Page:ပါရာဇိကပါဠိတော်.pdf/97

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကျ၍ သေလိမ့်မည်"ဟု တွင်းကို တူးအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ထိုတွင်း၌ လူကျအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကျပြီးနောက် ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ဘီလူးသည်လည်းကောင်း၊ ပြိတ္တာသည်လည်းကောင်း၊ လူယောင်ဆောင်သော တိရစ္ဆာန်သည်လည်းကောင်း ထိုတွင်း၌ ကျအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကျပြီးနောက် ဒုက္ခဝေဒနာ ဖြစ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ သေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

တိရစ္ဆာန်သည် ထိုတွင်း၌ ကျအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကျပြီးနောက် ဒုက္ခဝေဒနာ ဖြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သေအံ့၊ ပါစိတ်အာပတ် သင့်၏။

၁၇၇။ တံကဲပျဉ်၁ ထားခြင်း မည်သည် "ကျ၍ သေလိမ့်မည်"ဟု တံကဲပျဉ်၌ ဓားလက်နက်ကိုသော်လည်း ထားအံ့၊ အဆိပ်ဖြင့်သော်လည်း လိမ်းသုတ်အံ့၊ အားနည်းအောင်သော်လည်း ပြုအံ့၊၂ထုံးအိုင် (ကျင်း) ၌သော်လည်းကောင်း၊ ချောက်၌သော်လည်းကောင်း၊ ကမ်းပါးပြတ်၌သော်လည်းကောင်း ထားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လက်နက်ဖြင့်သော်လည်းကောင်း၊ အဆိပ်ဖြင့်သော်လည်းကောင်း၊ ကျ၍သော်လည်းကောင်း ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

လက်နက်ကို အနီး၌ ချထားခြင်း မည်သည် သန်လျက်ကိုသော်လည်းကောင်း၊ လှံကိုသော်လည်းကောင်း၊ ခက်ရင်းကိုသော်လည်းကောင်း၊ ဆောက်ပုတ်ကိုသော်လည်းကောင်း၊ ကျောက်တုံးကိုသော်လည်းကောင်း၊ လက်နက်ကိုသော်လည်းကောင်း၊ အဆိပ်ကိုသော်လည်းကောင်း၊ ကြိုးကိုသော်လည်းကောင်း"ဤအရာဝတ္တုဖြင့် သေလိမ့်မည်"ဟု အနီး၌ ချထားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအရာဝတ္တုဖြင့်သေအံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ဆေး မည်သည် ထောပတ်ကိုသော်လည်းကောင်း ဆီကိုသော်လည်းကောင်း ပျားရည်ကိုသော်လည်းကောင်း၊ တင်လဲကိုသော်လည်းကောင်း "ဤဆေးကို လျက်၍ သေလိမ့်မည်"ဟု ပေးအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ ထိုဆေးကို လျက်၍ ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ်သင့်၏။

၁၇၈။ ရူပါရုံကို အနီးသို့ ဆောင်ခြင်း မည်သည် နှစ်လိုဖွယ်မရှိသော ကြောက်မက်ဖွယ်ကို ဖြစ်စေတတ်သော ကြောက်စရာကောင်းသော ရူပါရုံကို "ဤရူပါရုံကို မြင်သော် လန့်၍ သေလိမ့်မည်"ဟု အနီးသို့ ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရူပါရုံကို မြင်၍ လန့်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

နှစ်သက်ဖွယ် ရူပါရုံကို "ဤရူပါရုံကို မြင်သော် မရသဖြင့် ခြောက်တပ်၍ သေလိမ့်မည်"ဟု အနီးသို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရူပါရုံကို မြင်၍ မရနိုင်သဖြင့် ခြောက်တပ်နေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

သဒ္ဒါရုံကို အနီးသို့ ဆောင်ခြင်း မည်သည် နှစ်လိုဖွယ်မရှိသော ကြောက်မက်ဖွယ်ကို ဖြစ်စေတတ် သောကြောက်စရာကောင်းသော အသံကို "ဤအသံကို ကြားသော် လန့်၍ သေလိမ့်မည်"ဟု အနီးသို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအသံကို ကြား၍