Page:ပါရာဇိကပါဠိတော်.pdf/137

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာခြင်းရှိ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို မျက်မှောက် ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊ [ပေယျာလ တဆယ့်ငါးမျိုး သွားပုံတို့ကို ဤအတူပင် ချဲ့ပြအပ်ကုန်၏၊ ]

၂၂၁။ အကြောင်း သုံးမျိုးတို့ဖြင့်။ပ။ အကြောင်း ခုနစ်မျိုးတို့ဖြင့် အကြင် ရဟန်းသည် သင်၏သင်္ကန်းကို သုံးဆောင်၏။ အကြင်ရဟန်းသည် သင်၏ ဆွမ်းကို သုံးဆောင်၏။ အကြင်ရဟန်းသည် သင်၏ ကျောင်းအိပ်ရာ နေရာကို သုံးဆောင်၏။ အကြင်ရဟန်းသည် သင်၏ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင်၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာခြင်းရှိ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီ သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော်ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

အကြောင်းသုံးမျိုးတို့ဖြင့်။ပ။ အကြောင်းခုနစ်မျိုးတို့ဖြင့် အကြင်ရဟန်းသည် သင်၏ ကျောင်းကိုသုံးဆောင်ပြီ။ အကြင်ရဟန်းသည် သင်၏ သင်္ကန်းကို သုံးဆောင်ပြီ။ အကြင်ရဟန်းသည် သင်၏ဆွမ်းကို သုံးဆောင်ပြီ။ အကြင်ရဟန်းသည် သင်၏ ကျောင်း အိပ်ရာ နေရာကို သုံးဆောင်ပြီ။ အကြင်ရဟန်းသည် သင်၏ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင်ပြီ။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာခြင်း ရှိ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်း သုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်း သည်"မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက်

အကြောင်းခုနစ်မျိုးတို့ဖြင့် သင်သည် အကြင် (ရဟန်း) ကို အစွဲပြု၍ ကျောင်းကို လှူ၏၊ သင်္ကန်းကို လှူ၏၊ ဆွမ်းကို လှူ၏၊ ကျောင်း အိပ်ရာ နေရာကို လှူ၏၊ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်ကို လှူ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်း သင်္ခမ်း၌ စတုတ္ထဈာန်ကို ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်း သင်္ခမ်း၌ စတုတ္ထဈာန်ကို ရ၏။ လေ့လာခြင်းရှိ၏။ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထဈာန်ကို မျက်မှောက် ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊