Page:ပါရာဇိကပါဠိတော်.pdf/87

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဤသပိတ်သင်္ကန်းသည် သင်၏ သပိတ်သင်္ကန်း ဖြစ်ပါလိမ့်မည်"ဟု ပြောဆိုကုန်၏၊ ထိုအခါ မိဂလဏ္ဍိက ရဟန်းယောင်သည် သပိတ်သင်္ကန်းတို့ကို သတ်ခအဖြစ်ဖြင့် ရသည်ဖြစ်၍ များစွာသော ရဟန်းတို့ကို အသက် 'ဇီဝိတိန္ဒြေ'မှ ချ၍ သွေးအလိမ်းလိမ်းကပ်လျက်ရှိသော သန်လျက်ကို ယူဆောင်ကာ ဝဂ္ဂုမုဒါမြစ်သို့ ချဉ်းကပ်လေ၏။

၁၆၃။ ထို့နောက် သွေးအလိမ်းလိမ်းကပ်သော ထိုသန်လျက်ကို ဆေးကြောသုတ်သင်နေသော မိဂလဏ္ဍိက ရဟန်းယောင်အား-

"ငါ့အား (အကျိုးစီးပွားကို) မရလေစွတကား၊ (အကျိုးစီးပွားကို) အရမတော်လေစွတကား၊ ငါသည် (လူအဖြစ်ကို) မကောင်းသဖြင့် ရအပ်လေစွတကား၊ (လူအဖြစ်ကို) ကောင်းသောရခြင်း မဟုတ်လေစွတကား၊ ငါသည် များစွာသော မကောင်းမှုကို ဆည်းပူးမိလေပြီတကား၊ အကြင် ငါသည် အကျင့်သီလ,ကောင်းမွန်သော တရားဓမ္မရှိကုန်သော ရဟန်းတို့ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချမိပေပြီ"ဟု နောင်တတစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်ပေါ်သည်သာလျှင်တည်း။

ထိုအခါ မာရ်နတ်၏ ဂိုဏ်းဝင် နတ်သားတစ်ယောက်သည် မကွဲအက်သော ရေပြင်ပေါ်၌ လျှောက် လာ၍မိဂလဏ္ဍိက ရဟန်းယောင်ကို "အိုသူတော်ကောင်း ကောင်းပေစွ၊ ကောင်းပေစွ၊ အိုသူတော်ကောင်းသင့်အား (အကျိုးစီးပွားကို) အရတော်လေစွ၊ အို သူတော်ကောင်း သင်သည် (လူအဖြစ်ကို) ကောင်းစွာရလေစွ၊ အိုသူတော်ကောင်း သင်သည် များစွာသော ကောင်းမှုကို ဆည်းပူးမိလေပြီ၊ အကြင် သင်သည် (သံသရာမှ) မကူးမြောက်နိုင်ကြသေးသော ရဟန်းတို့ကို ကူးမြောက်စေရလေပြီ"ဟု ပြောဆိုလေ၏။

ထိုအခါ မိဂလဏ္ဍိက ရဟန်းယောင်သည် "ငါ့အား (အကျိုးစီးပွားကို) အရတော်သတတ်၊ ငါသည် (လူအဖြစ်ကို) ကောင်းစွာ ရအပ်သတတ်၊ ငါသည် များစွာသော ကောင်းမှုကို ဆည်းပူးမိသတတ်၊ ငါသည် (သံသရာမှ) မကူးမြောက်နိုင်ကြသေးသော ရဟန်းတို့ကို ကူးမြောက်စေရသတတ်"ဟု ထက်လှစွာသောသန်လျက်ကို ယူ၍ တစ်ကျောင်းမှ တစ်ကျောင်းသို့၊ ပရိဝုဏ်တစ်ခုမှ ပရိဝုဏ်တစ်ခုသို့ ချဉ်းကပ်၍"မည်သူသည် သံသရာမှ မကူးမြောက်သေးသနည်း၊ မည်သူ့ကို ကူးမြောက်စေရမည်နည်း"ဟု မေးမြန်းလေ၏။

ထိုရဟန်းတို့တွင် တဏှာ ရာဂ မကင်းကြသေးသော ရဟန်းတို့အား ထိုသို့ မေးသောအခါ၌ကြောက်လန့်ခြင်း ကိုယ်ခက်တရော်ဖြစ်ခြင်း ကြက်သီးမွေးညင်းထခြင်းတို့သည် ဖြစ်ကြကုန်၏၊ တဏှာ ရာဂ ကင်းပြီးသော ရဟန်းတို့အားကား ထိုသို့ မေးသော အခါ၌ ကြောက်လန့်ခြင်းကိုယ်ခက်တရော်ဖြစ်ခြင်း ကြက်သီးမွေးညင်းထခြင်းတို့သည် မဖြစ်ကြကုန်။

ထိုအခါ မိဂလဏ္ဍိက ရဟန်းယောင်သည် ရဟန်းတစ်ပါးကိုလည်း တစ်နေ့တည်းဖြင့် အသက်'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းနှစ်ပါးတို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းသုံးပါးတို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းလေးပါးတို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းငါးပါးတို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းဆယ်ပါးတို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းနှစ်ဆယ်တို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်း သုံးဆယ်တို့ကိုလည်းတစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ'မှ ချ၏၊ ရဟန်းလေးဆယ်တို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းငါးဆယ်တို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊ ရဟန်းခြောက်ဆယ်တို့ကိုလည်း တစ်နေ့တည်းဖြင့် အသက် 'ဇီဝိတိန္ဒြေ' မှ ချ၏၊

၁၆၄။ ထို့နောက် မြတ်စွာဘုရားသည် ထိုလဝက်ကို လွန်မြောက်၍ (တစ်ပါးတည်း) ကိန်းအောင်းနေရာမှ ထတော်မူလတ်သော် အသျှင်အာနန္ဒာကို "အာနန္ဒာ အဘယ်သို့နည်း၊ ရဟန်းအပေါင်းသည်နည်းပါးလေယောင်တကား"ဟု (မိန့်တော်မူ၏)။

ဖြစ်သမျှအလုံးစုံကို အကုန်ပြန်ဆို လျှောက်ထားပါမည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် များစွာ သော