Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/37

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၀
မဟာဂီတ ပေါင်းချုပ်ကျမ်း

ထွေလာ ငှက်တည့် ငှက်တကာ x ငှက်တကာတွင် ငါသာလွန်ဆန်း ထူးချည့်လေး x ငှက်တကာတွင် ငါသာလွန်ဆန်းချည့်လေး x ဒူတျော ထပ်တျာ တေထံတျာ x ထပ်တျာတျေတျော ဒူလေတေ လေတျော တေဒူလေ ထံတျန့်တျန့် တေဒူလေထံတျန့်တျန့်၊ တျောထပ်တျာ လေတည့် တျောထပ်တျာ။




၄။ ဂဠုန်မင်းတောင်သံ ကြိုး

ဟေမဝန္တာတော သာယာငယ်က၊ ပျံဝဲ ပျံဝဲ လာx တာင်ဟုန် တောင်ဟုန်ပြင်းခြင်း၊ ဂဠုန် ဂဠုန်မင်း x ဂဠုန်မင်း တောင်ချင်းခပ် သံ သာစွလေ×ဂဠုန်မင်းတောင်ချင်းခပ် သံ သာစွလေး x ထူးခြားရုပ်ဝါငှက်တည့်ငှက်တကာx ငှက်တကာတွင် ငါသာငှက်မျာ့း မင်းတည့်လေး x ငှက်တကာတွင် ငါသာငှက်များမင်းတည့်လေး x ဒူတျောထပ်တျာ၊ တေထံတျာ၊ ထပ်တျာတျေတျော ဒူလတေလေတျော၊ တေဒူလေ ထံတျန့်တျန့်၊ တေဒူလေ တံတျန့်တျန့် တျောထပ်တျာ လေတည့် တျောထပ်တျာ။




၅။ ခါမင်းကြိုး

တက်တူ တွန်သံပေး ချိုသာယာဧးxပြောက်သေးငယ်ကိုယ်မှာမွေးတည့်မွေးစုံစွာ x လည်မှာ လည်မှာ ခပ်ကျင်း နှုတ်သီးစင်းငယ်နှင့်လေး x သျှင်ရင်းငယ် မြတ်စွာမိန့်တတွမိန့်ပေလာ x သင့်မှာသာကိုယ်မွေး ငါကပေးသည်လေ၊ ငါကပင် ငါကပေးxဆေးလေးရုပ်ဝါ ငှက်တည့် ငှက်တကာ၊ ငှက်တကာတွင်၊ ငါသာမွေးစုံစွာတည့်လေး x ငှက်တကာတွင် ငါသာမွေးစုံစွာတည့်လေး x ဒူတျောထပ်တျာ၊ တေးထံတျာ ထပ်တျာတျေတျော၊ ဒူလေ တေလေတျော × တေဒူလေ ထံတျန့်တျန့်၊ တေဒူလေ ထံတျန့်တျန့်၊ ကျောသပ်တျာလေတည့် တျောထပ်တျာ။




၆။ ငါးကြင်းရေဆန်ကြိုး

မြစ်ကြီးဂင်္ဂါ မြူးတူးခါ x ရေရိုးလဟာ ယဉ်ထန်စွာ x အညာမြူးတူဆန်း၊ စုန်ထူး တဆန်းဆန်း x များထောင်သိန်းသောင်း၊ များထောင်သိန်းသောင်းပုံ x မြစ်ညာဆန်သွား ငါးကြောင်း ငါးကြောင်းများငယ်နှင့်လေး x ပျော်ပါးတူသာ မြူးရွှင်ကာ x တံငါ တံငါလူဆိုး၊ ငွေတည့်ငွေသဲပြင်ငယ်မှာ တိတ် တိတ် ခိုး လေး၊ တိတ် တိတ် ခိုး x ရန်ငြိုးပြုလာပါနှင့်လေး x တို့လည်း