Page:ရွှေမန်းတင်မောင်.pdf/59

From Wikisource
Jump to navigation Jump to search
This page has been proofread.

သတ်တွေကတော့ အမေရိကန်က ပြန်လာလျှင် အထူးအဆန်း တခုခုတော့ ကြည့်ရမှာဘဲလို့ မျှော်လင့်နေကြမှာဘဲ။ သည်တော့ ထူးထူးခြားခြားကလေး တခုခုတော့ စီစဉ်အုံးမှဘဲဟု ပြောပြသည်။

သူ အမေရိကန်မှ ပြန်ရောက်ပြီး လုပ်သော ထူးထူးဆန်းဆန်းကိုကား မကြည့်ရသေးပေ။

တင်မောင် ငယ်စဉ်အခါက မှတ်သားခဲ့ရဘူးသည်။ တူရိယာတို့သည် သဘာဝဖြစ်သော တောတောင်ရေမြေတို့၏ သဒ္ဒအသံကို စံနမူနာ ပြုပြီး တီထွင်ကြသည်။ သို့ကြောင့် တူရိယာတို့သည် မိုးချုန်းသံ၊ မိုးခြိမ်းသံ၊ လေတိုက်သံတို့နှင့် တူသည်ဆိုသော အကြောင်းပင်ဖြစ်သည်။ သူသည် ထိုအချက်ကို မူတည်ပြီး တူရိယာများကို အသစ်တီထွင် လိုက်လေသည်။ ဝါးခြမ်းစိပ်တခုကို ခေါက်ကြည့်ပါက အသံတသံ ထွက်လာသည်။ ထိုအသံကို ဝါးခေါက်သံဟုပင် ဆိုကြသည်။ အသေးအကြီး ညီညာစွာ စိပ်၍ထားသော ဝါးခြမ်းစိပ်များစွာ၏ အသံမှာမူကား သာယာနာပျော်ဖွယ် တမျိုးအသံ မြည်လာသည်။ တူရိယာ ဆန်လာ၍ ပတ်တလားဟု ခေါ်ကြသည်။

“ဆယ့်တစ်မြောက်စည်၊ တံရှည်တံမြွာ၊ သပြေသာတို့၊ သင်္ချာသတ္တ၊ ထိုမှခရု၊ နှစ်ခုမည်မှန်း၊ စည်ဝန်းဆဲ့တစ်၊ နှဲနှစ်တလိုင်း၊ ခြားပိုင်းတရပ်၊ လက်ချပ်ငါးမျိုး၊ တပိုးနှစ်မည်၊ ပြောစည်တခြား၊ နှစ်ဆဲ့ငါးတိ၊ မှတ်သားမယွင်း၊ ဒုံမင်းနှစ်လီ၊ ချိုအီမယုတ်၊ စည်ပုတ်သံဝါ၊ ပတ်သာလင်းကွင်း၊ တစ်စီသွင်းလျက်၊ သံနှင်းနှဲကြီး၊ ပြိုင်


၅၈