Page:ပါရာဇိကပါဠိတော်.pdf/133

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်း သုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်း သည်"မဟုတ်မမှန် ပြောမည်"ဟု သိ၏"။ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏။ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း'သုညတဝိမောက္ခ' ကို။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကို။ ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကို။ ကိလေသာ ဆိတ်သုဉ်း၍တည်ကြည်ခြင်း 'သုညတသမာဓိ' ကို။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ' ကို။ ကိလေသာ တောင့်တမှု မရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကို။ ကိလေသာဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်' ကို။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း'အနိမိတ္တသမာပတ်' ကို၊ ကိလေသာ တောင့်တမှု မရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကို။ ဝိဇ္ဇာသုံးပါးတို့ကို။ သတိပဋ္ဌာန်လေးပါးတို့ကို။ သမ္မပ္ပဓာန်လေးပါးတို့ကို။ ဣဒ္ဓိပါဒ်လေးပါးတို့ကို။ ဣန္ဒြေငါးပါးတို့ကို။ ဗိုလ်ငါးပါးတို့ကို။ ဗောဇ္ဈင်ခုနစ်ပါးတို့ကို။ မြတ်သော မဂ္ဂင်ရှစ်ပါးကို။ သောတာပတ္တိဖိုလ်ကို။ သကဒါဂါမိဖိုလ်ကို။ အနာဂါမိဖိုလ်ကို။ အရဟတ္တဖိုလ်ကို။ ဝင်စားခဲ့ပြီ။ ငါသည် ရာဂကို စွန့်ပြီ။ ငါသည်ဒေါသကို စွန့်ပြီ။ ငါသည် မောဟကို စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ရာဂမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ။ ဒေါသမှငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ။ မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

အပြောလွဲမှားသော သူ၏ ဧကမူ စက်ပြတ် 'ခဏ္ဍစက်' ပြီး၏။

၂၁၆။ အကြောင်းသုံးမျိုးတို့ဖြင့် ဒုတိယဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် တတိယဈာန်ကို ဝင်စားပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ်သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ဒုတိယဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် စတုတ္ထဈာန်ကို ဝင်စားပြီဟု။ပ။ မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော်ထုလ္လစ္စဉ်းအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်း သုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင်။ပ။ ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် ဒုတိယဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် ပဌမဈာန်ကိုဝင်စားပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

အပြောလွဲမှားသောသူ၏ ဧကမူ စက်ဝိုင်း 'ဗဒ္ဓစက်' ပြီး၏။

မူကို အကျဉ်းချုပ်၍ မြှုပ်အပ်ပြီ။