Page:ရွှေမန်းတင်မောင်.pdf/30

From Wikisource
Jump to navigation Jump to search
This page has been proofread.

အငြိမ့် လုပ်ချင်လုပ်၊ သို့မဟုတ် ဇာတ်လုပ်ရပေမည်။သို့ရာတွင် သူသည် အငြိမ့် မင်းသမီးဖြစ်၍ အငြိမ့်ကိုလည်းမလွှတ်နိုင်။ သူ နာမည် ကြီးသည်မှာလည်း အငြိမ့်နှင့် ဖြစ်သည်။ အသက်က ထောင့်လာသဖြင့် အငြိမ့်ကိုလည်း က၍ မဖြစ်။ နောက်ဖက်သို့ လှည့်ပြန်ကလည်း ဇာတ်တွင် မင်းသားက ပြဋ္ဌာန်းသည်။ သူ့အနေနှင့် သာမည မင်းသား၏ လက်ဝေခံ အဖြစ်နှင့် မကနိုင်ချေ။ မင်းသားသည် သူ၏ ဩဇာခံသာ ဖြစ်စေလိုသည်။ သို့ကြောင့် သူသည် အငြိမ့် မဟုတ်၊ ဇာတ်လည်း မဟုတ်သော အငြိမ့် တဝက်၊ ဇာတ်တဝက် အဖွဲ့ကို ဖွဲ့စည်းထားသည်။

ဒေါ်ငွေမြိုင်သည် သူ၏ အငြိမ့်တပိုင်း ဇာတ်တပိုင်းသဘင်ကို လက်တွေ့သဘင်အတတ်သင်ပြုလုပ်ပြီး မင်းသားမင်းသမီးအတတ်သင်များကို စုဆောင်းသည်။ “အကြင် သူသည် သဘင်အတတ်ကို ကောင်းမွန်စွာ သင်ယူလိုငြားအံ့။ ထိုသူသည် ဤဇာတ်သဘင်တွင် သုံးနှစ်တိုင်မျှ ကပြ သင်ယူရမည် ဖြစ်သတည်း။”

တွေးလေ…တွေးလေ၊ ဆွေးမပြေနိုင်ဘဲ၊ ငါ့သား အမေနဲ့ ခွဲပေအုံးတော့ တဲ့။ နောက်ဆုံး ကန်တော့၍ ထုံးစံနစ်အခြေမှာ သဘင်၊ သုံးနှစ် စေရာတွင်၊ အမေမြိုင် တယောက်ကို နေနိုင်သလောက်တော့ လုပ်ကျွေးခဲ့တဲ့ ငတင်။

ကျွန်တော့်မှာလေ အမျိုးနှင့် ခင်ဗျာ၊ အမနှင့် ခင်ဗျ၊ အစစ ညီသား အကိုတွေပင်၊ အမြင့်ရောက်ဖို့ အမြဲ ဇွတ် ယခုဝင်၊ ၎င်းတို့ကိုလဲ ဝတ်ပြုချင်။

သို့သော် အမေမြိုင် အပါးမှာ၊ နေရစ်ရှာတဲ့ ခင်ကြည်


၂၉