Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/35

From Wikisource
Jump to navigation Jump to search
This page has been proofread.
၁၈
ပဏာမ


၃။ ဟိ - ဥယျောဇဉ်စကားကို ပြဆိုပါဦးအံ့၊ တံ- ထိုသီချင်းပေါင်းချုပ်ကျမ်းကို၊ သုတကာမာစ- အကြားအမြင်ကို လိုလားကြကုန်သောသူအပေါင်းတို့ သည်၎င်း၊ ကဗျာဂီတ ဂဝေသကာစ - ပညာရှိတို့၏ လက္ခဏာ ကဗျာသီချင်းကို ရှာမှီးကြကုန်သော သူအပေါင်းတို့သည်၎င်း၊ ပေက္ခန္တု - ကြည့်ရှုတော်မူကြစေကုန်သတည်း၊ တံ - ထိုသီချင်းပေါင်းချုပ် ကျမ်းကို၊ ပေက္ခိတွာန - ကြည့်ရှုတော်မူကြကုန်ပြီးသည်ရှိသော်၊ သဗ္ဗဒါ- အခါခပ်သိမ်း၊ ဟာသညာဏာနိ- ရွှင်လန်းသော ဟာသဉာဏ်တို့သည် ဝဍ္ဎန္တု - တိုးပွားပွင့်လင်း ကြပါစေကုန်သတည်း ။