Page:ပါရာဇိကပါဠိတော်.pdf/195

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထိုအမှုဖြင့်ဟူသည် မေထုန်အမှုဖြင့်။

လုပ်ကျွေးရာ၏ဟူသည် မွေ့လျော်စေရာ၏။

မေထုန်နှင့် စပ်သောဟူသည် မေထုန် အမှုနှင့်ယှဉ်သော။

သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။

၂၉၃။ မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ အထံ၌ ထိုမိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကိုပြောဆိုအံ့၊ သံဃာဒိသိသ် အာပတ် သင့်၏။

မိန်းမလည်းဟုတ်၏၊ ယုံမှားရှိ၍။ပ။ ပဏ္ဍုက်ဟု ထင်မှတ်၍။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ အထံ၌ ထိုမိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ထုလ္လစဉ်းအာပတ် သင့်၏။

ပဏ္ဍုက်လည်းဟုတ်၏၊ ပဏ္ဍုက်ဟု ထင်မှတ် ၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ပဏ္ဍုက်၏ အထံ၌ ထိုမိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ပဏ္ဍုက်လည်းဟုတ်၏၊ ယုံမှားရှိ၍။ပ။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍။ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ပဏ္ဍုက်၏ အထံ၌ ထိုမိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။

ယောက်ျားလည်းဟုတ်၏။ပ။ တိရစ္ဆာန်လည်းဟုတ်၏၊ တိရစ္ဆာန်ဟု ထင်မှတ်၍။ပ။ ယုံမှားရှိ၍။ မိန်းမဟု ထင်မှတ်၍။ ပဏ္ဍုက်ဟု ထင်မှတ်၍။ ယောက်ျားဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်းရှိ၏၊ ရဟန်းသည် လည်း တိရစ္ဆာန်၏ အထံ၌ ထိုမိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းနှစ်ယောက်တို၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ အထံ၌ ထိုမိမိအလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ သံဃာဒိသိသ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏အထံ၌ ထိုမိမိအလိုရှိအပ်သောကာမဖြင့် လုပ်ကျွေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုအံ့၊ သံဃာဒိသိသ်အာပတ်နှင့် ဒုက္ကဋ်အာပတ်သင့်၏။ပ။

၂၉၄။ "သင်္ကန်း ဆွမ်း ကျောင်း သူနာအထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် လုပ်ကျွေးလော့"ဟုဆိုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

အတ္တကာမပါရိစတိယသိက္ခာပုဒ်အဖွင့် ပြီး၏။