Page:ရွှေဘုံနိဒါန်း.pdf/46

From Wikisource
Jump to navigation Jump to search
This page has been proofread.

ထွက်တော်မူ၍ ပန်းခုံ ရေကန် အစရှိသည်တို့ကို ကြည့်ရှု

တော်မူခြင်း၊ တောင်စမုတ်၊ မြောက်စမုတ် အလုပ်အ

ဆောင်လည်း တောင်မြောက်မုတ်မျက်နှာ တူရူပြုတော်

မူသည်ဖြစ်၍ အဆောင်ကိုစွဲသဖြင့် ခေါ်ဝေါ်ခြင်း၊

ပဉ္စင်းတော် ကထိန်တော် ဝါကျွတ်အလှူတော် ဆင်ဖြူ

မြင်းဖြူ လှော်ကားသင်းဘောကို သွင်းသည့်ကာလ

တောင်စမုတ်တော်သို့ ထွက်တော်မူ၍ ရွှေကရားနှင့် ရေ

စက်သွန်းတော်မူခြင်း၊ ဆင်တော် မြင်းတော် သိမ်းမည့်

အမှုများကို မြောက်စမုတ်တော်သို့ ထွက်တော်မူ၍ သိမ်း

မြန်းကြည့်ရှုတော်မူခြင်း၊ ရွှေနန်း၏ အခြင်းအရာ အခါ

ကာလ အမှုနှင့်လျော်စွာ ထွက်တော်မူသည်။ မြောက်

စမုတ်တော်တွင်လည်း ဆင်ယှဉ်တော်ထားသည်။ မြေနန်း

စမုတ်တော်လည်း ရာဇပလ္လင် ဥကင်မုတ် တူရူတည့်တည့်၊

အရှေ့အနောံ အဆောင်စမုတ် တူရူပင်ဖြစ်သည်။ မြေနန်း

စမုတ်သည် အရှေ့နန်းဦး စမုတ်ကြီးဖြစ်သည်။ စမုတ်သုံး

ဆောင်သည် ဧကရာဇ်မင်းမြတ် ထွက်စံတော်မူရာ လဆန်း

၁၅ ရက်မြောက်၊ ပုဏ္ဏာတိထီပြည့်သည့် လဝန်းကဲ့သို့

ရွှေမျက်နှာတော်ကို မှူးတော်မတ်တော်တို့ ဖူးမြော်ရခြင်း၊

ထိုအဆောင်တို့၏ ခေါင်တမုတ်မျက်နှာ၊ တူရူဆောက်

လုပ်သည်များကို အကြောင်းပြု၍ စမုတ် ခေါ်ဝေါ်ပညတ်

လေသည်။

(၄၀) ဒဝယ်ဆောင် ခေါ်ဝေါ်သည်မှာ ဟံသာဝတီ

ဆင်ဖြူများရှင်လက်ထက် ဒဝယ်မြို့ပါ သူကောင်းသား