Page:ပါရာဇိကပါဠိတော်.pdf/194

From Wikisource
Jump to navigation Jump to search
This page has not been proofread.

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ ကာမ ဂုဏ် အပူ အအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၂၉၁။ "အကြင် ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ ဖေါက်ပြန် သော စိတ်ဖြင့် မိန်းမ၏ အထံ၌ မိမိ အလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ကျေးဇူးကို ပြောဆိုငြားအံ့၊ 'နှမအကြင်မိန်းမသည် အကျင့်သီလရှိသော ကောင်းသော တရားရှိသော မြတ်သော အကျင့်ကိုကျင့်လေ့ရှိသော ငါကဲ့သို့သော သူကို ထို မေထုန်အမှုဖြင့် လုပ်ကျွေးရာ၏၊ ဤလုပ်ကျွေးခြင်းသည် လုပ်ကျွေးခြင်း တကာ တို့တွင် အမြတ်ဆုံးပေတည်း'ဟု မေထုန်နှင့် စပ်သော စကားဖြင့် ပြောဆိုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၄-အတ္တကာမပါရိစရိယသိက္ခာပုဒ် အဖွင့်

၂၉၂။ အကြင်ဟူသည် အကြင်သို့ သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။

ရာဂဘီလူးပူးဝင်အပ်သည်ဖြစ်၍ မည်သည် အလွန်တပ်မက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ဖွဲ့နှောင် ရစ်ပတ်အပ်သော စိတ်ရှိသည်ဖြစ်၍။

ဖောက်ပြန်ဟူသည် တပ်မက်သော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ အမျက်ထွက်သောစိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ တွေဝေသော စိတ်သည်လည်း ဖောက်ပြန်သည် မည်၏၊ သို့ရာတွင် တပ်မက်သော စိတ်ကို ဤနေရာ၌ "ဖောက်ပြန်"ဟု အလိုရှိအပ်၏။

မိန်းမဟူသည် လူမိန်းမတည်း၊ ဘီလူးမ (နတ်သမီး) မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်း မကောင်း ရုန့်ရင်း မရုန့်ရင်းသော စကားကို နားလည်နိုင်စွမ်းသော မိန်းမတည်း။

မိန်းမ၏ အထံ၌ဟူသည် မိန်းမ၏ အနီး၌၊ မိန်းမနှင့် မဝေးသော အရပ်၌။

မိမိအလိုရှိအပ်သောကာမဟူသည် မိမိ၏ အကြိုက်ကို၊ မိမိ၏ အကြောင်းကို၊ မိမိ၏ အလိုကို၊ မိမိအား လုပ်ကျွေးခြင်းကို။

ဤလုပ်ကျွေးခြင်းသည် အမြတ်ဆုံးပေတည်းဟူသည် ဤလုပ်ကျွေးခြင်းသည် သာလွန်၏၊ ဤလုပ်ကျွေးခြင်းသည် မြတ်၏၊ ဤလုပ်ကျွေးခြင်းသည် အကြီးအမှူးဖြစ်၏၊ ဤလုပ်ကျွေးခြင်းသည် ကဲလွန်၏၊ ဤလုပ်ကျွေးခြင်းသည် တောင့်တအပ် မြတ်၏။

အကြင် မိန်းမဟူသည် မင်းသမီးသည်လည်းကောင်း၊ ပုဏ္ဏေးမသည်လည်းကောင်း၊ ကုန်သည်မသည်လည်းကောင်း၊ သူဆင်းရဲမသည်လည်းကောင်း။

ငါကဲ့သို့သောသူကိုဟူသည် မင်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ကုန်သည်ကိုလည်းကောင်း၊ သူဆင်းရဲကိုလည်းကောင်း။

အကျင့်သီလရှိသောဟူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော၊ မပေးသော ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်သော၊ အမှား ပြောခြင်းမှ ရှောင်ကြဉ်သော။

မြတ်သော အကျင့်ကို ကျင့်လေ့ရှိသောဟူသည် မေထုန်အကျင့်မှ ရှောင်ကြဉ်သော။

ကောင်းသော တရားရှိသော မည်သည် ထိုအကျင့်သီလအားဖြင့်လည်းကောင်း၊ ထိုမြတ်သောအကျင့်အားဖြင့်လည်းကောင်း ကောင်းသောတရားရှိ၏။