Page:နန္ဒီသေနပျို့.pdf/37

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၄
လက်ဝဲသုန္ဒရ
 

၈၄။။ မင်းနှစ်ပါး၏၊ ဆီးတား နှိုးဆော်[1]၊ တပ်မတော် က၊ မကြော်,မညံ၊ အသံမထွက်၊ လက်နက် မလွှတ်၊ ညီညွတ်ကြစွာ၊ မင်း အာဏာနှင့်၊ မှတ်စာ ရိပ်ခြည်၊ မပြသည်ကြောင့်[2]၊ တိုက်စည် မနှိုး၊ ရှေ့မတိုးပဲ၊ မစိုး,မရိမ်၊ တပ်လုံး ငြိမ်၏။ တပ်သိမ်,တပ်ငယ်၊ တပ်စွယ်,တပ်ရံ၊ တပ်ခံ,တပ်ပေါင်း၊ တပ်လက်စောင်းမူ၊ နှစ်ကြောင်းသွယ်ထား၊ နှစ်ဖက်သားပင်၊ စိမ်းစားမည့်ယောင်၊ လက်နက်စောင်၍၊ ဟန်ဆောင် ထွက်,ဝင်[3]၊ ရေးရာ ဆင်သည်၊၊ကောင်းကင်,မြေမှုန့် ထောင်းထောင်းတည်း။

၈၅။။ တပ်တာ ခင်းကျင်း၊ တပ်စွယ်ချင်းတွင်၊ တပ်မင်း,တပ်ချုပ်၊ တပ်အုပ်,တပ်သား၊ တပ်တော်ဖျားက၊ ကစား ခုံမင်၊ အလျင်,အနှေး၊ ဟန်ပန်ပေး၍၊ စစ်ရေး ငင်ချိန်၊ ထို အရှိန်တွင်၊ ကလိင်္ဂစော၊ မြတ်မုနောကို၊ စောင့်သော နတ်ကျော်၊ စစ်ကူဘော်ကား၊ ရှေ့တော်က ဆောင်၊ နွားအယောင်လျှင်၊ ဖြူရောင် ဆင်းဝါ၊ ထွက်ပေါ်လာသော်၊ နရာဓိပ[4]၊ အဿကလည်း၊ လှံမ,တော် စွဲ၊ ကိုယ်တော် နွှဲ၍၊ ရဲရဲ တောက်ထိန်၊ ဝရဇိန်သို့၊ လက်ချိန် ကိုင်,မိုး၊ ပစ်လိုက်ထိုးက၊ ထစ်ကြိုး အသံ၊ တော်ဟည်း ညံ ၏[5]။ ရွှေလှံ လွှတ်ရာ၊ ရဲ,ဗိုလ်ပါတို့၊ ကြော်ငြာ အားကြိုး၊ ဝန်း၍ ထိုးက၊ နတ်မျိုး ဒေဝ၊ ဥသဘလည်း၊ ရှ,န တုံးလုံး၊ သေလေဆုံးသော်၊ မရုံးကြနိုင်၊ တပ်ဦး ယိုင်သည်၊၊ မခိုင်,မြေလုံး နိမ့်နိမ့်တည်း။

၈၆။။ မတည်မရပ်၊ ကိုယ်စီကြပ်လည်း၊ တတပ်ရိပ်ခြည်၊ တတပ် တည်၍၊ ဖြစ်မည်မထင်၊ ကြောက်စိတ်ဝင်မှ[6]၊ မရွှင်မပျ၊ စစ်ခြေကြွသော်၊ အဿကမင်း၊ စောရန်ခွင်း၏၊ ကျွန်ရင်း ရဲဘော်၊ စစ်သည်တော်တို့၊ ထို ရော် စိုက်စိုက်၊ ဖိစီး တိုက်သော်[7]၊ တောင်ဝိုက်,မြောက်ဝေ့၊ တပ်ပေါင်းရွေ့


  1. ထိန်းထား နှိုးဆော် (မြန်, ဟံ)
  2. မပြုသည်ကြောင့် (မြန်)
  3. လက်နက်ဆောင်၍၊ မြောက်,တောင်, ထွက်,ဝင် (ဦး)
  4. နရာဒိပွ (ဦး)
  5. အဿကလည်း၊ လှံမ,တော် စွဲ၊ ကိုယ်တော်ခဲ၍၊ ရဲရဲ တောက်ထိန်၊ လက်(နက်)
    စိန်သို့၊ လှံချိန်၍ လွှတ်၊ ဘယ်မှာ လွတ်အံ့။ တိမ်းညွတ်တိုင်းမိုး၊ ပစ်လိုက်ထိုးက၊
    ထစ်ကြိုးအသံ၊ တော်ဟည်းညံနှင့် (မြန်, ဟံ)
  6. တတပ်ရိပ်ခြည်၊ တတပ်လည်၍၊ ဖြစ်မည်အထင်၊ ကြောက်စိတ်ဝင်မှ (မန်း)
  7. ဖိစီးလိုက်သော် (မြန်, ဟံ)