Page:ပါရာဇိကပါဠိတော်.pdf/136

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းလေးမျိုး ငါးမျိုး ခြောက်မျိုး ခုနစ်မျိုးတို့ဖြင့် အကြင်ရဟန်းသည် သင်၏ ကျောင်း၌ နေ၏၊ ထိုရဟန်းသည် ပဌမဈာန်ကို ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် ပဌမဈာန်ကို ရ၏။ လေ့လာခြင်းရှိ၏။ ထိုရဟန်းသည် ပဌမဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော်ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

အကြောင်းသုံးမျိုးတို့ဖြင့် အကြင်ရဟန်းသည် သင်၏ ကျောင်း၌ နေ၏၊ ထိုရဟန်းသည် ဒုတိယဈာန်ကို။ တတိယဈာန်ကို။ စတုတ္ထဈာန်ကို။ ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'ကို။ ကိလေသာ အကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'ကို။ ကိလေသာတောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကို။ ကိလေသာ ဆိတ်သုဉ်း၍ တည်ကြည်ခြင်း'သုညတသမာဓိ'ကို။ ကိလေသာ အကြောင်းနိမိတ်မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ' ကို။ ကိလေသာ တောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကို။ ကိလေသာဆိတ်သုဉ်း၍ဝင်စားခြင်း 'သုညတ သမာပတ်'ကို။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း'အနိမိတ္တသမာပတ်' ကို။ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကို။ ဝိဇ္ဇာသုံးပါးတို့ကို။ သတိပဋ္ဌာန် လေးပါးတို့ကို။ သမ္မပ္ပဓာန် လေးပါးတို့ကို၊ ဣဒ္ဓိပါဒ် လေးပါးတို့ကို။ ဣန္ဒြေ ငါးပါးတို့ကို။ ဗိုလ်ငါးပါးတို့ကို။ ဗောဇ္ဈင် ခုနစ်ပါးတို့ကို။ မြတ်သော မဂ္ဂင်ရှစ်ပါးကို။ သောတာပတ္တိဖိုလ်ကို။ သကဒါဂါမိဖိုလ်ကို။ အနာဂါမိဖိုလ်ကို။ အရဟတ္တဖိုလ်ကို ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် အရဟတ္တဖိုလ်ကို ရ၏။ လေ့လာခြင်းရှိ၏။ ထိုရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော်ဒုက္ကဋ်အာပတ် သင့်၏၊

အကြောင်းသုံးမျိုးတို့ဖြင့် ထိုရဟန်းသည် ရာဂကို စွန့်ပြီ။ ဒေါသကို စွန့်ပြီ။ မောဟကို စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီဟု သိလျက်မဟုတ် မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိ နားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်း သည်"မဟုတ်မမှန် ပြောမည်"ဟုသိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် ရာဂမှ ထိုရဟန်း၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဒေါသမှ စိတ်သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ မောဟမှ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်း သည်"မဟုတ်မမှန် ပြောမည်"ဟု သိ၏။ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် အကြင် ရဟန်းသည် သင်၏ ကျောင်း၌ နေ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်ကို