Page:ရွှေဘုံနိဒါန်း.pdf/45

From Wikisource
Jump to navigation Jump to search
This page has been proofread.

ခြင်္သေ့ခံသော လေသာနန်းပြတင်းမြောက်က ရှိကြောင်း

ကို သိသည်ကိုထောက်၍ ရွှေနန်းကြက်သရေ ဆင်တော်

တင်းကုပ်ထားရာ ရှုမျှော်ရာဖြစ်သဖြင့် ဗြဲတိုက်တော်

ပြတင်းကြီးသည် ခြင်္သေ့ခံသော လေသာနန်းပြတင်း ယူ

ရန်ရှိသည်။

(၃၈) စနုမှာ စောကနုသံ ဆိုသည်။ စကားရွေ့သ

ဖြင့် စောနု ခေါ်ဝေါ်ပြန်သည်။ စောနုကို စနု ရေးသားခေါ်

ဝေါ်လေသည်။ စောမှာ ထားသည်။ ကနုသံမှာ ခရု

သင်း ဆိုသည်။ ခရုသင်းထားသောအဆောင် ဆိုလိုသည်။

ရှေးမင်းတို့လက်ထက်လည်း ခရုသင်းကို အုပ်နှင့်ထည့်၍

စနုဆောင်တော် တံခါးအတွင်း လက်ျာဘက်က ထား

သည်။ ရတနာဆယ်ပါးတွင် ခရုသင်းလည်း ရတနာတပါး

ပင် ဖြစ်သည်။ နန်းဦး၌ ခရုသင်းထားသည်မှာ သင်္ခပတ္တ

မင်း၏အကြောင်း ရှေးဟောင်းနိမိတ်ကို စွဲ၍ ထားသည်

ဆိုသည်။ တရာ့ရှစ်ကွက် စက်တော်တွင်လည်း "သေတ

သင်္ခေါ၊ ခရုသင်းဖြူ၎င်း" ပါဠိရှိသည်။ လင်္ကာတွင်လည်း

"ဘုန်းခေါင်စကြာမင်း ခရုသင်းဖြူဆွတ်" ဟူ၍ စပ်ဆိုလေ

သည်။ ဘေးကင်းရန်လွတ် နန်းစဉ်ထားမြဲ သုဝဏ္ဏဂေဟ

မင်္ဂလာဖြစ်သည် ယူရမည်။

(၃၉) စမုတ်မှာ စောမုတ် ဆိုလိုသည်။ စောမှာ

ထားသည်၊ မုတ်မှာ မျက်နှာ ဆိုသည်။ မျက်နှာထား

ဆောင် ဆိုလိုသည်။ မျက်နှာထားဆောင် ဆိုသည်မှာ

ရံဘန်ရံခါ တောင်စမုတ်တော် မြောက်စမုတ်တော်သို့