၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ

From Wikisource
Jump to navigation Jump to search
၁၉၈၉ နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ  (1989) 
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများလည်းရှု
ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
နိုင်ငံတော်အလံနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နည်းဥပဒေများအမှတ် ၂/၈၉]
ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၇ ရက်

(၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤနည်းဥပဒေများကို နိုင်ငံတော်အလံ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများဟု ခေါ်တွင် စေရမည်။

၂။ နိုင်ငံတော်အလံနည်းဥပဒေများတွင် နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ဂ) ကို အောက်ပါနည်းဥပဒေခွဲ ဖြင့်အစားထိုးရမည်-

“(ဂ) နိုင်ငံတော်အလံကို အစိုးရအဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများ၊ အခမ်းအနားကျင်းပသည့်နေရာများတွင် အလုပ်လုပ်ရက်အားလုံး၌ လွှင့်ထူနိုင် သည်။”

(ပုံ) စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့