Page:ပါရာဇိကပါဠိတော်.pdf/114

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထိုအခါ အရပ်လေးမျက်နှာတို့၌ ဝါမှ ထကုန်သော ရဟန်းတို့သည် ပိန်၊ ကံ ကြကုန်၏၊ အသွေး အသားခေါင်းပါးကြကုန်၏၊ မလှသော ရုပ်အဆင်းရှိကြကုန်၏၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သောအဆင်းရှိကြကုန်၏၊ (ကွန်ယက်ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကြကုန်၏၊ ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့သည်ကား လှပသော အဆင်းရှိကြကုန်၏၊ ပြည့်ဖြိုးသော ဣန္ဒြေရှိကြကုန်၏၊ ကြည်လင်သော မျက်နှာအဆင်း ရှိကြကုန်၏၊ အထူးကြည်လင်သော ကိုယ်ရေအဆင်းရှိကြကုန်၏။

အာဂန္တု ရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်းသည်ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား-

"ရဟန်းတို့ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာမငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန်၏လော"ဟု မေးတော်မူရာ-

ကျန်းမာကြပါသည် မြတ်စွာဘုရား၊ မျှတကြပါသည် မြတ်စွာဘုရား၊ တပည့်တော်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြပါကုန်သည် မြတ်စွာဘုရားဟု (လျှောက်ထားကုန်၏)။

ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်။ပ။ "တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့"ဟူသော အကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို "ရဟန်းတို့ သင်တို့သည်အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြကုန်သနည်း၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန်သနည်း"ဟု မေးတော်မူသောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို ပြန်လျှောက်ထားကြကုန်၏။

ရဟန်းတို့ အသို့နည်း သင်တို့အား (ဈာန်မဂ်ဖိုလ်တရား) ထင်ရှား ရှိကြပါ၏လောဟု (မေးတော်မူရာ) -

ထင်ရှားမရှိပါ မြတ်စွာဘုရားဟု (လျှောက်ထားကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

"(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ (ဤအပြုအမူသည်) ရဟန်းတို့အား မလျောက် ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ်ကြောင့် ဝမ်းရေးအတွက် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် ထက်လှစွာသော နွားသတ်ဓားဖြင့် မိမိ၏ဝမ်းဗိုက်ကို ဖောက်ခွဲ လှီးဖြတ်ရခြင်းက မြတ်သေး၏၊ ဝမ်းရေးအတွက် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကိုပြောဆိုခြင်းသည်ကား မမြတ်သည်သာတည်း။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ထိုဓား ဖြင့်သတ်ခြင်းဟူသော အကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါး ဒုက္ခသို့သော်လည်းကောင်း ရောက်ရာ၏၊ ထိုဓားဖြင့် မိမိဝမ်းဗိုက်ကို ဖောက်ခွဲ လှီးဖြတ်ခြင်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာပျက်စီး လျက် ကျရောက်ရာ ငရဲသို့ကား မရောက်နိုင်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤလူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ရောက်ရပေတော့အံ့။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသော) အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့ပြီး၍ တရားစကားကို ဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို မိန့်တော်မူ၏။

ခိုးသူကြီးငါးယောက်

၁၉၅။ ရဟန်းတို့လောက၌ ဤခိုးသူကြီး ငါးယောက်တို့သည် ထင်ရှားရှိကုန်၏၊ ငါးယောက်တို့ကားအဘယ်နည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ခိုးသူကြီးအား "ငါသည် ဘယ်အခါ၌ (တပည့်) အရာ အထောင်ခြံရံ၍