Page:ရွှေမန်းတင်မောင်.pdf/48

From Wikisource
Jump to navigation Jump to search
This page has been proofread.

“ဇာတ်ဆိုတာ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ် နိပါတ်တော် ဇာတ်တော်တွေရဲ့ အမည်ဘဲ မဟုတ်လား...”

“ဟုတ်ကဲ့ အမိန့်ရှိပါအုံး…”

“ဇာတ်တော်ကြီးတွေက ဇာတ်ဆိုတဲ့ အမည်ကို ခံယူပြီး ပြဇာတ်ဆိုတဲ့ ပေါ်ပင်အမည်ကို ခံယူတာကိုတော့ ကန့်ကွက်ချင်ပါတယ်....”

“ပြဇာတ်ဆိုတဲ့ စကားကိုတော့ အထင်မသေး စေချင်ဘူးခင်ဗျား။ သည်စကားဟာ အခုမှ ပေါ်ပင်စကား မဟုတ်ပါဘူး ခင်ဗျား။ ဟိုဝန်ကြီးပဒေသရာဇာတို့ရဲ့ အင်းဝခေတ်၊ ဦးကြင်ဥလှိုင်ထိပ်ခေါင်တင်၊ စလေဆရာကြီး ဦးပုညတို့ ခေတ်ကစပြီး သူတို့တွေ တီထွင်ခဲ့တဲ့အမည်ပါ။ သူတို့က သူတို့ခေတ်နှင့်ဆီလျော်တဲ့ ဇာတ်လမ်းဇာတ်ကွက်ကို စီစဉ်ပြီး ကျွန်တော်တို့က ယခုမျက်မှောက် ကျွန်တော်တို့နှင့် ဆီလျော်သည့် ဇာတ်လမ်းဇာတ်ကွက်ကို စီစဉ်ရပါတယ်…”

“သဘင်ရူး” ပြဇာတ်မှာ တင်မောင်၏ ဘဝကို တင်ပြခြင်းဖြစ်သည်။ သူသည် သဘင်ကို ဘယ်ကဲ့သို့ မြတ်နိုးလာခဲ့သည့် အ ကြောင်းကို သဘင်ရူးတွင် ကြေကွဲဖွယ် တွေ့မြင်ရသည်။ “ချစ်ပြည်ထောင်စု”က ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေး၊ “ချစ်မိစ္ဆာ”က မြန်မာတို့၏ ရိုးရာဟု ခေါ်ကြသော စုံးကဝေ တစ္ဆေတို့ကို အိမ်ဦးမှ ထုတ်ပယ်ရန်အတွက် ဖြစ်ပြီး၊ ကိုးကွယ်ဆီးကပ်ရာဖြစ်သော ရတနာကို “ရွှေကြေးစည်” အသံဖြင့် ကြည်လျှံစေသည်။


၄၇