Page:ပါရာဇိကပါဠိတော်.pdf/71

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့ သွား၍ အဖိုးများစွာ ထိုက်တန်သော အဝတ်ကိုမြင်လတ်သော် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ နေရာမှ ရွေ့စေ၏၊ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅)

၁၃၃။ တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အဖိုးများစွာ ထိုက်တန်သော အပေါ်လွှမ်း အခင်းကိုမြင်လတ်သော် ခိုးလိုသော စိတ် ဖြစ်ပေါ်လာ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ လှုပ်စေ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ နေရာမှ ရွေ့စေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု (မိန့်တော်မူ၏)။ (၆-၉)

၁၃၄။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့အခါ ပစ္စည်းကိုမြင်၍ "ညဉ့်မှ ခိုးမည်"ဟု အမှတ်အသား ပြုထား၏၊ ထိုရဟန်းသည် ထိုပစ္စည်းဟု ထင်မှတ်၍ ထိုပစ္စည်းကိုပင် ခိုး၏။ပ။ ထိုပစ္စည်းဟု ထင်မှတ်၍ အခြားပစ္စည်းကို ခိုး၏။ပ။ အခြားပစ္စည်းဟု ထင်မှတ်၍ ထိုပစ္စည်းကို ခိုး၏။ပ။ အခြားပစ္စည်းဟု ထင်မှတ်၍ အခြားပစ္စည်းကိုပင် ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၀-၁၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့အခါ ပစ္စည်းကိုမြင်၍ "ညဉ့်မှ ခိုးမည်"ဟု အမှတ်အသားပြု ထား၏၊ ထိုရဟန်းသည် ထိုပစ္စည်းဟု ထင်မှတ်၍ မိမိပစ္စည်းကို ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါး၏ ပစ္စည်းကို ဆောင်ယူစဉ် ဦးခေါင်းပေါ်ရှိဝန်ကိုခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ လှုပ်စေ၏။ပ။ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ပခုံးသို့ ချ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ပခုံးရှိဝန်ကို သုံးသပ်၏။ပ။ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ လှုပ်စေ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခါးသို့ ချ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခါးရှိဝန်ကို သုံးသပ်၏။ပ။ ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ လှုပ်စေ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ လက်ဖြင့် ယူ၏။ပ။ ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ လက်ရှိဝန်ကို မြေ၌ ချ၏။ပ။ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ မြေမှ ယူလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းသင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၅-၂၅)

၁၃၅။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် လွင်ပြင်၌ သင်္ကန်းကို ဖြန့်၍ ကျောင်းသို့ ဝင်၏၊ ရဟန်းတစ်ပါးက "ဤသင်္ကန်း မပျက်စီးပါစေလင့်"ဟု သိမ်းဆည်းထား၏၊ ထို (သင်္ကန်းရှင်) ရဟန်းထွက်လာ၍ ထိုရဟန်းကို "ငါ့သျှင် ငါ၏ သင်္ကန်းကို မည်သူ