Page:ရွှေမန်းတင်မောင်.pdf/55

From Wikisource
Jump to navigation Jump to search
This page has been proofread.

တင်မောင်၏ မအောင်မြင်သော ထွင်ကွက် တခု ရှိသည်။ “အက ပဟေဠိ” ပင် ဖြစ်သည်။ မြန်မာနိုင်ငံ အသံလွှင့် ဌာနမှ မြန်မာ့အသံတွင် “သီချင်း ပဟေဠိ” ဆိုသော ကဏ္ဍတခု ရှိသည်။ သီချင်း ပဟေဠိကို မှီး၍ တင်မောင်က အက ပဟေဠိဟု ထွင်လိုက်ခြင်း ဖြစ်သည်။ ရွှေမန်း အမှူးရှိသော မင်းသား မင်းသမီးများက အကမျိုးစုံကို ကကြမည် ဖြစ်ရာ ပွဲကြည့် ပရိသတ်က ထိုအက၏ အမျိုးအမည်ကို ထုတ်ဖော် ဖြေဆိုရန်ပင် ဖြစ်သည်။ မှန်ကန်စွာ ဖြေဆိုနိုင်သူအား ဆုငွေ ခြီးမြှင့်မည် ဖြစ်သည်။ ပွဲကြည့်သူများ ကိုယ်တိုင်က အက၏ သဘာဝကို တီးမိ ခေါက်မိ ရှိစေရန် ရည်ရွယ်ဟန် တူသည်။ သို့ရာတွင် အောင်မြင်သည်ဟု မကြားမသိရချေ။

ယနေ့ ရွှေမန်း၏ အကြောင်းကို ပြောလျင် သူ၏ ညဝက်စံနစ် သဘင်သစ်ကို ချန်လှပ်ထား၍ အဓိပ္ပါယ် ပြည့်စုံလိမ့်မည် မဟုတ်ချေ။ ထိုစံနစ်ကို အချို့က ရွှေမန်း၏ ကြီးစွာသော တီထွင်မှုကြီးဟု ဆိုကြသည်။ အချို့ကမူ သဘင်လောကကြီးကို ကြီးစွာသော တော်လှန်ပစ်ခြင်းဟု ဝေဖန်ကြလေသည်။ တီထွင်သည်ဟု ဆိုသည်မှာလည်း မှန်သည်။ တော်လှန်ခြင်းဟု ဝေဖန်သည်မှာလည်း မမှားချေ။ သူသည် ဆန်းသစ်သော ရှုကွင်း ရှုကွက်တို့ဖြင့် ညဝက် စံနစ်သစ်ကို တီထွင်သည်။ မိရိုးဖလာအတိုင်း ညလုံးပေါက် အချည်းနှီး အချိန် ဖြုန်းပစ်နေသည်များကို တော်လှန် ပစ်သည်။

ရှေးရှေး ခေတ်က မြန်မာနိုင်ငံသည် နိုင်ငံက ကျယ်ပြန့်


၅၄