လက်ဝဲသုနန္ဒရ ၏
နန္ဒီသေနပျို့
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။။ အတုလ ဒေဝိန်၊ စောမုနိန်မူ၊ ဝရဇိန်စက်၊ လက်နက် သွေးသီ၊ ဂုဏ်မဖိသား၊ ပါရမီ ထူးကဲ၊ လက်စွဲတော်ပါ၊ ထက်မကွာဖြင့်[1]၊ အာဏာ,ဇာတိ၊ ကြွင်းမရှိလျှင်၊ ဝိသယလုံး၊ ပတ်ကုံး တင့်စံ၊ ဂုဏ်ခံ ကိုးရိုး[2]၊ ဂုဏ်မညှိုးက၊ ဖြတ်ချိုး ခုတ်ချိုင်၊ ပွဲတိုင်းနိုင်ရှင့်။ ခေါင်တိုင် ခေါင်တုတ်၊ တမွတ် ခေါင်ထိ၊ ဓိပတိ မင်းစစ်၊ သင်းကျစ် သရဖူ၊ ဖြစ်တော်မူသည်၊ သယမ္ဘူကျော်၊ မြတ်ဇိနော်ကား၊ ပြည်တော်ဘာမိ[3]၊ သာဝတ္ထိ၏၊ ပရိ ဝါရေ၊ သခိုက်မြေ၌၊ ရွှေဇေတဝန်၊ စိုးရှိလွန်မျှ၊ တံခွန် ထောင်စိုက်၊ ရွှေကျောင်း တိုက်ဝယ်၊ ယာပိုက် လေးအင်၊ မျှစဉ်တွင်၌၊ သခင် ကဝိ၊ သာရိပုတ္တရာ၊ ထေရ်မြတ်စွာလျှင်၊ သံသာ မဆူ၊ ရှေးဘဝက၊ စစ်မ, သဘင်၊ အောင်ပွဲ ဆင်၍၊ အောင်မြင် သီးသီး၊ အောင်သံချီးလျက်၊ ရှားမီး ရည်ဘိ၊ ဉာဏ်ရောင်ညိဟု[4]၊ ဝိဝရတ၊ စသည် ဂါထာ၊ ရတနာပွင့်ညီ၊ ရွှေကုံးသီသို့၊ နန္ဒီသေန၊ ရှေးက အမတ်၊ ဖြစ်သောဇာတ်ကို၊ ဟောမှတ် သွယ်ဖြာ၊ ဒေသနာသည်၊၊ သေနာပတိ ကျင့်ရေးတည်း။။