Page:နန္ဒီသေနပျို့.pdf/41

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၈
လက်ဝဲသုန္ဒရ
 

၉၂။။ ဤသို့လျှောက်လျှင်၊ ရွှေနန်းရှင်လည်း၊ ဆင်ခြင် အကြံ၊ ငါ၏ထံသို့၊ စေသံ နေ့ည[1]၊ ကလိင်္ဂက၊ ဝန်ချလာမည်။ မှတ်တော်တည်၍၊ မည်သည်ကိုမျှ၊ မထွက်ရလျှင်၊ တဲ ချ တပ်တာ[2]၊ နေသည်သာတည်း။ မဟာ ပဝရ၊ ကလိင်္ဂ ကား၊ များလှ ဗိုလ်လယ်၊ စိတ် နွမ်းနယ်၍၊ ကြိုးငယ် ရူတ၊၊ ဆိုမြွက်ဟ၏။ “အဿက မည်ခေါ်၊ အကြည်တော်မူ၊ ရေးမြော် စုံညီ၊ ပါရမီကြောင့်၊ နန္ဒီသေန၊ ဉာဏ ရောင်ရွှန်း၊ မတ်ကောင်းတွန်း၏။ တကျွန်း စိုးပိုင်၊ တခရိုင်ဖြင့်[3]၊ တနိုင်ငံ စိုး၊ တန်ခိုး ထန်ပြင်း၊ ထီးဆောင်းချင်းကို၊ ကံရင်း နွမ်းလျော်၊ ငါတုံသော်ကား၊ ဖုန်းတော် ယွင်းယို၊ ငါ့ တကိုယ်ကို၊ ဆယ်ကိုယ် လှည့်ပတ်၊ ထားမတတ်တည့်၊ အမတ် ငါပင်၊ ဘုရင်လည်း ငါ၊ ငါ့ကိုယ်သာလျှင်၊ ရေးရာ ကိစ္စ၊ စီရင်ရခဲ့။ ခေတ္တ မရှု၊ ဘယ် အမှုမှ၊ စေ့ငု သေခွေ၊ စီရင်ပေ ဟု၊ ငါ့ရွှေမျက်နှာ၊ မလွဲသာတည့်။ ကြမ္မာ ဥပဒ်၊ ဘယ်ဂြိုဟ်နတ်ကြောင့်၊ အမတ်တန်မဲ့[4]၊ ညှဉ်းဆဲခဲ့၍၊ ပြည်တဲ့ သခင်၊ ငါဘုရင်သည်၊ သို့စင် ဒုက္ခ၊ ဆင်းရဲ ရ”ဟု၊ များလှ ဗိုလ်ပါ၊ မတ်တကာတို့၊ ထိုခါ ရှေ့တွင်၊ အပြစ်တင်၍၊ မရွှင် မပြုံး၊ ဗျာပါ ဖုံးသည်၊၊ နှလုံး, စိတ်စက် ရှုတတည်း။

၉၃။။ ဤသို့ ရူတ၊ မရွှင်ပျ၍၊ အဿကမင်း၊ ထံတော်ရင်းသို့၊ ကြောင်းခြင်း တုံ့ပြန်၊ စေတမန်နှင့်၊ တောင်းပန်သည်ကား၊ ဆက်ရှည် များစွာ၊ သံသရာက၊ သဒ္ဓါ သီလ၊ သုတ ဆင့်ပွါး၊ ဖုရား မြတ်စွာ၊ ပစ္စေကာ နှင့်၊ သံဃာတို့အား၊ ညွတ်တွား မကင်း၊ ကုသိုလ်ရင်းကြောင့်၊ ဆောင်းချင်း ထီးဖြူ၊ မင်းပင် ဟူလည်း၊ မတူကြလှာ၊ ဖုန်းတန်း သာသည်။ နရာ ဓိပ[5]၊ အဿက၊၊ တွေးဆ မမျှော်၊ အကြည်တော်မူ၊ လ,သော်တာ မြန်း၊ ရာဟု သန်းသို့၊ ဖုန်းတန်း တန်ခိုး၊ ရှိမည် ကိုး၍၊ စစ်ထိုး ချင်စွာ၊ ဝါသနာကြောင့်၊ ပညာ မမှီး၊ အကြံ ကြီး၍၊ သမီးကို ဆက်၊ နတ်ရှင် လက်ဝယ်၊ နန်းထက် ထားတင်၊ သို့ကို စင်လျက်၊ ဆင်ခြင် မရှိ၊ စစ်ပြိုင် မိ၍၊ သိသိ ညက်ကြေ၊ ဗိုလ်ခြေလည်း ဆုံး၊ စစ်လည်း ရှုံး၏။ နှလုံး ပူဆာ၊ တို့ ပြည်ရွာသို့၊ ရောက်လှာ နိုးနိုး ၊ တစိုး ရိမ်ရိမ်၊ မငြိမ် , မသက်၊ ပြည် ပျက်တော့မည်၊ ဖြစ်ခဲ့သည်တည့်။ အရှည် မျှော်တွေး၊ ချမ်းသာ


  1. နည်းခံ နေ့ည (စွယ်)
  2. တပ်ချ တပ်တာ (စွယ်)
  3. တခရိုင်ကြောင့် (မန်း)
  4. အမှတ်တမဲ့ (စွယ်)
  5. နရာ ဒိပွ (မန်း, ဟံ)