Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/38

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၁
မဟာဂီတ ပေါင်းချုပ်ကျမ်း

ကြောက်ပါသည်တည့်လေးxသောသောအုပ်အာ ရေများစွာ x တို့မှာပေါများ ပျော်မြူးစား x ဆန်သွား လိုလိုရာတည့်လေး x စိတ်ထား နေပျော်သလှလေး x ဒူတျောထပ်တျာ၊ တေထံတျာ x ထပ်တျာတျေတျေ ၊ ဒူလေတေ လေတျော x တေဒူလေ ထံတျန့်တျန့် တေဒူလေ ထံတျန့်တျန့် တျောထပ်တျာ လေတည့် တျောထပ်တျာ။


စောင်းသင်သောတပည့်သည် ကြိုး၏အမည်ကို မှတ်မိပြီဖြစ်၍
ကြိုးအမည် မထည့်ဘဲ တေးသားသက်သက်ကို ပြသည်

၇။ ငါးကြင်းရေစုန်ကြိုး

မြစ်ပြင်မြစ်ညာ တို့ပင်တို့ပျော်ရာ ဆိပ်သာသောင်စွန်း၊ ကျွန်းဦးထိပ်မှာ၊ ပျော်ဘွယ်တည့် တည့်ပျော်ဘွယ်သာ သဲပြင်ဖြူစွာ ဆိပ်သာတည့် ဆိပ်သာယာငယ်မှာ လည်ကာ လည်ကာပြန်သွား ဘော်ပေါင်းများမြူးစား ရွှင်ခါ မကွဲနေရာမှာ x တံငါလူဆိုး၊ ငတုံးတာလေး မျှော်လင့်ခိုး မျှော်လင့်ခိုးလေး x သံငြိုးကြောက်စွာ ငါးပုံရာ x ဆိပ်သာလေ သောင်စွန်းမှာ တည့်လေး x မြစ်ပြင်ငူစွန်းမှာတည့်တည့် ညိုးပူ ပင် လေတည့် မြူးတူးပျော်မရွှင်။


၈။ ငုံးမင်းကြိုး

ငုံ့ကာငုံ့ကာ တောဟေမာငယ်မှာ x မကွာလေတခြား၊ တို့ပင်တို့နှစ်ပါးငယ်လေး တို့နှစ်ပါး နေငြားငယ် ပျော်ရာ မြေကြီးမှာတည့် မြေကြီးမှာ x ဆိုရာထွေထူး မရှိဘူးလေး မရှိဘူး ထွေထူးယှက်ခါ ချုံတည့် ချုံသာယာငယ်တွင် တပင်ကိုပျံသွား၊ တပင်မှာနား သူများမနေသာတည့်လေး တို့အားမြေမကွာတည့်လေး မိုဃ်းသေးကျခါ မြူးဘွယ်သာ x ပျော်စရာလေကြူး ဘော်မကွာလေမြူး လေချိုဖြူးပါလို့၊ လေချိုဖြူးပါလို့၊ ဝမ်းနူးဘွယ်လေတည့် ဝမ်းနူးဘွယ်။


၉။ သာနိုးပျော်ဘွယ်ကြိုး(၅-ပုဒ်)

(က) စံရာတောင်ကျွန်း လုံးသူ့ ဥသျှောင်ကျင်ကိုလေ မင်းမင်းမျာ့းထိပ်ခေါင်တင် x သောင်းမြေပြင်ငယ်လေး ထီးဆူဆူကိုလေ စိုးလို့ မိုးတော်မူ x ။ ဘုန်းပန်းငယ်ကြိုင်မွှေး မြတ်လေးမင်းတူ ကြူပင်ကြူချည့်လေး x လေးကျွန်းငယ် ယူသိမ်း ချမ်းငြိမ်း စကြာပိုင်တော်မူတည့် ဘုန်းတော်ရှိန်။