Page:ပါရာဇိကပါဠိတော်.pdf/4

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းကောင်း ပူပန်စေတတ်သော တရားတို့ဟူ၍ ဟော၏။ ပုဏ္ဏား ပူပန်စေတတ်၍ ယုတ်ညံ့ကုန်သောအကုသိုလ်တရား တို့ကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာ ကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော နောင်အခါ၌ဖြစ်ခြင်းသဘော မရှိသော သူကို ပူပန်စေတတ်သော အကျင့်ရှိသူဟု ငါဟော၏။ ပုဏ္ဏားမြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်"ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

၁၀။ "အသျှင်ဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါမထိုက်"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား နောင် တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကိုပြုပြီးသော နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိသောသူကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ။ (အဝိဇ္ဇာတဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည် သာတည်းဟု (မိန့်တော်မူ၏)။

ကြက်ငယ်ဥပမာ

၁၁။ ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့ အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကိုအဘယ်သို့ ဆိုအပ်သနည်း၊ အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ အကြီးဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ဤအတူပင် အဝိဇ္ဇာ၌ ရောက်သော (အဝိဇ္ဇာ)ဟူသော ဥ၌ ဖြစ်သော (အဝိဇ္ဇာဟူသောဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍ (ငါ) တစ်ဦးတည်းသာလျှင်လောက၌ အတုမဲ့လွန်မြတ်သော ကိုယ်တိုင် မှန်စွာ သိမြင်သော 'သမ္မာသမ္ဗောဓိ'ဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည်လောကထက် ကြီး၏၊ မြတ်၏။

ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိ သည်ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊