Page:ပါရာဇိကပါဠိတော်.pdf/132

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂၁၄။ မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟုသိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏။ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း၊ ကိလေသာဆိတ်သုဉ်း ၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'ကိုလည်းကောင်း၊ ကိလေသာအကြောင်းနိမိတ်မရှိ၍လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာတောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း'အပ္ပဏိဟိတ ဝိမောက္ခ'ကိုလည်းကောင်း၊ ကိလေသာဆိတ်သုဉ်း၍တည်ကြည်ခြင်း 'သုညတသမာဓိ'ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း'အနိမိတ္တသမာဓိ' ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ တည်ကြည်ခြင်း'အပ္ပဏိဟိတသမာဓိ' ကိုလည်းကောင်း၊ ကိလေသာ ဆိတ်သုဉ်း၍ဝင်စားခြင်း 'သုညတသမာပတ်'ကိုလည်းကောင်း၊ ကိလေသာအကြောင်းနိမိတ်မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်'ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း၊ သတိပဋ္ဌာန် လေးပါးတို့ကိုလည်းကောင်း၊ သမ္မပ္ပဓာန် လေးပါးတို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ် လေးပါးတို့ကိုလည်းကောင်း၊ ဣန္ဒြေ ငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင် ခုနစ်ပါးတို့ကိုလည်းကောင်း၊ မြတ်သောမဂ္ဂင် ရှစ်ပါးကိုလည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ပ။ ငါသည် ရာဂကိုလည်း စွန့်ပြီ။ ငါသည် ဒေါသကိုလည်း စွန့်ပြီ။ ငါသည် မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ရာဂမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ'ကင်းပြီ၊ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

သဗ္ဗမူ ပြီး၏။

သုဒ္ဓိကဝါရ စကားရပ် ပြီး၏။

၂၁၅။ အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် ဒုတိယဈာန်ကို ဝင်စားပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ်သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။ အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် တတိယဈာန်ကို ဝင်စားပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားပြီဟု ဆိုလိုလျက် စတုတ္တဈာန်ကို ဝင်စားပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။