Page:ပါရာဇိကပါဠိတော်.pdf/98

From Wikisource
Jump to navigation Jump to search
This page has not been proofread.

လန့်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

နှစ်လိုဖွယ်-ချစ်ခင်ဖွယ်-မြတ်နိုးဖွယ်-ရှိသော အသံကို "ဤအသံကို ကြားသော် မရနိုင်သဖြင့်ခြောက်တပ်၍ သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအသံကို ကြားပြီးမရနိုင်သဖြင့် ခြောက်တပ်နေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ဂန္ဓာရုံကို အနီးသို့ဆောင်ခြင်း မည်သည် မနှစ်မြို့ဖွယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ရှိသော ဂန္ဓာရုံကို"ဤအနံ့ကို နမ်းသော် စက်ဆုပ်ရွံရှာ၍ သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအနံ့ကို နမ်းပြီး စက်ဆုပ်ရွံရှာ၍ ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

နှစ်မြို့ဖွယ်ရှိသော ဂန္ဓာရုံကို "ဤအနံ့ကို နမ်းပြီးသော် မရနိုင်သဖြင့် ခြောက်တပ်၍ သေလိမ့်မည်"ဟုအနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအနံ့ကို နမ်းပြီးသော် မရနိုင်သဖြင့် ခြောက်တပ်၍ နေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရသာရုံကို အနီးသို့ ဆောင်ခြင်း မည်သည် မနှစ်မြို့ဖွယ် စက်ဆုပ် ရွံရှာဖွယ်ရှိသော အရသာ'ရသာရုံ'ကို "ဤအရသာကို လျက်ပြီးသော် စက်ဆုပ်ရွံရှာ၍ သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအရသာကို လျက်ပြီးသော် စက်ဆုပ်ရွံရှာ၍ ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

နှစ်မြို့ဖွယ်ရှိသော အရသာ 'ရသာရုံ' ကို "ဤအရသာကို လျက်ပြီးသော် မရနိုင်သဖြင့် ခြောက် တပ်၍သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအရသာကို လျက်ပြီးသော်မရနိုင်သဖြင့် ခြောက်တပ်နေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ဖောဋ္ဌဗ္ဗာရုံကို အနီးသို့ ဆောင်ခြင်း မည်သည် မနှစ်မြို့ဖွယ် အတွေ့ဆိုးသော ဖောဋ္ဌဗ္ဗာရုံကို "ဤအတွေ့အထိဖြင့် တွေ့ထိခံရသော် သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအတွေ့အထိဖြင့် တွေ့ထိခံရသူအား ဒုက္ခဝေဒနာဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

နှစ်မြို့ဖွယ် အတွေ့ကောင်း အတွေ့နု ဖောဋ္ဌဗ္ဗာရုံကို "ဤအတွေ့အထိဖြင့် တွေ့ထိခံရသော် မရသဖြင့်ခြောက်တပ်၍ သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအတွေ့အထိဖြင့်အတွေ့အထိခံရပြီး မရနိုင်သဖြင့် ခြောက်တပ်နေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ဓမ္မာရုံကို အနီးသို့ ဆောင်ခြင်း မည်သည် "ဤစကားကို ကြားသော် လန့်၍ သေလိမ့်မည်"ဟု ငရဲ၌ဖြစ်ထိုက်သူအား ငရဲနှင့်စပ်သော စကားကို ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုစကားကို ကြား၍လန့်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ဤတရားစကားကို ကြားသော် နတ်ပြည်၌ နှလုံးသွင်း၍ သေလိမ့်မည်"ဟု ကောင်းမှုရှင်အားနတ်ရွာနှင့် စပ်သော စကားကို ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုစကားကို