Page:ပါရာဇိကပါဠိတော်.pdf/3

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင့် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

။ "အသျှင်ဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်း ပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ'ဥစ္ဆေဒဝါဒ' ရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏။ များပြားသောယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်"ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

။ "အသျှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏"ဟုငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏားငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းကိုလည်းကောင်း စက်ဆုပ်တော်မူ၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

။ "အသျှင်ဂေါတမသည် ဖျက်ဆီးတတ်၏"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏"ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဖျက်ဆီးခြင်းငှါ တရားကိုဟော၏။ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးခြင်းငှါ တရားကို ဟော၏။ ပုဏ္ဏားဤနည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆို နိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

။ "အသျှင်ဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။