Page:ပါရာဇိကပါဠိတော်.pdf/115

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သတ်လျက် သတ်စေလျက် ဖြတ်လျက် ဖြတ်စေလျက် ချက်ပြုတ်လျက် ချက်ပြုတ်စေ လျက် ရွာနိဂုံး မင်းနေပြည်တို့၌ လှည့်လည် ကျက်စားရပါအံ့နည်း"ဟု အကြံအစည်ဖြစ်၏၊ အခါ တစ်ပါး၌ထိုခိုးသူကြီးသည် (တပည့်) အရာအထောင်ခြံရံ၍ သတ်လျက် သတ်စေလျက် ဖြတ်လျက် ဖြတ်စေလျက်ချက်ပြုတ်လျက် ချက်ပြုတ်စေလျက် ရွာ နိဂုံး မင်းနေပြည်တို့၌ လှည့်လည် ကျက်စားရ၏။

ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်အား-

"ငါသည် အဘယ်အခါ၌ (တပည့်) အရာအထောင် ခြံရံ၍ လူရှင်ရဟန်းတို့၏ ကောင်းသော အပြုအစုခံလျက် အလေးပြုခံလျက် အမြတ်နိုးခံလျက် အပူဇော်ခံလျက် အရိုအသေခံလျက် သင်္ကန်း ဆွမ်းကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရသည်ဖြစ်၍ ရွာ နိဂုံး မင်းနေပြည်တို့၌ ဒေသစာရီ လှည့်လည်ရပါအံ့နည်း"ဟု အကြံ ဖြစ်၏။

အခါ်တစ်ပါး၌ ထိုရဟန်းယုတ်သည် (တပည့်) အရာအထောင် ခြံရံ၍ လူရှင်ရဟန်းတို့၏ ကောင်းသောအပြုအစုခံလျက် အလေးပြုခံလျက် အမြတ်နိုးခံလျက် အပူဇော်ခံလျက် အရိုအသေခံလျက် သင်္ကန်းဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို ရသည်ဖြစ်၍ ရွာ နိဂုံး မင်းနေပြည်တို့၌ ဒေသစာရီ လှည့်လည်ရ၏။

ရဟန်းတို့ ဤသည်ကားလောက၌ ထင်ရှားရှိသော ပဌမ ခိုးသူကြီးပေတည်း။

ရဟန်းတို့ ထို့ပြင်လည်း ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်သည် မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်း ဒေသနာတော်ကို သင်ယူ၍ ကိုယ်ပိုင် ပြုထား၏ (ဆရာစားမထား)။

ရဟန်းတို့ ဤသည်ကားလောက၌ ထင်ရှားရှိသော ဒုတိယ ခိုးသူကြီးပေတည်း။

ရဟန်းတို့ ထို့ပြင်လည်း ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်သည် စင်ကြယ်သော အကျင့်ရှိသော ထက်ဝန်းကျင်စင်ကြယ်သော အကျင့်ကို ကျင့်သော သီတင်းသုံးဘော်ကို အခြေအမြစ် မရှိသောမမြတ်သော အကျင့် (မေထုန်အကျင့်) ဖြင့် စွပ်စွဲ၏။

ရဟန်းတို့ ဤသည်ကားလောက၌ ထင်ရှားရှိသော တတိယ ခိုးသူကြီးပေတည်း။

ရဟန်းတို့ ထို့ပြင်လည်း ဤသာသနာတော်၌ အချို့သော ရဟန်းယုတ်သည် သံဃာ၏ ဂရုဘဏ်ဂရုပရိက္ခရာဖြစ်ကုန်သော အရံ၊ အရံမြေရာ၊ ကျောင်း၊ ကျောင်းမြေရာ၊ ညောင်စောင်း 'ခုတင်'၊ အင်းပျဉ် 'ခုံရှည်'၊ ဘုံလျှို 'ဖုံ'၊ ခေါင်းအုံး၊ ကြေးအိုး - သံအိုး၊ ကြေးသံအိုးစရည်းကြီး၊ ကြေးသံအင်တွဲ 'အင်တုံ ဇလုံ'၊ ကြေးသံဖျဉ်းအိုး၊ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ ပေါက်တူး၊ ဆောက်၊ နွယ်၊ ဝါး၊ ဖြူဆံမြက်၊ ပြိတ်မြက်၊ (ကြွင်းသော) မြက်၊ မြေညက်၊ သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ (ဤနှစ်ဆယ့်ငါးမျိုး) တို့ဖြင့် လူကို ချီးမြှောက်၏၊ ဖြားယောင်း၏။

ရဟန်းတို့ ဤသည်ကားလောက၌ ထင်ရှားရှိသော စတုတ္ထ ခိုးသူကြီးပေတည်း။

ရဟန်းတို့ အကြင် ရဟန်းသည် (မိမိသန္တာန်၌) ထင်ရှားမရှိသော မဟုတ်မမှန်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ ဤရဟန်းသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌လည်းကောင်း၊ ရဟန်း ပုဏ္ဏားနှင့်တကွသော မင်းများ လူများနှင့် တကွသော ဤသတ္တဝါအပေါင်း၌လည်းကောင်း အဆိုးဆုံး အကြီးဆုံး ခိုးသူကြီးပေတည်း၊ ထိုသို့ ဖြစ်ရခြင်းသည် အဘယ်ကြောင့်နည်းဆိုလျှင် ရဟန်းတို့ တိုင်းသူပြည်သားတို့၏ ဆွမ်းကို ခိုး၍ စားသောကြောင့်ပေတည်း။