Page:ရွှေမန်းတင်မောင်.pdf/31

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဆံရစ်ကိုဖြင့် မမေ့နိုင်ပေါင် အစဉ်၊ ယနေ့တိုင်အောင်ပင်၊ ကျေးဇူးရှင်။

လူတကာမေး၊ ကြူနံ့သာမွှေး၊ တူမပေးဒေါ်မြိုင်သခင်။

လောကီ ဘုံဘဝ၊ ကြုံရလေတယ်၊ ရွှေမန်းမောင်တင်၊ သမီးရှင် အမေများ၊ အဒေါ်များ ဟူသ၍ ဘယ်သူ မဆိုပင်၊ ၎င်းတို့ မျက်ခွက်ဟာလေ၊ ရှက်သလိုလို၊ ငေါက်သလိုလို၊ အကြောက်ပိုအောင် ပြုပြင်၊ မပေးစားဘူးကွယ် နင့်လိုလူ၊ တသက်ပန် အဖက်မတန်ဘူးရယ်လို့၊ အဲသည်လို ဆိုပြန်လာလျှင်၊ အဒေါ် အိမ်ခေါင်မိုး တက်လို့ ထမင်း ချက်ချက် အတင်း သမက်တော်ချင် ကျေးဇူးရှင်။

တူမပေး ဒေါ်မြိုင်သခင်။

ရွှေမန်း တင်မောင် ဖြစ်ရာ ဘဝမှာ တွေ့ပါရစေ အစဉ်၊ အလီလီပင်၊ ရီရီရွှင်၊ ကြည်ကြည်ခင်၊ ဒု-သ-န-သော၊ ဟော ဒါပါဘဲရှင်၊ မင်းသား ကိုမောင်တင်၊ အပျို မရှောင်ကြဉ်၊ အအို မရှောင်ကြဉ်၊ ကိုမောင်တင်၊ သူ့ ဓာတ်ပုံကို ပြင်လျှင်၊ နှာခေါင်းနှင့် ပစပ်၊ ကော်နှင့် ကပ်ကာပင်၊ ကျွန်တော်ရဲ့ ဇာတ် ရာဇဝင်၊ အဒေါ်နဲ့ ကၡာ၊ သင်းကလေးတော့ဖြင့်၊ အတွင်းဆွေး ဆွေးမယ်ထင်၊ သူက မကြိုက်ကြိုက်၊ ကျွန်တော်က ကြိုက်တယ်အစဉ်၊ ကိုဒု-သက ပျိုနဲ့ မချိုင်ချင်၊ ကျေးဇူးရှင်။

လူတကာမေး၊ ကြူနံ့သာမွှေး၊

တူမပေး ဒေါ်မြိုင်သခင်။


၃ဝ