Page:ပါရာဇိကပါဠိတော်.pdf/86

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ခိုး၍ အသျှင် ဒဠှိကအား-

"အသျှင်ဘုရား တပည့်တော် ရဟန်း မဟုတ်တော့ပါ၊ လူထွက်ပါတော့မည်"ဟု လျှောက်၏။

ငါ့သျှင် သင်သည် အဘယ်ကို ပြုမိသနည်းဟု မေးရာ ထိုရဟန်းက ထိုဖြစ်ရင်းအကြောင်းကို လျှောက်ထားသဖြင့် ဆောင်ယူစေပြီးလျှင် တန်ဖိုးကို ဖြတ်စေသော် ထိုခေါင်းပေါင်းသည် ငါးပဲမတန်ရကား "ငါ့သျှင် ပါရာဇိကအာပတ် မသင့်"ဟု (ဆုံးဖြတ်ပြီးနောက်) ဓမ္မကထာကို ဟောကြား၏၊ ထိုရဟန်းသည် အလွန်ပျော်မွေ့လေသတည်း။ (၁၅၀)

ဝိနီတဝတ္ထု ဖြတ်ထုံးများပြီး၏။

ဒုတိယ ပါရာဇိက ပြီး၏။

၁။ နှမ်း ဆန် နှစ်ပါး၌ ပဲမျိုးတစ်ပါးပါးစွတ်လျက် သုံးခုစပ်၍ ချက်သော ယာဂု (အဋ္ဌကထာ)

၃-တတိယပါရာဇိက

ပဌမပညတ်အကြောင်း

၁၆၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသောအခါ ရဟန်းတို့အား များစွာသော အကြောင်းဖြင့်အသုဘ တရားကို ဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း၏ ဂုဏ်ကို ဟောတော်မူ၏၊ အသုဘကမ္မဋ္ဌာန်းပွားများခြင်း၏ ဂုဏ်ကို ဟောတော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသုဘသမာပတ်၏ ဂုဏ်ကို ဟောတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် "ရဟန်းတို့ ငါဘုရားသည် လဝက်ပတ်လုံး 'တစ်လထက်ဝက်တစ်ဆယ့်ငါးရက်တိုင်တိုင်' တစ်ပါးတည်း ကိန်းအောင်းနေလိုသည်၊ ဆွမ်းပို့သော ရဟန်းမှတစ်ပါး ငါ၏ထံသို့ မည်သူမျှ မချဉ်းကပ်ရ"ဟု ရဟန်းတို့အား မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် "ကောင်းပါပြီ အရှင်ဘုရား"ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှတစ်ပါး မည်သူမျှမချဉ်းကပ်ကြကုန်။

"မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် အသုဘတရားကို ဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း၏ ဂုဏ်ကို ဟောတော်မူ၏၊ အသုဘ ကမ္မဋ္ဌာန်းပွားများခြင်း၏ ဂုဏ်ကို ဟောတော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသုဘ သမာပတ်၏ ဂုဏ်ကို ဟောတော်မူ၏"ဟု ထိုရဟန်းတို့သည် များစွာသော အခြင်းအရာတို့ဖြင့် ပြွမ်းသော အသုဘဘာဝနာ၌ အားထုတ်ခြင်းကို အစဉ်ကြိုးစားအားထုတ်လျက် နေကြကုန်၏။

ထိုရဟန်းတို့သည် မိမိတို့ခန္ဓာကိုယ်၌ ငြီးငွေ့ကုန်၏၊ ရှက်နိုးကုန်၏၊ စက်ဆုပ်ကုန်၏၊ ဥပမာ သော်ကားငယ်ရွယ်နုပျိုသော အလှအပ ပြုပြင်လေ့ရှိသော ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော မိန်းမပျိုသည်လည်းကောင်း၊ ယောက်ျားပျိုသည်လည်းကောင်း၊ မြွေကောင်ပုပ်ကိုသော်လည်းကောင်း၊ ခွေးကောင်ပုပ်ကိုသော်လည်းကောင်း၊ လူကောင်ပုပ်ကိုသော်လည်းကောင်း လည်ပင်း၌ ဆွဲလာမူ ငြီးငွေ့ ရှက်နိုး စက်ဆုပ်ရာသကဲ့သို့ ဤအတူပင် ထိုရဟန်းတို့သည် မိမိတို့ ခန္ဓာကိုယ်၌ ငြီးငွေ့ ရှက်နိုး စက်ဆုပ်ကုန်ရကားမိမိတို့ကိုယ်တိုင်လည်း မိမိတို့ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချကုန်၏၊ အချင်းချင်းလည်း အသက်'ဇီဝိတိန္ဒြေ' မှ ချကုန်၏၊ မိဂလဏ္ဍိက ရဟန်းယောင်သို့လည်း ချဉ်းကပ်၍ "ငါ့သျှင် တောင်းပန်ပါသည်၊ ငါတို့ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချပါလော့၊