နိုင်ငံ များသည် ထိုအငြင်းပွားမှုကို ရှေးဦးစွာ စေ့စပ်ဆွေးနွေးခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ဖျန်ဖြေခြင်း၊ ကျေချမ်းအောင်ပြုခြင်း၊ ခုံတင်ဆုံးဖြတ်ခြင်း၊ တရားရုံးအဆုံးအဖြတ်ကို ခံယူခြင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်း၍ ဖြစ်စေ၊ ဒေသဆိုင်ရာ အစီအစဉ်များ ပြုလုပ်၍ဖြစ်စေ ဖြေရှင်းခြင်း၊ သို့မဟုတ် မိမိတို့ နှစ်သက်ရာ အခြားငြိမ်းချမ်းသော နည်းလမ်းများအတိုင်း ဖြေရှင်းခြင်းဖြင့် ပြေငြိမ်းစေရမည်။

၂။ လုံခြုံရေးကောင်စီသည် မိမိလိုအပ်သည်ဟု ယူဆသောအခါ အငြင်းပွားမှုတွင် ပါဝင်သော နိုင်ငံများအား ၎င်းတို့၏ အငြင်းပွားမှုကို အဆိုပါနည်းလမ်းများဖြင့် ပြေငြိမ်းအောင်ပြုရန် ဆင့်ဆိုရမည်။

အပိုဒ် ၃၄။

အငြင်းပွားမှု တစ်ခုခုသော်လည်းကောင်း၊ ပြည်ထောင်အချင်းချင်း ပဋိပက္ခဖြစ်စေ တန်ရာသော သို့မဟုတ် အငြင်းပွားမှု ဖြစ်စေတန်ရာသော အရေးကိစ္စ တစ်ရပ်ရပ် သော်လည်းကောင်း၊ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုကို အန္တရာယ်ဖြစ်နိုင်ဖွယ်ရာ အကြောင်း ရှိ - မရှိ ဆုံးဖြတ်ရန် အလို့ငှာ၊ လုံခြုံရေးကောင်စီသည် ထိုအငြင်းပွားမှု သို့မဟုတ် ထိုအရေးကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနိုင်သည်။

အပိုဒ် ၃၅။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် မည်သည်နိုင်ငံမဆို၊ အငြင်းပွားမှု တစ်ခုခုကို သို့မဟုတ် အပိုဒ် ၃၄ တွင် ရည်ညွှန်းထားသည် အရေးကိစ္စမျိုးကို လုံခြုံရေးကောင်စီသို့ ဖြစ်စေ အထွေထွေညီလာခံသို့ ဖြစ်စေ တိုင်ကြားနိုင်သည်။