Page:ပါရာဇိကပါဠိတော်.pdf/152

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အသုံးမပြုပါ၊ အမှန်စင်စစ်အားဖြင့် ငါသည် အလိုရှိတိုင်း စားပါသည်၊ အလိုရှိတိုင်း အိပ်ပါသည်၊ အလိုရှိတိုင်း ရေချိုးပါသည်၊ အလိုရှိတိုင်း စား အလိုရှိတိုင်း အိပ် အလိုရှိတိုင်းရေချိုးပြီးလျှင် ငါ့အား ပျင်းရိမှုသည် ဖြစ်ပေါ်လာ၍ ရာဂသည် စိတ်ကို နှိပ်စက်သော အခါ ငါသည်လက်ဖြင့် လုံ့လပြု၍ သုက်ကို လွတ်စေပါသည်ဟု (ပြန်ပြော၏)။

ငါ့သျှင် သေယျသက သင်သည် သဒ္ဓါ၍ လှူအပ်သော ပစ္စည်းကို သုံးဆောင်သော လက်ဖြင့်ပင်လုံ့လပြု၍ သုက်ကို လွတ်စေသလောဟု (မေးသောအခါ)

မှန်ပေသည် ငါ့သျှင်တို့ဟု (ပြန်လျှောက်၏)။

"အဘယ့်ကြောင့် အသျှင်သေယျသကသည် လက်ဖြင့် လုံ့လပြု၍ သုက်ကို လွတ်စေဘိသနည်း"ဟုအလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်သေယျသကကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ကုန်ပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အသျှင်သေယျသကကို-

"သေယျသက သင်သည် လက်ဖြင့် လုံ့လပြု၍ သုက်ကို လွတ်စေ၏ဟူသည် မှန်သလော"ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

"(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား (ဤအပြုအမူသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျား သင်သည် လက်ဖြင့် လုံ့လပြု၍ သုက်ကို အဘယ့်ကြောင့် လွတ်စေဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့်စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ကာမဂုဏ်နှင့်မစပ်ယှဉ်ရန် ဟောတော်မူသည် မဟုတ်ပါလော၊ (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောအပ်ပါလျက် သင်သည် အဘယ့်ကြောင့် ရာဂဖြစ်ခြင်းငှါ အားထုတ်ဘိသနည်း၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန်တရားတော်ကို ဟောအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိသနည်း၊ (တဏှာဒိဋ္ဌိဖြင့်) မစွဲလမ်းရန် တရားတော်ကို ဟောအပ်ပါလျက် (တဏှာဒိဋ္ဌိဖြင့်) စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂကင်းခြင်းငှါတရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဟူသော) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါ တဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည်မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ် ပယ်မှုကိုဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်သညာ (စိတ်) တို့ကို ပိုင်းခြား၍ သိမှုကို ဟောတော်မူသည်မဟုတ်ပါလော၊ ကာမဂုဏ်မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်၌ကြံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မူသည် မဟုတ်ပါလော၊ ကာမဂုဏ်အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အမှန်စင်စစ် ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အားအကြည် ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏"ဟု (ကဲ့ရဲ့တော်မူ၏)။

ထိုနောက် မြတ်စွာဘုရားသည် အသျှင်သေယျသကကို